How to storage vegetable seeds

Words
287
Reading
2 min
Listen
Play
8y

image

" ဟင်းသီးဟင်းရွက်မျိုးစေ့များအား သိုလှောင်သိမ်းဆည်းခြင်း "

ဟန်ဖြိုးအောင် (ဥယျာဉ်ခြံ)

ဟင်းသီးဟင်းရွက်များသည် လူတို့အတွက်လိုအပ်သော အဖိုးတန် ဗီတာမင်နှင့် သတ္တုဓာတ်များကို ထောက်ပံ့ပေးကြသည့်အပြင် စီးပွားဖြစ်စိုက်ပျိုးနိုင်သော သီးနှံများလည်း ဖြစ်သည်။ စိုက်ပျိုးသူများအနေဖြင့် မိမိတို့စိုက်ပျိုးရရှိသော ဟင်းသီးဟင်းရွက်တို့မှ ရလာသည့် မျိုးစေ့များကို ကိုယ်တိုင်သိုလှောင်သိမ်းဆည်းထားနိုင်ပါက မိမိတို့ဒေသနှင့် ကိုက်ညီသည့် ယုံကြည်စိတ်ချရသည့် အရည်အသွေးကောင်းဒေသမျိုးများကို အလုံအလောက်ရနိုင်ပြီး မျိုးစေ့အတွက် ကုန်ကျစရိတ်လည်း သက်သာနိုင်ပေသည်။

*ကောင်းကျိုးများ
(1) မျိုးစေ့များအား မှန်ကန်နည်းစနစ်ကျသော ပြုပြင်စီမံခြင်းနှင့် သိုလှောင် သိမ်းဆည်းခြင်းသည် မျိုးစေ့များ၏ အစေ့အအညှာက်ပေါက်နှုန်းကို ကောင်းစေသည်။
(2) မျိုးစေ့စရိတ်သက်သာစေ၍ အမြတ်ပိုမိုရရှိစေသည်။
ကိုယ်တိုင်သိုလှောင်ထားသဖြင့် လိုအပ်သည့်အချိန်တွင် စိုက်ပျိုးရန်ရရှိနိုင်သည်။

*ဆိုးပြစ်များ
(1) ရောဂါကျနေသော အပင်များဖြစ်ပါက သိုလှောင်မည့်အစေ့များသည် အရည်အသွေး ညံ့၍ ရောဂါများလည်း ပျံ့နှံ့နိုင်သည်။
(2) စပ်မျိုးပင်များမှ ပြန်မျိုးခံရန် မသင့်တော်ပေ။

*လိုအပ်သောပစ္စည်းများ
(1) ဓါး၊ ရေခွက်/ရေဗူး၊ ရေပုံး၊ ဇကာ၊ ပလပ်စတစ်အစ (သို့) အဝတ်အစ၊ လေလုံသည့် ပုလင်း/ဗူး၊ ရေ
(2) ရင့်မှည့် (သို့) ခြောက်သွေ့နေသော အသီး/အသီးတောင့်

*အစေ့များအား ပြုပြင်စီမံခြင်း
(က) မျိုးစေ့အစိုများပါသော အသားထူသည့် အသီး/အသီးတောင့်အား ပြုပြင်စီမံခြင်း
ဥပမာ - ခရမ်းချဉ်၊ ခရမ်း၊ ဗူးဖရုံသခွား
(1) ကျန်းမာသန်စွမ်း၍ ရောဂါကင်းသော မိခင်အပင်မှ အလွန်ရင့်မှည့်နေသော အသီးကို ရွေးချယ်ပါ။
(2) ခွက် (သို့) ဗူး တစ်ခုထဲသို့ အစေ့နှင့် အရည်များကို ညှစ်ချ၍ လုံအောင်တင်းကျပ်စွာ ပိတ်ပါ။
(3) ၄-၇ ရက်ကြာသောအခါ ဗူးအတွင်းရှိ အစေ့နှင့် အရည်များသည် အနည်းငယ် အချဉ်ပေါက်လာမည်။
(5) ထိုအချဉ်ပေါက်နေသော ဗူးကို ညင်သာစွာလှုပ်ခါ၍ ရေပုံးတစ်ခုထဲသို့ လောင်းချပါ။
(6) ရေအသန့်ကို ပုံးထဲလောင်းထဲ့လိုက်ပါက အောင်သောအစေ့များသည် ရေထဲတွင်မြုပ်နေ၍ မအောင်သောအစေ့များသည် ရေပေါ်တွင်ပေါလောပေါ်နေမည်။
(7) ရေပုံးထဲမှ ရေနှင့် မအောင်သောအစေ့များကို သွန်ချပါ။
(8) အောင်သော အစေ့များ ကျန်ခဲ့ရမည်။
၎င်းအောင်သောအစေ့များကို ရေဆေး၍ အဝတ်စထဲတွင် ၂-၄ ရက်ကြာ ခြောက်သွေ့အောင်ထားရမည်။

