အခိုးထွက်နေတဲ့ပြာပုံက
သိမ်းဆည်းထားရတဲ့ တလင်းပြင်လား
အရှုံးပေးတဲ့ မြူမှုန်တွေက
မနက်ခင်းရဲ့ ရန်သူလား
ကိုယ်အကြောင်းကိုယ်ပြန်ပြောတာ
တစ်ခွန်းစနှစ်ခွန်းစတဲ့လား
ကိုယ့်အဖြစ်ကိုယ်ကျေးဇူးတင်
နားလည်ကျွမ်းကျင်ခဲ့တဲ့ဘ၀အသိအတွက်
အိမ်မှာမေ့ခဲ့တဲ့သဘောကောင်းခြင်းက
လူကြုံနဲ့တောင် ပို့မလာဘူး
မနေ့ကအတိုင်းဘဲ
ဆက်သွားရတော့မယ်
@arrowqueen