ပိတောက်နဲ့အတူ ကြွေကျခဲ့တဲ့ နှလုံးသားတစ်စုံ”

aunglay(30)
Published in
#esteem
Words
112
Reading
1 min
Listen
Play
9y

ညကမိုးပြေးလေးဖွဲဖွဲရွာခဲ့တာကြောင့် မနက်ခင်းရောက်တော့ ခြံထဲမှာရှိတဲ့ ပိတောက်ပန်းတွေက သင်းပျံ့စွာနဲ့မွေးပျံ့လို့နေတယ်။
image
ဒီနေ့က သင်္ကြန်အကြိုနေ့ ဒီလိုအချိန်ရောက်တိုင်း ပိတောက်ပန်းလေးတွေ သူလာပို့နေကြ… ဒီနှစ်တော့ သူလာနိုင်မယ်ထင်တော့…

မောင်…ရင်ထဲက မြတ်နိုးလွန်းလို့ ခေါ်တဲ့နာမည်လေး ဒီနာမည်လေးကိုလည်း ထပ်ပြီးခေါ်ခွင့်ရှိဖို့ အခွင့်အရေးလေးများရဦးမယ်ဆိုရင်…
image
မနက်ဖြန် သင်္ကြန်ရောက်မှာဆိုတော့ ရတီ့ရင်ထဲမှာ ပျော်ရွှင်မှုတွေအပြည့် ရင်ခုန်လွန်းလို့ ညဘက် အိပ်မပျော်ချင်တော့ သင်္ကြန်ပိတ်ရက်ရောက်တိုင်း မောင်ပြန်လာနေကျ… သူအမြဲပြန်လာပြီး အကြိုနေ့ဆို ပိတောက်ပန်းတွေ ဝေနေအောင်လက်ဆောင်တွေ ပေးနေကျ…
image
သင်္ကြန်ရောက်တိုင်း မောင်နဲ့အတူတူ လျှောက်လည်နေကျ…မဏ္ဍပ်တွေစုံအောင် နှစ်ယောက်အတူတူ လျှောက်လည်ပြီး ပျော်စရာကောင်းတဲ့အချိန်တွေကို ဖန်တီးနေကြ။
image
သင်္ကြန်မှာပဲ ရတီကို မောင်ချစ်ခွင့်ပန်ခဲ့တယ်…သင်္ကြန်မှာပဲ မောင့် အချစ်ကိုရတီလက်ခံခဲ့တယ်… မောင်နဲ့ရတီ ချစ်သူဘဝမှာ သိပ်ကို ပျော်ရွှင်စရာကောင်းတဲ့ နေ့ရက်တွေပိုင်ဆိုင်ခဲ့

ဒေါက်…ဒေါက်..ဒေါက် ရတီရေ အိမ်ရှေ့မှာ မင်းမင်း ရောက်နေပြီ…ထွက်တွေ့လိုက်ပါဦး… ကြီးမေ တံခါး ခေါက်ပြီး လာနှိုးတော့မှ အိပ်ရာကမန်းကတန်းထပြီး ရေမိုးချိုးအလှပြင်ပြီး မောင်နဲ့တွေ့ဖို့ အိမ်ပေါ်ကဆင်း လာခဲ့သည်။

တစ်နှစ်တစ်ခါမှ ပြန်လာတဲ့မောင့်ကို သတိရလို့ မြင်မြင်ချင်းတွေ့လိုက်ရတာ ပျော်လွန်းလို့ ပြေးဖက်မိလိုက်သည်။ လွမ်းလိုက်တာမောင်ရယ် သိရလိုက်တာ။

“ရတီ…. မောင် ရတီကို ပြောစရာရှိတယ်….မောင်မြန်မာပြည်ကို ပြန်လာတာ ဒီတစ်ခါနောက်ဆုံးပဲ မောင် နိုင်ငံခြားမှာပဲ အခြေချတော့မယ်..ပြန်လာဖြစ်မှာမဟုတ်တော့ဘူး..”

“ဘာစကားပြောလိုက်တာလဲမောင်…ရတီ့ကိုရော မောင်မစဉ်းစားတော့ဘူးလား…”

“ မောင်ရတီကို ပြီးခဲ့တဲ့နှစ်တွေကတည်းက မောင့်နောက်လိုက်ခဲ့ဖို့ ခေါ်ခဲ့ပါတယ်..ဒါပေမဲ့ ရတီက ဒီမှာပဲ နေချင်တဲ့သူလေ..ရတီ့မိသားစုကို မခွဲနိုင်ဘူးဆို…”

ရတီပြောစရာစကားမရှိတော့ မောင်နဲ့ချစ်သူသက်တမ်းဖြစ်ခဲ့တဲ့ သုံးနှစ်မြောက်နွေရာသီက ရတီ့ရင်ကိုပါ ပူလောင်စေခဲ့ပြီလား…

မောင်နဲ့ ရတီက မချစ်တော့လို့ ခွဲခွာခဲ့ကြတာမဟုတ်ပါဘူး…ဘယ်လိုမှအဆင်မပြေနိုင်တဲ့ ကံကြမ္မာ အလှည့်အပြောင်းတစ်ခုက ချစ်သူနှစ်ဦးကို ဝေးစေခဲ့တာပါ။

မောင့်ကို ချစ်တဲ့နှလုံးသားနဲ့ အသက်ဆက်သွားမယ့်ရတီဆိုတဲ့ မိန်းကလေးက နောက်ဘဝတွေမှာပါ မောင်နဲ့မဝေးရဖို့ အမြဲတောင်းဆုခြွေရင်း စောင့်နေမှာပါ။

ပိတောက်နဲ့အတူ ကြွေကျခဲ့တဲ့ နှလုံးသားတစ်စုံ” | Ecency