တကယ်တော့အဆိုပါဖောင်စီးရင်း ရေငတ်ဆိုသလို ဖြစ်နေရခြင်း အကြောင်းရင်းမှာ ခန္ဓာကိုယ်တွင်းရှိ ကလာပ်စည်းများနှင့် တစ်သျှူးများ ရပ်တည်ရှင်သန်ရေးအတွက် လိုအပ်သော စွမ်းအင်ကို ဂလူးကို့စ်မှ ရရှိနိုင်သော်လည်း အဆိုပါဂလူးကို့စ်ကို ခန္ဓာကိုယ်ရှိ ကလာပ်စည်းများနှင့် တစ်သျှူးများ အတွင်းသို့ စုပ်ယူနိုင်ရေးအတွက် အင်ဆူလင်ခေါ် ဟော်မုန်းဓာတ်တစ်မျိုး မရှိမဖြစ် လိုအပ်ပါတယ်အင်ဆူလင်ဟော်မုန်းကို ဝမ်းဗိုက်အတွင်းရှိသော ပန်ကရိယခေါ် မုန့်ချိုအိတ်မှ ရရှိနိုင်ပြီး အကြောင်း အမျိုးမျိုးကြောင့် အဆိုပါ မုန့်ချိုအိတ် ချို့ယွင်းပြီး ခန္ဓာကိုယ်အတွက် အင်ဆူလင်ဟော်မုန်း လုံလုံလောက်လောက် မထုတ်ပေးနိုင်သော အချိန်သည် ဆီးချိုရောဂါသည်များရဲ့ ခက်ခဲသော ဘဝခရီးလမ်းအစဖြစ်ပါတယ် အင်ဆူလင်ဟော်မုန်း များလုံလောက်စွာမရနိုင်သော အဓိကအကြောင်းမှာ မျိုးရိုးဗီဇကြောင့် မုန့်ချိုအိတ်အတွင်းရှိ ကလာပ်စည်းများ ပျက်စီးခြင်းကြောင့် ဖြစ်ပြီး တခြားအကြောင်းအရင်း တစ်ခုမှာ ကယ်လိုရီဓာတ် အများအပြား ပါဝင်သော ထမင်းနှင့်အချိုဓာတ်ကို လွန်ကဲစွာတော့ စားသုံးသောကြောင့် ဖြစ်ပါတယ် ထမင်းကိုစားသုံးမှု တို့များသောကြောင့် အစာအိမ်နှင့် အူလမ်းကြောင်းအတွင်း အစာချေဖျက်ရာမှ ဂလူးကို့စ် အများအပြား သွေးအတွင်းသို့ ရောက်ရှိလာပြီး အဆိုပါဂလူးကို့စ်များကို သာထိန်းချုပ်သုံးစွဲရန် အင်ဆူလင် ဟော်မုန်းအများအပြား ထုတ်ယူသုံးစွဲရာမှအချိန်မတိုင်မီ ဟော်မုန်းများ ကုန်ဆုံးသွားခြင်းကြောင့်ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် သဘာဝ၏ နိယာမတရား ဖြစ်သ နှင့်မမျှတသော အခြေအနေကြောင့် ရောဂါအဆင့်အထိ ရောက်ရှိလာခြင်းဖြစ်ပါတတယ်