(ခ) မျိုးစေ့အခြောက်များပါသော အသားထူအသီး/အသီးတောင့်အား ပြုပြင်စီမံခြင်း
ဥပမာ - ငရုတ်၊ ရုံးပတီကဲ့သို့သော ဟင်းသီးဟင်းရွက်များ
(1) အသီး/အသီးတောင့်တစ်ခုလုံးအား အဝတ်စထဲထည့်၍ အခြောက်ခံပါ။
(2) အစေ့များထွက်လာစေရန် အိတ် (သို့) ဖျာပေါ်တွင် ၂-၃ ရက်ကြာ ခြောက်သွေ့အောင် ထားပါ။
(3) အဖျင်းအမှော်များ၊ ပေါင်းစေ့များနှင့် အခြားရောနှောပါဝင်နေသည့် အရာများကို ဖယ်ရှားရန် ပြာလှေ့ သန့်စင်ပါ။

image

(ဂ) အစေ့ခြောက်များ
(1) အသီး/အသီးတောင့်ကို အိတ်ထဲထည့်၍ အစေ့များထွက်လာအောင် ရိုက်ပုတ်ပါ။
(2) အစေ့များထွက်လာစေရန် အိတ် (သို့) ဖျာပေါ်တွင် ၂-၃ ရက်ကြာ ခြောက်သွေ့ အောင်ထားပါ။
(3) အဖျင်းအမှော်များ၊ ပေါင်းစေ့များနှင့် အခြားရောနှောပါဝင်နေသည့် အရာများကို ဖယ်ရှားရန် ပြာလှေ့ သန့်စင်ပါ။

*အစေ့များအား သိုလှောင်သိမ်းဆည်းခြင်း
မျိုးစေ့အားလုံးအတွက် ဖြစ်ပါသည်။
(1) ခြောက်သွေ့သောမျိုးစေ့များအား လေလုံသောသံဗူး၊
(2) ပုလင်းစသည်ထဲတွင်ထည့်၍ အေးမြခြောက်သွေ့သောနေရာတွင် သိုလှောင်ပါ။
(3) ဗူး/ပုလင်းတွင် အပင်အမျိုးအစားနှင့် ရိတ်သိမ်းယူခဲ့သည့် ရက်စွဲကို ရေးမှတ်ထားရမည်။
(4) အစေ့များအား ခြောက်သွေ့နေစေရန် မီးဖိုမှရသည့် အေးနေသောပြာဖြင့် ရော၍ ထားရမည်။
(5) အင်းဆက်ပိုးမွှားများရန်မှ ကာကွယ်ရန် မျိုးစေ့ ၁ ကီလိုဂရမ်တွင် တမာ ပိုးသတ်ဆေးမှုန့် လက်ဘက်စားဇွန်း ၃-၄ ဇွန်းရောနယ်ပါ။
(6) တမာပိုးသတ်ဆေးမှုန့်အစား ငရုတ်သီးမှုန့်ကိုလည်း အသုံးပြုနိုင်သည်။

*ဆောင်ရန်များ
(1) ကျန်းမာသန်စွမ်းသော အသီးမှရသည့် ရင့်မှည့်ခြောက်သွေ့သော အစေ့ကိုသာ သုံးပါ။
(2)အစေ့ကိုရေဆေးရာတွင် သန့်သောရေကိုသာ သုံးပါ။
အစေ့များကို အရိပ်ထဲတွင်သာ အခြောက်ခံပါ။
(3)ရောဂါကျနေသည်ဟုထင်ပါက ဓာတုဆေးတမျိုးမျိုးဖြင့် စီရင်နိုင်ပါသည်။
သိမ်းဆည်းပြီး ၃-၆ လကြာမှ စိုက်ပျိုးပါ။

*ရှောင်ရန်များ
(1)မီးဖိုသုံး၍ အခြောက်မခံပါနှင့်။
မိုးရာသီတွင် မျိုးစေ့ပြုပြင်စီရင်ခြင်း မပြုလုပ်ပါနှင့်။
(2)သိုလှောင် သိမ်းဆည်းရာတွင် ၃ နှစ်ထက် မကြာမြှင့်စေရ။
(3)မသိုလှောင်မီ မျိုးစေ့အား မြေကြီးနှင့် မထိတွေ့ရ။

image

ဟန်ဖြိုးအောင် (ဥယျာဉ်ခြံ)
11:20 PM
22-8-2009 (Sat)

References # “Storing vegetable seeds”

Photo Credit # Google Image

Mso- 34 (aungpaing@aungpaing)

How to storage vegetable seeds | Ecency