ခေတ်စားလာတဲ့ ဂိမ်းတစ်ခုနောက်ကို အမှီလိုက်နိုင်ဖို့အတွက် ယခုပင် စတင်ကစား
ိလိုက်ပါပြီနော်။ သူများတွေ အသကုန် ကစားပြီး ပို့စ်တွေ ပလူပျံအောင် တင်နေတာကို
နေ့တိုင်းတွေ့နေရတယ်။ ဒေါ်လာတွေရတယ်လို့လည်းကြားမိတယ်
ကစားရတာလည်း အဆင်ပြေတယ် အချိန်လည်း သိပ်မပေးရဘူးဆိုလို့ စိတ်ဝင်
စားမိတာနဲ့ ၀င်ကစားဖြစ်သွားတယ် ကံဆိုးချင်တော့လည်း ကိုယ်က၀င်ကစားတဲ့
အချိန်မှ စတင်းဈေးက ကျတဲ့အချိန် တိုးတော့တာပါဘဲနော်
အရင်တုန်းက ကစားလိုက်ရင် ဒီလောက်မကုန်ဘူး အခုနှစ်ဆလောက်ပိုကုန်သွားပြီ
ဘယ်လောက်ကုန်ကုန်ပါ ဒါကတကယ်အဆင်ပြေမယ်ဆို မပြောပလောက်ပါဘူးလို့
ပြောပြကြပါတယ် ဟုတ်မဟုတ်တော့ စမ်းပြီး လုပ်ကြည့် ရဦးမယ်လေ တစ်ရက် တစ်နာရီလောက် ကစားရမယ်ဆိုတော့ မဆိုးပါဘူး
အပျင်းပြေလေးပေါ့နော်
စကစားတော့ ဘာလုပ်လို့ လုပ်ရမယ်မှန်းမသိဘူး တကယ်ကော ဟုတ်ရဲ့လား
ကိုယ်တစ်ခုခုမှားနှိပ်မိပြီး အပြစ်ဖြစ်မှာလား အဲ့သလိုတွေ တွေးပူမိတာပေါ့
တစ်ခုခုဆို ရမ်းမလုပ်ရဲဘူးလေ ဟိုဟာနှိပ်ရမလား ဒီဟာ နှိပ်ရမလားနဲ့
အရမ်းကြောက်နေခဲ့တာပေါ့ နောက်ဆုံးတော့ ကစားနည်း သိသွားတော့
အရမ်းလွယ်တာဘဲ စိတ်ဝင်စားစရာလည်း ကောင်းတယ်လေ မဆိုးပါဘူး သူက ကပ်ဂိမ်း ဆိုတော့ အချိန်သိပ်မပေးရဘူး ခလုတ်လေး နှီပ်ပေးပြီး ဒိအတိုင်း ပြစ်ထား
လိုက်လည်း ရတယ် အခြား တစ်ခုခုလုပ်နေရင်းလည်း ဆော့လို့ရတာ တွေ့တယ်
ဥပမာ ဇာတ်ကားကြည့်နေရင်း လိုအပ်တာလေး နှိပ်ပေးထားလိုက်ရင် သူ့ဟာသူ
တိုက်သွားတာဘဲ အဖြေကသူ့ဟာသူ ပေါင်းပေးတာဘဲ အာရုံသိပ်စိုက်စရာမလိုပါဘူး
ဒေါ်လာမရတာ ရတာထက် ကစားနေရတာနဲ့ ဘာတွေရလာမလဲ မျှော်ရတာနဲ့တင်
ကို ဒီဂိမ်းက စိတ်ဝင်စားစရာ ကောင်းလို့ နေပါပြီ နော်။
ဒီနေ့တော့ ဒါလေးတွေဘဲ ရလိုက်တယ် သူများတွေပြကြည့်တော့ ကိုယ့်ကို ၇ယ်တယ်လေ ထင်ပါတယ် ကိုယ်ရတာတွေက သိပ်မကောင်းဘူးဖြစ်မယ်
စိတ်မပျက်ပါဘူး တကယ်က ကိုယ်ရတာတွေ ဘာတွေမှန်းကိုမသိသေးတာ သူငယ်ချင်းတွေကတော့ ပြောပါတယ် နောက်ရက်တွေဆို ဒီထက်တန်ဖိုးရှိတာတွေ
ရလာမယ်တဲ့ မသိပါဘူး ဆော့နေရရင်ဘဲ ပျော်စရာကောင်းနေပြီလားလို့လေ
ဒေါ်လာတွေက ဘယ်ကရမှာလဲ မသိပါဘူး စာရေးတင်ရင်တော့ နည်းနည်းရတက်တယ်ဆိုလို့ စာရေးကြည့်တာပါ ဟုတ်မဟုတ်ကတော့ စောင့်ကြည့်
ရဦးမယ် ဟုတ်ရင်တော့ ဆက်ဆော့မယ် စာဆက်ရေးမယ် မဟုတ်ရင်တော့ တော်ပြီ
ဇတ်ကားတွေဘဲ ထိုင်ကြည့်နေလိုက်တော့မယ်ကွယ်
Photo Credit : https://steemmonsters.com
Author :arrowqueen