Mi6x

Words
623
Reading
3 min
Listen
Play
8y

Mi 6x ကို အကြို သုံးသပ်ကြည့်ခြင်း။

Xiaomi က မနေ့ April 25 ရက်နေ့မှာ Mi 6x ကို မိတ်က်ခဲ့ပါတယ်။ လှမ်းလှမ်းတောက် အောင်မြင်ခဲ့တဲ့ Mi 5x ရဲ့ နောက်ဆက်တွဲ Model ဖြစ်တာကြောင့် စိတ်ဝင်တစား လေ့လာစောင့်ကြည်သူတွေကလည်း ဒုနဲ့ဒေးပါ။ Xiaomi ကလည်း Mi 6x ကို မထွက်ခင်တည်းက ကြော်ငြာတွေနဲ့ အတော်ညွှန်းထားပါတယ်။ ဒီတော့ Mi 6x ကို မြန်မာပြည်မရောက်ခင် အကြိုသုံးသပ် လေ့လာကြည့်ရအောင်။

  • Design
    Xiaomi တို့က Mi 6x အတွက် Design ကြေး အတော်ကုန်သွားနိုင်လောက်ပါတယ်။ (ဒါ ရွှဲ့ပြောတာ) Redmi Note 5 pro ကစခဲ့တဲ့ iPhone X ဆန်ဆန် Camera ဒေါင်လိုက် Design က အခု Mi 6x အထိ ဒီ Design အတိုင်းပါပဲ။ ကျန်တဲ့ Body အချိုး ပုံစံကတော့ Mi 5x နဲ့ ဆင်သယောင်ယောင်ပါ။ Mi 5x ထက် Design ပြောင်းတာက Camera ဒေါင်လိုက်ရယ် ၊ အောက်ဘက်က နားကြပ်ပေါက် နေရာမှာ Speaker လို အပေါက်ဖြစ်သွားတာနဲ့ ရှေ့ဘက် မျက်နှာပြင် 18 : 9 Ratio ဖြစ်သွားတာပါ။ Body အသားကတော့ သတ္ထု (Metal) ဖြစ်ပြီး ပါးလွှာမှု့ကတော့ Mi 5x နဲ့ အတူတူပါပဲ။ (7.3 mm)

  • Display
    ခေတ်စားနေတဲ့ 18 : 9 Ratio (Full Screen Display) နဲ့ပါ။ မျက်နှာပြင်အကျယ် 5.99 လက်မ ရှိပြီး IPS LCD အမျိုးအစား Display နဲ့ပါ။ Resolution ကတော့ Full HD+ (2160 x 1080 Pixels) ဖြစ်ပြီးတော့ Mi 5x ထက်တော့ အနည်းငယ် ရုပ်ထွက် စိုနိုင်ပါတယ်။ အနှစ်ချုပ်ရရင် Display က သာမန်ပါပဲ။

  • Camera
    ပထမဆုံး နောက်ကျောဘက်က Dual Camera အကြောင်း စပါမယ်။ နောက်ဘက်က Dual Camera မှာ 20 Megapixels နဲ့ 12 Megapixels ရှိပါတယ်။ အသုံးပြုထားတဲ့ Sensors တွေကတော့ Sony IMX486 နဲ့ Sony IMX376 တို့ ဖြစ်ပြီး Aperture က နှစ်ခုလုံး f/1.75 ရှိပါတယ်။ Dual Camera ထဲမှာမှ Secondary Lens က Telephoto ဖြစ်ပြီး 2x Loseless Zoom နဲ့ ပုံရိပ်တွေကို ဖမ်းယူနိုင်မှာပါ။ အရှေ့ဘက် Camera ကတော့ 20 Megapixels ရှိပြီး Sony IMX376 Sensor ဖြစ်ကာ Aperture အနေနဲ့ f1.8 ရှိပါတယ်။ Selfie Camera ကို Megapixels မြင့်မြင့် သုံးထားပေမယ့် Selfie Light တော့ မပါဝင်ပါဘူး။ ဒါပေမယ့် Selfie မှာလည်း AI နည်းပညာပါဝင်ပြီးတော့ Camera တစ်လုံးတည်းပေမယ့် Dual Camera တွေလို Portrait Selfie ပုံတွေကို ရိုက်ကူးနိုင်ပါတယ်။ ဒါတင်မက Face Unlock အတွက်လည်း အသုံးပြုနိုင်ပြီး ဖုန်းကို မိမိရဲ့ မျက်နှာနဲ့ Unlock ပြုလုပ်နိုင်မှာပါ။

