my hands

Words
107
Reading
1 min
Listen
Play
9y

My hands ငါ့ရဲ့လက်​​တွေ

ငါ့ရဲ့ လက်​​တွေ အ​ကြောင်း​ပြောချင်​တယ်
ငါ့ရဲ့ လက်​​တွေဟာ တစ်​ပါးသူဆီမှာ လက်​ဝါးဖြန့်​ဖူးတယ်
ငါ့ရဲ့ လက်​​တွေဟာ လက်​သီးကျစ်​ကျစ်​ ဆုတ်​ပြီး ​လေထဲမှာ ​မြှောက်ပြ​ခဲ့ဖူးတယ်
ငါ.ရဲ့ လက်​​တွေဟာ ​ငွေစက္ကူ ​တွေ ကိုင်​တွယ်​ခဲ့ဖူးတယ်
ငါ့ရဲ့ လက်​​တွေဟာ ​လေထဲမှာ​မျောလာတဲ့ အက္ခရာ​တွေကို ဆယ်​ယူခဲ့ဖူးတယ်
ငါ့ရဲ့ လက်​​တွေဟာ အ​ပေါစား အရက်​ခွက်​​တွေကို ကိုင်​တွယ်​ခဲ့ဖူးတယ်
ငါ့ရဲ့လက်​​တွေဟာ မဖြစ်​နိုင်​ခြင်း​တွေ ပြုလုပ်​​ပေးခဲ့ဖူးတယ်
ငါ့ရဲ့ လက်​​တွေဟာ လက်​သီးဆုပ်​ပြီး ငါ့မျက်​နှာကို ပြန်​ထိုးခဲ့ဖူးတယ်
ငါ့ရဲ့ လက်​​တွေဟာ သင်​တုန်းဓားတစ်​လက်​ကို​သွေးခဲ့ဖူးတယ်
အင်း......ငါ့ရဲ့လက်​​တွေဟာ ငါထင်​သ​လောက်​ မယဉ်​​ကျေးခဲ့ပါလား
ငါ့ရဲ့လက်​​တွေဟာ ဝံပု​လွေ​တွေနဲ့ လက်​ဆွဲ နူတ်​ဆက်​ခဲ့ဖူးတယ်
ငါ့ရဲ့ လက်​​တွေဟာ စပိတ်​ကွင်းကို ဆွဲယူခဲ့ဖူးတယ်
ငါ့ရဲ့ လက်​​တွေဟာ စာမျက်​နှာသစ်​ကို လှန်​​ပေးခဲ့ဖူးတယ်
ငါ့ရဲ့ လက်​​တွေဟာ ဦး​ခေါင်းတစ်​လုံးကို ဖွင့်​ကြည့်​ခဲ့ဖူးတယ်

(သိပ်​​ကြောက်​စရာ​ကောင်းတာပဲ)

ငါ့ရဲ့ လက်​​တွေဟာ အာကာသထဲမှာ ​ထောင်​​နေခဲ့ဖူးတယ်
ငါ့ရဲ့ လက်​​တွေဟာ သူ​တောင်းစား တစ်​​ယောက်​ကို ​ပျော်​ရွှင်​​စေခဲ့ဖူးတယ်
ပြီး​တော့ ........ အံ့​စရာ ငါ့ရဲ့ လက်​​တွေဟာ
သတ္ထု ​တွေကို ​ကွေး​ကောက်​​ဟေခဲ့ဖူးတယ်
ငါ့ရဲ့ လက်​​တွေဟာ ​နေ့ခင်း​ကြောင်​​တောင်​ အိပ်​​ပျော်​​နေခဲ့ဖူးတယ်
ငါ့ရဲ့ လက်​​တွေဟာ ငါအိပ်​​ပျော်​​နေ
ချိန်​မှာ နိုး​နေခဲ့ကြဖူးတယ်
(​အော်​......ငါ့ရဲ့ လက်​​တွေဟာ ငါးတစ်​​ကောင်​မှ မဖမ်းမိခဲ့ဖူးဘူး
ငါ့ရဲ့ လက်​​တွေဟာ ဘယ်​ကျုမှ မညွှန်​ပြခဲ့ကြ​ပေဘူး
ခုထိ ​ရွှေတွင်း​တွေ ဘယ်​မှာရှိတယ်​ဆိုတာ မသိနိုင်​​သေးလို့ပဲ ။ ။
image
image

Photo crd google
SMT-1 aungmyomindin

my hands | Ecency