ဆိုးလွန်းခဲ့လေ၏

anmali(43)
Published in
#writing
Words
64
Reading
1 min
Listen
Play
9y

သူတို့ဗနောက်တကြိမ် တဦးလည်း ဒီလိုပဲ အသတ်ခံရပါတယ်ဆရာတော်က စိတ်မပျက်ဘဲ ဆက်ဟောပြောနေလေ၏ ထို့ကြောင့် အခြေအနေ အတော်အေးချမ်းလာစ ပြုလာလေသည်ထိုအချိန်မှာ ဗိုလ်မိုးကြိုးတို့ရဲ့ မီနာမီကီကန်မှ ဂျပန်တွေ ထိုကိစ္စသိသွားပြီး ဒီငြိမ်းချမ်းရေးကိစ္စကို သူတို့လုပ်မည်ဆိုကာ ဆရာတော် မပါတော့ဘဲဟိုင်နန်ကျွန်းမှာ ကျနော်တို့ဆရာ မဟုတ်ခဲ့တဲစစ်တပ်ရာထူး လက်ဖတင်နင်ဗိုလ်နှင့် ဘီအိုင်အေတပ်ရာထူး ဗိုလ်မှူးကြီးကာနယ်ဖြစ်သူ နံမည်ကောင်းစွာမမှတ်မိအီဂျီမား ထင်လေ၏သူကိုယ်တိုင် ခေါင်းဆောင်ပြီး ကျနော့်တပ်စုကလေးနှင့် ငြိမ်းချမ်းရေးတရားဟောဖို့ ဆရာတော်သွားတဲ့ ဒေသတွေဆီ ထွက်သွားပါ၏ဗိုလ်မိုးကြိုးက သူပုန်ရှိသည်ဟု ယူဆရသော ရွာများကို အတင်းတက်သိမ်းပိုက်ခိုင်းပြီး ခုခံရင် အားလုံးကို တိုက်ခိုက်သတ်ဖြတ်ဖို့ ကျနော့်တပ်မှူးတွေကို တိုက်ရိုက်အမိန့်ပေးသည်။ တခါတရံ ကျနော်ကတဆင့် အမိန့်ပေး၏ဒီလိုနဲ့ တပတ်လောက်ကြာအောင် တိုက်ခိုက်သတ်ဖြတ်ပွဲတွေ ဖြစ်ပါတော့သည်။ ကျနော်က ခုခံတဲ့ ရွာသားတွေကိုသာ တိုက်ခိုက်ဖို့ မခုခံရင် တရားဟောပြီး လက်နက်တွေအပ်ခိုင်း သိမ်းခဲ့ဖို့ တပ်မှူးတွေကို ပြောပါတယ်တိုက်ခိုက်သတ်ဖြတ်မှုများ သိပ်များလိမ့်မည်ဟု ကျနော်မထင်ခဲ့ပါလေ နောက် ရန်ကုန်ပြန်ရောက်ပြီး လအချို့ကြာမှ ရွာသားများ အတော်သေကြေကြောင်း ကြားရပါလေ၏

ဆိုးလွန်းခဲ့လေ၏ | Ecency