ဒါကြောင့် Camera ပိုင်းကို ခြုံငုံ သုံးသပ်ရရင် Xiaomi ဟာ Mi 6x မှာ Camera ပိုင်းကို အားပိုထည့်ထားပါတယ်။ နောက်ကျောဘက်က Dual Camera မှာ AI နည်းပညာပါဝင်ပြီးတော့ ရာသီဥတု နဲ့ အလင်းအမှောင် စတဲ့ အမျိုးအစား 206 မျိုးကို အလိုအလျှောက် ထိန်းညှိပေးပြီး ကောင်းမွန်ပြေပြစ်တဲ့ ဓါတ်ပုံတွေကို ရိုက်ကူးရယူနိုင်မှာပါ။

Camera ပိုင်းမှာ ဒါ့ထက်ထူးသေးတာ ရှိပါသေးတယ်။ အဲ့ဒါကတော့ Camera က မြင်သမျှ အင်္ဂလိပ် ၊ ပြင်သစ် ၊ ဂျာမန် ၊ ဂျပန် ၊ ကိုရီးယားနဲ့ အိန္ဒိယ စာလုံးတွေကို တချိန်တည်းမှာ (Real-Time Translations) အနေနဲ့ ဘာသာပြန်ပေးနိုင်တာပါ။ ဒါပေမယ့် ဝမ်းနည်းစရာတစ်ခုက အဆိုပါဘာသာစာလုံးတွေကို တရုတ်စာနဲ့ပဲ ပြန်ပေးမှာပါ။
(တရုတ်စာ နားလည်သူနဲ့ တရုတ်တွေအတွက်တော့ ဒီ Features က အသုံးတည့်တာပေါ့။)

  • စွမ်းဆောင်ရည်
    ဖုန်းတွေမှာ အရေးအပါဆုံးကတော့ စွမ်းဆောင်ရည်ပါ။ ဒီလိုစွမ်းဆောင်ရည် ကွာခြားချက်ပေါ်မူတည်ပြီး ဖုန်းဝယ်ယူတဲ့အခါ စဉ်စားရွှေးချယ်သင့်ပါတယ်။ အခု Mi 6x မှာ Snapdragon 660 Chipset ကို အသုံးပြုထားပြီး AIE ဆိုတဲ့ Artificial Intelligence Engine လဲ ပါဝင်ပါတယ်။ Mi 6x ကို လူသိများတဲ့ AnTuTu နဲ့ စစ်ဆေးချက် ရမှတ်က 139697 မှတ်ဖြစ်ပြီး သူ့အရှေ့က Mi 5x ထက်စာရင် Performance က 79% နီးပါးပိုမိုကောင်းမွန်သွားတယ်လို့ အကြမ်းဖျင်း မှတ်ယူနိုင်ပါတယ်။ Mi 5x ထက် Mi 6x မှာအနည်းငယ် ကောင်းမွန်နေတာကတော့ Camera ပိုင်းနဲ့ AI နည်းပညာအပိုင်းပါ။

Mi 6x ကို RAM 4/6 GB နဲ့ Internal Memory 64/ 128 ဆိုပြီး ထုတ်လုပ်ထားပါတယ်။ Storage ပါဝင်မှု့က သင့်တင့် ကောင်းမွန်ပါတယ်။ Battery ကတော့ 3010 mAh ပဲပါဝင်ပေမယ့် Quick Charge 3.0 18W Fast Charging စနစ်ကြောင့် မိနစ် 30 (နာရီဝက်) အတွင်း 50% ထိ အားသွင်းနိုင်တယ်လို့ Xiaomi တို့က ဆိုထားပါတယ်။ ဒါတင်မက Battery အပိုင်းမှာလည်း AI Smart Powering Function ပါဝင်မှာမို့ Battery အပိုင်းကို သိပ်ပြီး စိုးရိမ်စရာ မလိုပါဘူး။

