သြော်....ဘာလိုလိုပါပဲ

Words
85
Reading
1 min
Listen
Play
9y

image
သြော်...ဘာလိုလိုနဲ့ နွေဆိုတဲ့ ပူလောင်ပြီး
နေရခက်တဲ့ ရာသီကိုတောင် ရောက်လာခဲ့ပြီ.....
"နွေ"ဆိုတာကို လူတွေက တင်စားထားတာ တွေ့ရတယ်။
ဥသြငှက်ကလေးတွေရဲ့ အသံကိုကြားရပြန်တော့
စိတ်ထဲက
ဘယ်ကိုလွမ်းရမလဲတော့ မသိဘူး
ဒါပေမဲ့ လွမ်းသလိုလိုပါပဲ
ကုတင်ဘေးမှာရှိတဲ့ ဆေးပေါ့လိပ်ကလေးကို
ကောက်ကာမီးညှိပြီး ဖွာလိုက်တယ်
ဆေးပေါ့လိပ်သာ ကုန်သွားတယ်
ဘာလုပ်ရမလဲ စဉ်းစားလို့ မရပြန်ဘူး
သြော်....ဘာလိုလိုပါပဲ....

လက်ပန်ပင်အောက်က လက်ပန်ပွင့်ကလေးများကို
ကောက်နေကြတဲ့ ကောင်မလေးတွေကို မြင်ရတော့
စိတ်ထဲကတစ်မျိုး....
သူတို့လေးတွေ ပျော်ရွှင်နေတာ တွေ့ရတော့လည်း
စိတ်ထဲမှာ ကြည်နူး သလိုပဲ...
အပျော်ဆိုတာ ကူးစက်တတ်တာပါပဲလေ
အတွေးလေးတွေက ဟိုရောက်ဒီရောက်နဲ့
သြော်.....ဘာလိုလိုပါပဲ....
image
လမ်းဘက်ကိုကြည့်လိုက်တော့လည်း
ချွေးတရွှဲရွှဲနဲ့ ဆော့နေတဲ့ ကလေးတွေ
သူတို့လေးတွေလို လွတ်လပ်မှုရဲ့ အရသာကို
ပြန်လည်ကာတောင့်တမိသား....
ဟိုတစ်ချိန်ကပေါ့
နွေရာသီဆိုတဲ့ ကျောင်းတွေပိတ်တဲ့အချိန်
ကလေးတစ်သိုက်က
ခေတ္တယာယီ ရေတွေမစီးတော့တဲ့ ချောင်းထဲမှာပေါ့
ရေအိုင်သေးသေးလေးတွေထဲမှာ
အပူပင်ကင်းမဲ့စွာ ငါးဖမ်းနေကြတာတွေ
အခုပြန်ပြီး သတိတော့ရမိသား
ဒါတွေဟာလဲ အခုတော့
သြော်....ဘာလိုလိုပါပဲ

သြော်.....ဘာလိုလိုတွေနဲ့ ပြည့်နေတဲ့ ငါ့ဘဝကြီးဟာ
အခုချိန်ထိ သေချာမှုမရှိသေးပါလား...
သေချာဖို့ငါကြိုးစားရအုံးမယ်...
အခုလဲကြိုး စားနေဆဲပါ...
ဒါပေမဲ့ အခုချိန်ထိ
သြော်.....ဘာလိုလိုပါပဲ။
image
SMT 67@aungkyawsoe
Photo from Gallery&facebook

သြော်....ဘာလိုလိုပါပဲ | Ecency