မိုက်မဲခြင်း

Words
56
Reading
1 min
Listen
Play
9y

image

လူမိုက်များကို အပြင်မှာ မြင်တွေ့ဖူးပါသလား ။ ဘယ်လို အသွင်အပြင် ရှိပါသလဲ။သင်ကိုယ်တိုင်ရော မိုက်မဲမှု ရဲ့ သင်္ကေတ တစ်ခုလို့ မထင်မြင်မိဖူးလား။ကျွန်တော်ဟာလည်း မိုက်မဲမှု ရဲ့ သင်္ကေတ တစ်ခုပါပဲ။ဒါပေမဲ့တော့ ဘယ်အချိန်တုန်းကမှ မိုက်မဲခဲ့တယ် လို့ မထင်မြင်မိပါဘူး။

မိုက်တွင်းနက်တယ်ဆိုတဲ့ စကားလုံးကို ကြားဖူးပါတယ်။မိုက်လွန်း ဆိုးလွန်းတဲ့ လူတွေကို ရည်ညွှန်း ပြောဆို ထားတာ ဖြစ်ပါတယ်။မိုက်မဲမှု နဲ့ ပတ်သက်ပြီး အဲဘတ် အိုင်းစတိုင်း ရဲ့ အဆိုအမိန့်တစ်ခု ရှိပါတယ်။အောက်မှာ ဖတ်ကြည့်လိုက်ပါဦး။

" အကန့်အသတ် မရှိတာ နှစ်ခု ရှိပါတယ်။ တစ်ခု က စင်္ကြာဝဋ္ဌာ ဖြစ်ပြီး တစ်ခုကတော့ လူသားတွေရဲ့ မိုက်မဲမှု ဖြစ်ပါတယ်။ဒါပေမဲ့ စင်္ကြာဝဋ္ဌာ ကတော့ မသေချာပါဘူး "

အိုင်းစတိုင်း

image

aungbala@aungbala

မိုက်မဲခြင်း | Ecency