မင်းကို ဆုတောင်းပေးပါတယ်

aungbala(50)
Published in
#poem
Words
61
Reading
1 min
Listen
Play
9y

Af0sF2OS5S5gatqrKzVP_Silhoutte.jpg

တာရာမင်းဝေရဲ့ စာအုပ်တစ်အုပ်ဖတ်ရင်း
ပွတ်ရှကင်ရဲ့ ကဗျာ တစ်ပုဒ်ကို ထည့်သွင်းရေးသားထားတာ ဖတ်လိုက်ရတယ်

မြန်မာလို လက်လှမ်းမှီသလောက် ဘာသာပြန်ကြည့်တော့ အရမ်း feel လို့ ကောင်းတဲ့ ကဗျာ တစ်ပုဒ်ဗျ

အောက်မှာ ဖတ်ကြည့်ပါဦး …………

FB_IMG_1518593049305.jpg

ငါအခု ဝန်ခံလိုက်တော့မယ် ဆိုရင်
မင်းလေးကို ချစ်မိနေပြီ

ငါ့ရဲ့ ချစ်ခြင်း အသင်းအပင်းတွေထဲမှာ
လောင်မြိုက်ခြင်းတွေ မြင်နေရပြီ

သို့ပေမဲ့ အဲဒီ အကြောင်းတရားတွေက
မင်းကို ပူလောင်သွားစေဖို့ ငါ ခွင့်မပြုတော့ပါဘူး
မင်းကို ထပ်ပြီး ဝမ်းမနည်းစေချင်ဘူး

မျှော်လင့်ချက်မဲ့ခြင်းတွေ မျိုသိပ်ထားမှုတွေ
ရောစွက်နေပြီး မင်းသိမှာ စိုးရွံ့ စိတ်တွေနဲ့
ဆက်ချစ်နေတုန်းပဲ

ငါရဲ့ စိတ်ရင်းအဖြူ နဲ့ မင်းကို ချစ်မိနေပြီ ဖြစ်လို့
တိုးတိတ် စွာပဲ ငါ ဆုတောင်းပေးပါတယ်

ဘုရားသခင် မင်းကို ကောင်းချီးပေးပါစေ

ပွတ်ရှကင်

aungbala@aungbala