လူငယ်ဆိုတာ ကိုယ်ယုံကြည်ရာကို
ကိုယ်တိုင် ဖော်ဆောင်ပြီးလုပ်ပါတယ်
ဘယ်အရာကိုမှ ကြောက်ရွံ့နောက်တွန့်
လို့နေမှာမဟုတ်ပါဘူး အမြဲတမ်းတက်ကြွ
နေမယ် အသစ်အသစ်တွေကို ရှာဖွေနေမယ်
အောင်မြင်မှုတွေကို ဆာလောင်မွတ်သိပ်နေ
တက်တယ်လေ။ကိုယ့်ရဲ့ဆုံးဖြတ်ချက်အတိုင်း
ရဲ့ဝံ့စွာနဲ့လျှောက်လှမ်းတက်ကြပါတယ်
ကိုယ်တိုင်က မှန်တယ်လို့ယုံကြည်
ဆုံးဖြတ်ထားတဲ့အလုပ်တစ်ခုကို
အောင်မြင်အောင်ဆောင်ရွက်လုပ်ကိုင်
နိုင်ပါတယ်နော် အဲ့ဒီအတွက်ခွန်အားတွေ
ကြိုးစားမှုတွေ တော့အများကြီးလိုအပ်တာ
ပေါ့နော် ကိုယ်တိုင်ကအမှန်တကယ်ဝါသသနာ
ပါနေတဲ့အလုပ် ငွေကြေးလည်းမတည်ရင်းနှီး
နေနိုင်တယ်ဆိုရင်တော့ ဘာမှသူ့ကိုတားဆီး
နိုင်မှာမဟုတ်တော့ပါဘူး။အရှိန်ပြင်းတဲ့
ဒုံးပျံတစ်စင်းလို ထက်ကောင်းကင်ဆီကို
တရှိန်ထိုး တိုးလို့တက်သွားမှာသာဖြစ်ပါတယ်
ဝမ်းစာအတွက်လောက်တော့ သူဒီလောက်
ကြိုးစားနေမှာမဟုတ်ပါဘူး။ဘ၀ယုံကြည်ချက်
ကြောင့်သာ သူလုပ်ဆောင်နေမှာပါ
လူငယ်တွေရဲ့အစွမ်းအစကို
အထင်အမြင်သေးလို့မရပါဘူး
ဘာမဆိုဖြစ်မြောက်လာအောင်
ပုံဖော်နိုင်တယ် လုပ်ဆောင်နိုင်တယ်
ဖန်တီးနိုင်ပါတယ်
သူ့ရဲ့စွမ်းဆောင်ရည်တွေကတော့
တကယ်ကိုမထင်မှတ်ထားတဲ့
အခြေအနေတစ်ခုဖြစ်ပါတယ်
လူတွေကတော့ မှင်သက်နေကြတာပေါ့
အောင်မြင်မှုဆိုတာ ဘုရားပေးတဲ့
လက်ဆောင်မဟုတ်ဘူးဆိုတာကို
လူငယ်တွေကသက်သေပြနေပါတယ်
ဘာမှမဖြစ်သေတဲ့လူငယ်ကိုလည်း
အထင်အမြင်မသေးလိုက်ပါနဲ့
သူမလုပ်နိုင်တာဘာမှမရှိပါဘူး
အခြေအနေနဲ့အချိန်အခါကို
စောင့်လို့နေတဲ့ အောင်မြင်မည့်သူ
တစ်ဦးဖြစ်ပါတယ်နော်
လူငယ်တွေကို လေးစားတယ်ဆိုတာ
ဒါတွေဒီလိုဖြစ်တက်တယ်ဆိုတာကို
ကြိုတင်မှန်းဆမြင်တက်ကြသူတွေ
ကဆိုလိုခြင်းသာဖြစ်ပါတယ်
Author : @arrowqueen
Photos credit; Google Image