မကြာမီ ထွက်ရှိလာမည်ဟု ယူဆရတဲ့ iPhone SE 2 ရဲ့ ခန့်မှန်းပုံရိပ် ထွက်ပေါ်လာ
Apple ရဲ့ iPhone SE ကို လူကြိုက်များပါတယ်။ အခု မကြာမီ မိတ်ဆက်မယ်လို့ ယူဆရတဲ့ iPhone SE 2 ရဲ့ ခန့်မှန်း Design ပုံရိပ် ထွက်ပေါ်လာပါတယ်။ Design အရ ဝမ်းသာရမှာက iPhone ရဲ့ မူလ Design ဖြစ်တဲ့ ထောင့်ကျကျ Design မို့ပါ။ ဒါပေမယ့် စိတ်မကောင်းစရာက နားကြပ်ပေါက် မပါလာပါဘူး။ ဒီလို နားကြပ်ပေါက် မပါလာတော့ Water Resistance ဖို့ များပါတယ်။
လောလောဆယ် Specification နဲ့ ခန့်မှန်းဈေးနှုန်းကို မသိရသေးပါဘူး။