ရေကူးခြင်းအတတ်ပညာ

auelork(41)
Published in
#esteem
Words
90
Reading
1 min
Listen
Play
8y

တစ်ခါတုန်းက ဂျပန်နိုင်ငံမှာ ပညာရှင်တစ်ဦးဟာ တံငါးသည် တစ်ဦးရဲ့ လှေကို စီးပြီး ရူ့ခင်းပတ်ကြည့်ပါသတဲ့

လှေပေါ်မှာ ပညာရှင်က တံငါးသည်ကို မေးပါတယ်။
“ အို..တံငါးသည်၊ သင် သတ္တဗေဒ ကို နားလည်းပါသလား”

တံငါးသည်က နားမလည်ပါလို့ ဖြေကြားလိုက်ပါတယ်။

image
photo google

ပညာရှင်
“ ဒါဆိုရင် သင့်ဘ၀ လေးပုံတစ်ပုံ ဆုံးရူံးသွားပြီ ” လို့ ပြောပါတယ်။

တစ်အောင့်လောက်ကျတော့ ပညာရှင်က ထပ်မေးပြန်တယ်။
“ သင် သင်္ချာပညာရပ်ကို နားလည်ပါသလား”

တံငါးသည်က နားမလည်ပါ လို့ ထပ်မံဖြေကြားလိုက်ပါတယ်။

“ ဒါဆိုရင် သင့်ဘ၀နောက်ထပ် လေးပုံတစ်ပုံ ဆုံးပါးသွားပြီ” လို့ ပညာရှင်က ပြောလိုက်ပါတယ်။

နောက်တစ်အောင့် ထပ်ကြာတော့ ပညာရှင်က ထပ်မေးပြန်တယ်။
“ သင်သိပ္ဗံပညာရပ်ကို သိပါသလား ” တဲ့

တံငါးသည်က နားမလည်ပါလို့ ထပ်မံဖြေလိုက်ပါတယ်။

image
photo google

အဲဒီအချိန်မှာ လေပြင်းမုန်တိုင်း တိုက်ခတ်လာပါတယ်။
လှေကလေး ဟိုယိမ်းဒီယိုင် ဖြစ်လာပါတယ်။

တံငါးသည်က ပညာရှင်ကို မေးလိုက်ပါတယ်။
“ သင်ရေကူးတတ်ပါသလား”

“ မကူးတတ်ပါ ” လို့ ပညာရှင်က ဖြေဆိုလိုက်ပါတယ်။

“ ဒါဆိုရင် သင်ဘ၀တစ်ခုလုံး ဆုံးရူံးရတော့မယ်။ ” လို့ တံငါးသည်က ပြောကြာလိုက်ပါ​တော့တယ်​။

ရေကူးခြင်းအတတ်ပညာ | Ecency