This content got low rating by people.

နိုင်ငံ ၉ နိုင်ငံကို

Words
88
Reading
1 min
9y
Listen to this post
~1 min

အမေဇုံသစ်တောဆိုတာ ကမ္ဘာပေါ်မှာရှိတဲ့ ­­သစ်တောတွေထဲက ကြီးမားတဲ့သစ်တောကြီး တစ်ခုဖြစ်ပါတယ်။
image
ဘရာဇီးလ်၊ ပီရူး၊ ကိုလံဘီယာ၊ ဗင်နီဇွဲလား၊ အီကွေဒေါ၊ ဘိုလစ်ဗီးယား၊ ဂူယာနာ၊ စူရီနိမ်း၊ ပြင်သစ်ဂူယာနာ စတဲ့ နိုင်ငံတွေထဲ အမေဇုံသစ်တောဧရိယာပါဝင်နေပါတယ်။ အမေဇုံမိုးသစ်တောလို့ ခေါ်ဆိုကြပြီး အမေဇုံမြစ်ဝှမ်းအများစုကို လွှမ်းခြုံထားတဲ့ အပူပိုင်းမိုးသစ်တောဖြစ်ပါတယ်။ ဒီသစ်တောဟာ ၇ သန်း စတုရန်းကီလိုမီတာ ကျယ်ဝန်းပြီး ၅၅ သိန်း စတုရန်းကီလိုမီတာက မိုးသစ်တောနဲ့ လွှမ်းခြုံထားပါတယ်။
ကမ္ဘာပေါ်ရှိ မိုးသစ်တောနဲ့ ဇီဝမျိုးကွဲပေါင်း အများဆုံးတည်ရှိရာ သစ်တောတစ်ခုဖြစ်ကာ သစ်ပင်ပေါင်း ၃၉ဝ ဘီလီယံ၊ မျိုးစိတ်ပေါင်း ၁၆ဝဝဝ ခန့်ရှိတယ်လို့ သိရပါတယ်။
သစ်တောရဲ့ ၆ဝ ရာခိုင်နှုန်းက ဘရာဇီးလ်နိုင်ငံအတွင်း တည်ရှိပြီး ပီရူးနိုင်ငံအတွင်း ၁၃ ရာခိုင်နှုန်း၊ ကိုလံဘီယာနိုင်ငံအတွင်း ၁ဝ ရာခိုင်နှုန်း၊ ဗင်နီဇွဲလား၊ အီကွေဒေါ၊ ဘိုလစ်ဗီးယား၊ ဂူယာနာ၊ စူရီနိမ်း၊ ပြင်သစ်ဂူယာနာ စတဲ့နိုင်ငံတွေအတွင်းမှာတော့ ဧရိယာအနည်းငယ်သာတည်ရှိပါတယ်။ လူသားမျိုးစိတ်တွေလည်း အများအပြားတည်ရှိနေထိုင်ကြပါတယ်။သစ်တောအတွင်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၁၂ဝဝ အကွာထဲက လူသားတွေနေထိုင်ကြောင်း အထောက်အထားတွေ ရှိခဲ့ပြီး သက်သေအထောက်အထားတွေလည်း တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ သစ်တောအတွင်းမှာလည်း လူရိုင်းမျိုးနွယ်စုအများအပြားကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ဒါအပြင် ငှက်မျိုးစိတ်သစ်တွေ၊ အင်းဆက်မျိုးစိတ်သစ်တွေ၊ မျောက်နဲ့ ကျားသစ်မျိုးစိတ်သစ်တွေကိုလည်း တွေ့ရှိရပါတယ်။ သစ်တောရဲ့ ရာသီဥတုကလည်း ပူနွေးစွတ်စိုတဲ့ သဘာဝရှိပါတယ်။

နိုင်ငံ ၉ နိုင်ငံကို | Ecency