သော့ချက်
ငါဟာ လူသားတွေထဲက လူသားတစ်ဦးပါလား
ငါဟာ အတွေးခေါ် ဉာဏ်ပညာတွေရဲ့ လျှို့ ဝှက်ချက်ကို လိုက်ရှာနေမိခဲ့တယ်
ကားတွေဟာ နွေနေပူကြဲကြဲမှာ တစ်ဝီးဝီးသွားလို့
သူတို့ဟာ ဘယ်တော့မှ မောတယ်လို့ မညီးငြူကြဘူး
ဒါပေမဲ့ တစ်ချို့ တွေဟာ ရာသက်ပန် နားသွားကြတယ်
မုဆိုးတွေဟာ တောလိုက်ရင်းနဲ့ သားကောင်ဖြစ်သွားကြတယ်
တစ်ကယ်တော့ ငါဟာ လောကရဲ့ သားကောင်ပါ
တစ်နေ့ တိမ်တွေရဲ့နောက်ကို လိုက်ရင်းနဲ့ ငါမောပန်းလာတယ်
ငါ အနားယူဖို့လိုတယ်
မိတ်ဆွေ တစ်ချို့ ရဲ့ တီးတိုး တီးတိုး ပြောသံတွေကို ငါ သဲ့သဲ့ ကြားနေရတယ် အရာအားလုံးဟာ
သူ့နေရာနဲ့သူ အဆင်ပြေနေကြတယ်
သို့ပေမယ့် သားသတ်လွတ် စားနေတဲ့ ကျားတွေကို ငါတွေ့ခဲ့ရတယ်
ငါ အရမ်းကျောက်သွားမိတယ်
သူတိုတွေ စည်းစိမ်ဥစ္စာတွေကို
မမက်မောကြဘူး
ရေဆာနေတဲ့ လေယာဉ်ပျံ တစ်စင်းဟာ နီးစပ်ရာကွင်းကို အရေးပေါ်ဆင်းသက်ခဲ့တယ်
အော်....သူတို့တွေလဲ မောပြီလေ
မစ္စတာလေယာဉ်ပျံ ခင်းဗျားအတွက် ဂုဏ်ထူးဆောင် ဆုတံဆိပ်က ဆောင့်ကြိုနေပါတယ်
ခင်ဗျားအတွက် ဂုဏ်ယူလို့ မဆုံးပါဘူး
ဘာမှန်းမသိတဲ့ ပိတ်လှောင်နေတဲ့
အခန်းတံခါးသော့ကို ဖွင့်ရင်းနဲ့ အချိန်တွေ ကုန်ခဲ့ရတယ်
တစ်ကယ်တော့ သော့နံပါတ် (၁၁)
နှလုံးသားထဲမှာ ပျောက်ကွယ်နေခဲ့ပြီလေ
Photo crd google
SMT-1 aungmyomindin