အလုပ်ပေါများခြင်း
ယခုအခါ စက်ကိရိယာ၏ အစွမ်းကြောင့်
ကုန်ပစ္စည်းအထွက်များ၏။ ဆိုင်များမှာလည်း
ကုန်ပစ္စည်းကြပ်လျက် နေကြ၏။
အရောင်းတတ်သူသည် ထိုပစ္စည်းများကို
ဖောက်သည်ဈေးနှင့် ပြောဆိုစီစဉ်ကာ
ရှေးဦးပထမ အနည်းငယ်ဝယ်ယူ၍
ကိုယ်တိုင်စပ်ဟပ် ရောင်းချပြီး
တွင်သလောက် ထပ်ခါထပ်ခါ
အခေါက်ခေါက် ယူချေက နောင်တစ်စတစ်စ
အစွမ်းသတ္တိနှင့် ရိုးမှန်ကြောင်း လက်ကား
ဆိုင်ကြီးများက သိသောအခါ
မြှောက်မြားစွာ လဆိုင်းနှင့် ရနိုင်သောအခြေအနေသို့ ရောက်နိုင်လေသည်။
ယခုအခါမှာ ရောင်းသူကိုမည်သူမျှ
မကဲ့ရဲ့ရုံမျှမက ချီးမွမ်းခြင်းကိုပင်
ပြုကြလေရာ ရှက်၍ဆင်းရဲလျှင် မည်သူမျှ
သနားဖို့မရှိချေ။ အများရောင်း၍
မထွက်သောကုန်ကို ငါတွင်အောင်
ရောင်းမည်ဟူသော ထူးချွန်သောသတ္တိကို
ရအောင်ကြိုးစားသူမှာ တောတောင်ကိုထွက်၍
ရွှေငွေကျောက်သံရှာသူ ရွှေဖြစ်ငွေဖြစ်
အဂ္ဂိယတ်ထိုးသူထက် ကြီးပွားချမ်းသားဖို့
သေချာလေသည်။