မင်းပြောမဲ့ဒီလိုစကားတစ်ခွန်းက တိုက်ပွဲထဲကလူတစ်ယောက်ကို လက်နက်ချခိုင်းသလိုပါပဲ.. ငြင်းခုန်ရန်ဖြစ်ပွဲမှာ အမှားကိုဝန်ခံတာဟာ အရမ်းမျက်နှာသာမဲ့စေတဲ့ လုပ်ရပ်ဖြစ်တယ် ဒါပေမယ့် အခြေအနေ တော်တော်များများမှာ ဒီလိုစကားတစ်ခွန်းက ဒေါသကြောင့် တောက်လောက်မယ့်မီးကို အချိန်မီ ငြိမ်းစေနိုင်သလို၊ ပွက်လောရိုက်နေတဲ့ဦးနှောက်ကို ချုပ်ငြိမ်းစေနိုင်သလို၊ ချိန်ရွယ်ထားတဲ့ လက်သီးကို
ဖြည်လျော့စေနိုင်သလို၊ ကွဲပြားတဲ့အတွေးအမြင်ကို တစ်နေရာတည်းမှာ စုဆုံစေနိုင်ပါသည်။ ထိခိုက်ဒဏ်ရာနဲ့ ဆုံးရှုံးမှုကို ကာကွယ်တားဆီးနိုင်သလို အဖွဲ့ရဲ့စည်းလုံးခြင်းနဲ့ တည်ငြိမ်ခြင်းကိုလည်း ထိန်းချုပ်နိုင်ပါသည်
အဲ့ဒီလိုစကားတစ်ခွန်းက မိသားစုအငြင်းပွားမှုမှာ ပိုအသုံးဝင်ပါသည် လင်မယားကြားမှာ ကိစ္စသေးသေးမွှားမွှားနဲ့ စကားများရန်ဖြစ်တဲ့အခါ တကယ်လို့ တစ်ယောက်ယောက်က ဒီစကားကိုအရင်ဆုံးပြောလိုက်ရင် သဘောထားကွဲလွဲမှုကို ရပ်တန့်စေနိုင်ပါသည်
နှစ်ဦးနှစ်ဖက် သွေးအေးသွားမှ ပြဿနာရဲ့အရင်းအမြစ်ကိုရှာပြီး
ဖြေရှင်းနိုင်ပါသည်အချင်းချင်းချစ်ကြိုက်လို့ အတူတကွပေါင်းဖက်ကြပြီးမှ ပြဿနာအသေးအမွှားနဲ့ ဘာကြောင့် နှစ်ဦးနှစ်ဖက် ဒဏ်ရာရထိခိုက်အောင်
ပြောဆိုငြင်းခုန်ကြမလဲမင်းမှန်တာလည်း ဖြစ်နိုင်ပါတယ်လို့ ဆိုတဲ့စကားတစ်ခွန်းက ဘာမှကို မဆုံးရှုံးစေနိုင်ပါဘူးဘာလို့မပြောနိုင်ကြတာလဲတွေးမရ