How to loss your weight

Words
154
Reading
1 min
Listen
Play
9y

image

သာမန်ထက် ၀နေသောကြောင့် ရံဖန်ရံခါ သို့မဟုတ် မကြာခဏ စိတ်ဓာတ်ကျတတ်သောသူများသာ ဖတ်ရန် အတွက်သာ ရည်ရွယ်သော်ငြားယေဘုယျအားဖြင့် တစ်ခြားအကြောင်းအရာများကြောင့် စိတ်ဓာတ်ကျတတ်သောသူများလည်း ဖတ်ရန် သင့်တော်ပါသည်။

image

သင်သည် မ၀သော်လည်း စိတ်ဓာတ်ကျတတ်ပါက၊ ကွင်းစ ကွင်းပိတ်ထဲမှ စာများကို ဖတ်ရန် မလိုပါ။)

၁။
နာတာရှည်ရောဂါ (ဥပမာ အ၀လွန်သောကြောင့် ဖြစ်တတ်သည့် ဆီးချိုသွေးချို၊နှလုံး၊သွေးတိုး စသည့်) မရှိပါက၊ ထိုသို့မရှိခြင်းအတွက် အစားအသောက်၊ အနေအထိုင်မှန်ကန်စွာ ကျင့်ကြံခဲ့သော မိမိကိုကိုယ် ဂုဏ်ယူပါ။

၂။
မိမိနှင့်တစ်ခြားသူ ယှဉ်ပြိုင်ခြင်းမပြုပါနှင့်။

(ဥပမာ လေ့ကျင့်ခန်းလုပ်သော်ငြား၊ အစားအသောက်စနစ်တကျစားသော်ငြား၊ ၀တ်မှုန်ရွှေရည်ကဲ့သို့ ကိုယ်လုံးမရသောကြောင့် စိတ်ညစ်ရန် မလိုပါ။)

၃။
သင့်မှာရှိသော သင်၏ကံကောင်းခြင်းများအကြောင်းသာ စဉ်းစားပါ။ သင့်မှာမရှိသော သူတပါး၏ကံကောင်းခြင်းများအကြောင်း စဉ်းစားရန်မလိုပါ။
(ဥပမာ - သင်၏ကံကောင်းခြင်းများအနေဖြင့် - သင်သည် ၀ နေသော်လည်း စာဖတ်နိုင်သည်။ နေထိုင်စားသောက်လှုပ်ရှားရန်အတွက် သူတပါးအား အားထားရန်မလို။ စသည်တို့သာ စဉ်းစားရန် လိုသည်။

သူတပါး၏ကံကောင်းခြင်းများဖြစ်သည့် ထိုသူ အကျီင်္ဆိုဒ် နံပါတ် ၂ ၀တ်နိုင်သည်။ လှေကားအထစ်၂၀၀ကျော်ကို မမောမပန်း တတ်နိုင်သည်။ စသည့် သူတပါး၏ကံကောင်းခြင်းများကို စဉ်းစားရန် မလိုပါ။ သူတပါး၏ ကံကောင်းခြင်းများကို စဉ်းစားနေခြင်းသည် မိမိကိုကိုယ် ညှဉ်းဆဲခြင်းသာလျင် ဖြစ်သည်။
သို့သော် မိမိ၏ ကံကောင်းခြင်းများကို စဉ်းစားလျက် သူတပါး၏ ကံကောင်းခြင်းများကို အားကျနိုင်ပါသည်။)

၎။
သိသင့်သိထိုက်သည်များကို ကိုယ့်အားကိုယ်ကိုးလျက် လေ့လာသင့်ယူပါ။
(ဥပမာ - ကယ်လိုရီရေတွက်ခြင်းများအကြောင်း၊ မည်သို့သော လေ့ကျင့်ခန်းကို ရွေးချယ်သင့်သောအကြောင်း၊ အိပ်ချိန်မည်မျရှိသင့်လျက်၊ အနာကင်းရန် မည်သို့စားသောက်ရမည်အကြောင်း စသည်များအတွက် စာအုပ်စာတမ်များ၊ အင်တာနက်စာမျက်နှာများ များစွာရှိပါသည်။)

၅။
မိမိပြုခဲ့သော အမူအကျင့်နှင့် မိမိစဉ်းစားယူဆခဲ့သော အတွေးအခေါ်များကြောင့်သာလျင် ယနေ့မြင်နေရသည့် မိမိ ဖြစ်နေကြောင်း လက်ခံပါ။
ထိုမှတဆင့် အနာဂတ်တွင် မိမိဖြစ်စေလိုသော မိမိ ဖြစ်ရန် ကြိုးစားရပါမည်။
ထိုသို့ကြိုးစားရန်အတွက် အချိန်အခါကောင်းကို စောင့်ရန်မလိုပါ။
ယနေ့ယခုအချိန်အခါသည် အကောင်းဆုံးဖြစ်ပါသည်။

(ဥပမာ - တစ်ခြားသူက စားရန် တိုက်တွန်းသော်ငြား မိမိကိုယ်တိုင် စားသောက်မှသာလျင် မိမိကိုယ်ထဲသို့ရောက်မည်ဖြစ်သည်။ တစ်ခြားသူက လေ့ကျင့်ခန်းလုပ်ရန် တိုက်တွန်းပြောဆိုသော်ငြား မိမိအသိစိတ်ဖြင့် မိမိလေ့ကျင့်ခန်းလုပ်မှသာ မိမိနေထိုင်ကောင်းမည်ဖြစ်သည်။)

Credit # Daw Bote ( Weight loss trainer )

image

#esteem
#good-karma

How to loss your weight | Ecency