အဲ့ဒီသံပုရာသီးကို ကိုယ်သီးစေချင်တဲ့အချိန်မှာသီးဖို့ ဘယ်လိုလုပ်မလဲဆိုတာ မိမိ အတွေ့အကြုံ အပေါ်အခြေခံပြီး တင်ပြပါ့မည်
လာမည့် ဖေဖော်ဝါရီ၁၂ရက်နေ့ မှာ မန်းတလေးမြို့ မှာကျင်းပမည့် သစ်သီးဝလံပန်းမန်ပြပွဲပြိုင်ပွဲ ကိုဝင်ပြိုင်တဲ့အခါ အသီးတွေများများသီးအောင်
ပြင်ဆင်နေပုံကို တင်ပြပါ့မည်
မြင်ရတဲ့အခုပုံထဲက အပင်က ယိုးဒယားအစေ့မဲ့သံပုရာပင်ဖြစ်ပါသည်အသက်အားဖြင့် ၂နှစ်
ခန့်ရှိပါပြီလေ လာမယ့်ဖေဖော်ဝါရီပြိုင်ပွဲတုန်းက အသီး ၁၁လုံးပါပြီး အပင်က တပေခွဲခန့် သာမြင့်လို့ အပင်ပုနေသဖြင့် ဆုမရခဲ့ပဲ သူ့ထက်ကြီးတဲ့အပင်က
ဆုရသွားပါသည် မတက်နိုင်ပါဘူး
အခြေခံသဘာဝအရ သံပုရာသီးတလုံးရင့်မှည့်ရန် ပန်းပွင့်ချိန်မှ အသီးရင့်ချိန်အထိ အချိန် ၅လခန့်ကြာမြင့်ပါသည် ထိုသဘောတရားကိုအခြေခံပြီး
၂၀၁၅ ခုနှစ် သြဂုတ်လ ၂၂ရက်နေ့က အပင်ပေါ်မှာ ရှိနေတဲ့အလုံးကြီး ၃လုံးနဲ့ သီးကင်း ၄၀ ကျော်ကိုခြွေချခဲ့ပါတော့တယ် နောက်အသစ်ထွက်အလာကိုစောင့်မျှော်ရပါတယ်