ဒီတစ်ခုကတော့နံရံအလှဆင်တစ်ခုပါ။ကတ်ထူ၊ရောင်စုံစက္ကူ၊ကော်၊ကတ်ကြေး၊ခဲတံ၊ပေတံတို့ကိုအသုံးပြု၍ပြုလုပ်ထားပါတယ်။ပြုလုပ်နည်းအဆင့်ဆင့်ကိုပုံနှင့်စာတို့ဖြင့်ဖော်ပြထားပါတယ်။ပထမဆုံးကတ်ထူကိုညီညာစွာဖြင့်Vပုံစံဖြတ်၍
အပြာရောင်စာရွက်ကော်ကပ်ထားပါတယ်။လိမ္မော်ရောင်စက္ကူအပိုင်းနှစ်ခုထပ်မံဖြတ်ပြီး၊ဆက်လိုက်ပါတယ်။ပြီးနောက်အစိမ်းရောင်စာရွက်နဲ့ကတ်ထူကိုသုံးပြီး၊စက္ကူအပိုင်းလေးတွေဖြတ်မယ်။ပြီးနောက်ပန်းပွင့်အရွက်များဖြင့်ပုံဖော်လို့ရအောင်ကတ်ထူကိုပုံပြထားတဲ့အတိုင်း၊မျဥ်းဆွဲ၍ခေါက်ချိုးပြီး၊ပန်းအိုးပုံဘူးခွံတစ်ခုပြုလုပ်ပါတယ်။ရှေ့ဘက်မျက်နှာမှာအဝါရောင်စာရွက်ကော်ကပ်ပြီး၊အနားနှစ်ဘက်ကိုရောင်စုံမျဥ်းဆွဲထားပါတယ်။
ဒီအဆင့်မှာလည်းပန်းပွင့်များကိုလှပစွာပြုလုပ်ထားပါတယ်။အရွယ်တူပန်းပွင့်များပြုလုပ်ပြီး၊အနားတွေကိုဆေးခြယ်၍ရောင်စုံပန်းပွင့်များပြုလုပ်လိုက်ပါတယ်။အရွက်လေးတွေဆိုရင်လည်းအစိမ်းရောင်စာရွက်ကိုအရွက်ပုံဖြတ်ပြီး၊ဆေးခြယ်ပြီးပုံဖော်လိုက်ပါတယ်။ပြုလုပ်ပြီးတဲ့ပန်းပွင့်၊အရွက်များကိုပုံပြထားတဲ့အတိုင်းကော်ကပ်အလှဆင်ထားပါတယ်။
Written by @asterkame
By my photos & made by me