မေမေ သမီးဘုရားဖူးသွားချင်တယ်နော်
ကျောင်းက သူငယ်ချင်းတွေအများကြီးသွားကြတယ်
ပျော်စရာကြီးပါနော်
သမီးစကားကိုကြားပြီး မိခင်ကြီးမှာတော့
မျက်နှာပျက်သွားသည် ဒါပေမယ့် သမီးမြင်အောင်ပြုံးပြပြီး
သမီးအဖေကိုမေးကြည့်ပါလားသမီး အမေက သမီးအဖေ
ပြီးမှ ပြီးတာပါတဲ့
သမီးဖြစ်သူမှာ မိခင်ရဲ့စကားအဆုံး နှလုံးသွေး
ပွတ်ပွတ်ဆူအောင် ဒေါသထွက်သွားပုံနဲ့ပေါ့
တော်ပါတော့ အမေရယ် အဖေကိုပြောတော့
အမေကိုမေးကြည့်တဲ့ အမေကိုမေးတော့လည်း အဖေ့ကိုမေးတဲ့
မပေးသွားချင်ဘူးဆိုလည်း တည့်တည့်ပြောပါ
အမေတို့ကိုကသူများမိဘနဲ့ကိုမတူဘူး သားသမီးတွေကို
ချုပ်ခြယ်လွန်းတယ်ဘာမှန်းကိုမသိဘူး
မိခင်ဖြစ်သူမှာ သမီးရဲ့စကားကို မချိအောင်ခံစား
လိုက်ရတာကြောင့် မျက်ရည်လေးစို့က အိမ်ပေါ်မှ အိမ်အောက်သို့ဆင်း၍ သမီးလေးဘုရားဖူးသွားနိုင်ဖို့အရေး
ငွေတိုးဆွဲရန်ထွက်သွားလေတော့သည်အဲ့တာပါဘဲမိဘဆိုတာကလေ
ကိုယ်တွေလဲအဲလိုမှားဖူးတယ်