လေ့လာစရာအ​ကြာင်းအရာ

Words
93
Reading
1 min
Listen
Play
8y

ဘုရင် Liu Bei တည်ထောင်ခဲ့တဲ့ Shu Han ဒေသ စီမံမှုမှာလည်း အဓိကကျတဲ့ နေရာက ပါဝင်ခဲ့သူဖြစ်ပါတယ်။ ဘုရင် Liu Bei က Yi ပြည်နယ်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ချိန်မှာလည်း Guan Yu က Jing ပြည်နယ်မှာ ကျန်ရှိခဲ့

image
ပြီး အုပ်ချုပ်မှုနဲ့ ကာကွယ်မှုတွေကို လုပ်ခဲ့ရပါတယ်။ ၂၁၉ ခုနှစ်အတွင်းမှာ Guan Yi ဟာ Wei ဘုရင် Cao Cao ရဲ့ အင်အားစုတွေကို တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ရပြီး Jing ပြည်နယ်ကို ကာကွယ်မှုတွေ ပြုလုပ်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း အလုံးအရင်းနဲ့တိုက်ခိုက်လာတဲ့ ရန်သူ့တပ်တွေကို မထိန်းနိုင်ခဲ့ပဲ Fancheng စစ်ပွဲအတွင်း ရန်သူရဲ့ အနိုင်ယူမှုကို ခံခဲ့ရပါတယ်။ သူဟာ ရန်သူ Sun Quan ရဲ့ အင်အားစုတွေ ဖမ်းဆီးမှုကို ခံခဲ့ရပြီး ကွပ်မျက်ခံခဲ့ရပါတယ်။ စစ်သူကြီး Guan

image
Yu ရဲ့ ဘ၀ဖြစ်စဉ်ဟာ လူအများစိတ်ဝင်စားတဲ့ အကြောင်းအရာဖြစ်ခဲ့ပြီး ၁၄ ရာစုက ထုတ်ဝေခဲ့တဲ့ Romance of the Three Kingdoms သမိုင်းစာအုပ်မှာလည်း ပါဝင်ခဲ့ပါတယ်။ သူရဲ့ လုပ်ဆောင်ချက်တွေနဲ့ ကိုယ်ကျင့်တရားတွေဟာ လူတွေအကြား ပြောစမှတ်တွင်ခဲ့ပါတယ်။ သူ့ရဲ့ သစ္စာရှိမှုနဲ့ ဖြောင့်မတ်မှုတွေဟာ လူအများလေးစားရတဲ့ အရည်အချင်းတွေဖြစ်ခဲ့ပါတယ်။

image
crd by aungmin@aungmin

လေ့လာစရာအ​ကြာင်းအရာ | Ecency