မနေ့က ရတာတွေတင်လိုက်တယ်နော် ဘာတွေမှန်းတော့ သမီး မသိပါဘူး သူများဆော့လို့လိုက်ဆော့တာ ဆော့လို့တော့ကောင်းတယ် ရောင်းစားလို့ရတယ် ပြောတာဘဲ ဘယ်မှာသွားရောင်းရမလဲ မသိသေးဘူး
အချို့လူတွေပြောတာတော့ ဒေါ်လာ ရာဂဏန်းလောက်တောင် ရနိုင်တယ်တဲ့ ဘယ်ဟာ ဘယ်လောက်တန်လဲ
မသိဘူး ကိုယ်ရတာတွေထဲများ အဲ့ဒါမျိုးပါနေပြီလားမသိဘူးနော် အင်း ဒါပေမယ့် ကိုယ်က အဲ့လောက် ကံမကောင်းတက်ပါဘူး
မနေ့ညကတော့ ဒုတိယနေ့အဖြစ် ကစားလိုက်တယ် သူရဲတွေခေါ်သွားပြီး တိုက်ရတာလေ မနေ့ကတော့ တိုက်ရတာ
အဆင်ပြေတယ် ခဏခဏ နိုင်တယ်လေ အရင်က သစ်ရွက်ပါတ်ထားတဲ့ ကောင်မလေးနဲ့ သွားတိုက်တာ ခဏခဏရှုံးတယ်
နောက်ဆို သရဲတွေဘဲခေါ်သွားတော့မယ် သူရဲတွေက စစ်တိုက်တာ တော်တယ်လေ
နောက်တစ်ခုနားမလည်တာရှိသေးတယ် သူများတွေ လာတိုက်ရင်လေ ရွှေရောင် ထွက်နေတဲ့ အကောင်တွေနဲ့ပါ
ကိုယ့်မှာတော့ အဲ့လိုအကောင်မရှိသေးဘူး ၀ယ်ရတယ်လည်းပြောတယ် အင်း ၀ယ်တော့ မ၀ယ်တော့ပါဘူး
အခုဒါလေး ကစားဖို့တောင် ဆယ်ဒေါ်လာပေးလိုက်ရတယ် ထပ်ကုန်ရဦးမယ်ဆိုရင်တော့ မရလဲ နေပါစေတော့
ဝယ်တော့ဘူးလေ ပိုက်ပိုက်ရမယ်ဆိုလို့ ဆော့ပါတယ် အခုတော့ မရတဲ့ပြင် ကိုယ်ကတောင် ကုန်နေရတယ်
ထပ်တော့ မကုန်ပါရစေနဲ့တော့လေ
မနေ့က အကောင်ငါးကောင် ထပ်ရတယ် ဒီအကောင်တွေက ရှိပြီးသားတွေကို ပြန်လာပေးနေတယ် တကယ်ဆိုရင်လေ
မရှိသေးတဲ့အကောင်ေးလတွေ ထည့်ပေး၇င် ပိုကောင်းမယ်နော်။ ပြီးမှ အစ်ကိုတစ်ယောက်သွားမေးတော့
အကောင်တွေ ပေါင်းရတယ်တဲ့ အဲ့မှာတင် ရွာလည်နေတာအကြာကြီး ဘယ်လိုပေါင်းရမှာလဲလို့ မသိဘူးလေ
အခုတော့ တဖြည်းဖြည်း သင်နေရတယ် နောက်ဆို နားလည်ပြီးရင် ဒေါ်တွေအများကြီးရအောင် လုပ်နိုင်မယ်ထင်တယ်နော်
ရတာမရတာမသိဘူး ဆော့လို့တော့ကောင်းတယ် နှစ်ရက်တစ်ခါ စာရေးတင်ရင်လည်း ဘုတ်ပေးတယ်ဆိုလို့
အခု ရေးတင်လိုက်ပြန်ပြီ ဘယ်လောက်ရမလဲမသိသေးဘူး ဘယ်လောက်ရရ ရတာက ကိုယ့်အမြတ်ချည့်ပါ
ဒါလေးတွေ စုပြီး အရင်းပြန်ရအောင်လုပ်ရဦးမယ် လွယ်တော့ မလွယ်ဘူးနော် သူများဆီက ပိုက်ပိုက်ရဖို့ဆိုရင်
အလုပ်တွေအများကြိးလုပ်ရတယ် တကယ်တော့ ဒီဂိမ်းက ကိုယ့်ကို ခိုင်းစားနေသလိုဘဲ
Photo Credit : https://steemmonsters.com/#
Author : @arrowqueen