Operation System ကိုတော့ Android Version 8.1 (Oreo) မောင်းနှင်မှာဖြစ်ပြီး UI ကတော့ MIUI 9.5 နဲ့ပါ။ ဒါတင်မက Mi 6x မှာ Mi Mix 2S မှာ ပါရှိတဲ့ Google Voice Assistant လို Xiao AI Voice Assistant ပါဝင်ပါတယ်။ စိတ်မကောင်းစရာက ဒီ Xiao AI Voice Assistant ကတော့ တရုတ်လိုပြောမှ ရမှာပါ။

  • ဈေးနှုန်း
    မိတ်ဆက်ပွဲမှာ Xiaomi က ကြေငြာခဲ့တဲ့ Mi 6x ရဲ့ ဈေးနှုန်းကတော့

  • RAM 4 GB နဲ့ Internal Memory 64 GB က
    တရုတ်ငွေ 1599 ယွမ် (မြန်မာငွေ 3 သိန်း 4 သောင်း ဝန်းကျင်)

  • RAM 6 GB နဲ့ Internal Memory 64 GB က
    တရုတ်ငွေ 1799 ယွမ် (မြန်မာငွေ 3 သိန်း 8 သောင်း ဝန်းကျင်)

    • RAM 6 GB နဲ့ Internal Memory 128 GB က
      တရုတ်ငွေ 1999 ယွမ် (မြန်မာငွေ 4 သိန်း 3 သောင်း ဝန်းကျင်) ရှိပါတယ်။

မှတ်ချက်။ ။ ဈေးနှုန်းတွေက မူရင်းဈေးအတိုင်း တွက်ပြထားတာဖြစ်ပြီး မြန်မာကို ရောက်လာရင်တော့ အနည်းငယ် ကွဲလွဲနိုင်ပါတယ်။

  • အကျဉ်းချုပ်
    Post လဲ အတော်ရှည်နေတော့ အကျဉ်းချုပ်ရအောင်။ ခုလောက်ဆို Mi 6x ကို ဝယ်သင့် ၊ မဝယ်သင့် တွေဝေစဉ်းစားနေလောက်ပါပြီ။ ဒီအတွက် လေ့လာမိသလောက် အကြံပြုရရင် Mi 6x ဟာ ကောင်းမွန်တဲ့ Camera ၊ ကောင်းမွန်တဲ့ စွမ်းဆောင်ရည် နဲ့ AI နည်းပညာအပြင် ဈေးနှုန်းအရ သင့်တင့်သေးတာမို့ သာမန် ဖုန်းသုံးစွဲသူတွေနဲ့ ဓါတ်လှလှ ဖမ်းချင်သူတွေ (အထူးသဖြင့် မိန်းကလေးတွေ) ကတော့ ဝယ်ယူသင့်ပါတယ်။

ခြွင်းချက်အနေနဲ့ Gamer တွေကတော့ Gaming အတွက် မဝယ်ယူသင့်သေးပါဘူး။ ပါဝင်တဲ့ Battery က 3010 သာ ရှိပြီး Quick Charge 3.0 ပါတယ်ပဲပြောပြော လုံလောက် စိတ်ကျေနပ်စေမှာ မဟုတ်ပါဘူး။ Graphic ကလည်း Adreno 512 ပါ။ Metal Body ဖြစ်ပြီး ပါးလွှာကာ Cooling System မပါရှိတာကြောင့် Game ဆော့ရင် ဖုန်းက အပူတော့ ထုတ်နိုင်ပါတယ်။

တကယ်တော့ Xiaomi ရဲ့ Mi 6x က Camera ပိုင်းကို အများဆုံး အဓိကထားပြီး ထုတ်လုပ်ထားတာဖြစ်တာကြောင့် ဓါတ်လှလှဖမ်းလိုသူနဲ့ Selfie လှလှ ရိုက်လိုသူ ကိုကို မမများက ဝယ်ယူသင့်ပါကြောင်း။ image

Mi6x | Ecency