လေ့လာစရာ

aungmin(12)
Published in
#esteem
Words
61
Reading
1 min
9y
Listen to this post
~1 min

#အရည်အချင်း (၅) - အလေးထားကြောင်း ပြသပါ။

တစ်ခါတစ်ရံမှာတော့ သင့်ကို ကိုယ်ရေးကိုယ်တာကိစ္စအတွက် ရိုးရိုးသားသား၊ လေးလေးနက်နက် ရင်ဖွင့်လာမယ့် ဆယ်ကျော်သက်အရွယ် တစ်စုံတစ်ယောက်အတွက်တော့ အများကြီး သတ္တိမွေးရတဲ့ အခါမျိုး ရှိနေတတ်ပါတယ်။ အလုပ်သမား ၀န်ထမ်းအတွက်လည်း ထိုနည်းတူပါပဲ။ သင့်အနေနဲ့ ပိုပြီး ရိုးသားပွင့်လင်းတဲ့ဆက်ဆံရေးကို လိုချင်တယ်ဆိုရင်တော့ ချီးမွမ်းပေးလိုက်ပါ။ လူတွေဟာ သူတို့ကို ချီးမွမ်းတဲ့ လုပ်ရပ်တွေဆို ထပ်ကာထပ်ကာ လုပ်လေ့ရှိပါတယ်။ ဒါကြောင့် သင် သဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ တစ်ခြားသူရဲ့စကားအတွက် စိတ်ရင်းနဲ့ ကျေးဇူးတင်ပေးလိုက်ပါ။ “သင့်ရဲ့အတွေးတွေကို ကျွန်တော်နဲ့ ခုလိုမျိုး ပွင့်ပွင့်လင်းလင်း မျှဝေတဲ့အပေါ် ကျွန်တော် တကယ်ပဲ အလေးထားပါတယ်။ ကျွန်တော်တို့ နောက်ကိုလည်း ခုလိုမျိုး ထပ်ပြီး လုပ်နိုင်ဦးမယ်လို့ မျှော်လင့်ပါတယ်။” အဲ့လိုမျိုးစကားကနေ သင်တို့ရဲ့ ရေရှည်ဆက်ဆံရေးကို တည်ဆောက်သွားပြီး သင့်ရဲ့ခေါင်းဆောင်မှုကို ပြသနိုင်ပါတယ်။

67619435-084b-4287-9916-67f456b772fb.jpeg
Crd by aungmin@aungmin

လေ့လာစရာ | Ecency