ထူးထူးခြားခြားလေးပေါ့နော်အဲဒီနှစ်က ကောင်မလေးရဲ့မွေးနေ့မှာ ရိုမန်တစ်ဆန်ဆန် မွေးနေ့ပွဲလုပ်ပေးမယ်လို့
ကောင်လေးက ကောင်မလေးကို ကတိပေးလိုက်ပါတော့တယ် မွေးနေ့မှာ ကောင်လေးအလာကို
ကောင်မလေးစောင့်နေခဲ့ပါလေသည်တော်တော်လေးညဥ့်နက်သန်းခေါင်အထိတောင် မိုးလင်းတဲ့အထိ စောင့်နေခဲ့မိပါလေသည်
မနက်နိုးလာတဲ့ ကောင်မလေးရဲ့ပါးပြင်ပေါ်မှာ မျက်ရည်စီးကြောင်းရာတွေ စွန်းထင်းလို့နေပြီပေါ့လေ
ကောင်လေးရောက်လာတော့ ကောင်မလေးရဲ့ မျက်ရည်တွေကို သုတ်ပေးရင်းနဲ့ပြောတယ်လေဆာရီးနော် နင့်ကို ငါလက်ထပ်ပါရစေတော့ဟာ ဆိုပြီး လက်စွပ်တစ်ကွင်းထုတ်ပေးလိုက်ကါနော့တယ်သူပြောလိုက်တာကလှပလွန်းပါတယ် တစ်ဘဝစာကို တာဝန်ယူရဲတဲ့ဆောရီးဖြစ်နေလေတယ်နော်
မင်္ဂလာဆောင် အတူနေပြီးတဲ့နောက် ကောင်လေးရဲ့အလုပ်အကိုင်တွေ ပိုတိုးတက်အောင်မြင်ခဲ့ပါလေတော့တယ်
ကောင်မလေးက ကောင်လေးအတွက် နေ့တိုင်းချက်ပြုတ်တယ်လျှော်ဖွပ်နဲ့ ကျွမ်းကျင်တဲ့ အိမ်ထောင်ရှင်မတစ်ဦးဖြစ်ခဲ့ပါလေတော့သည်
ကောင်မလေးက ဈေးသွားတိုင်း ငါးလေးတွေဝယ်လာပြီး ကန်လေးထဲမှာ မွေးထားတတ်ပါလေသည်တကယ်ကိုပျော်စရာဘဝလေးတွေဖြစ်ခဲ့ကြလေတော့သည်