ဂျူးတို့ရဲ့စီးပွား​ရေးအယူအဆများ

Words
271
Reading
2 min
Listen
Play
8y

( 1 ) အရပ်လေးမျက်နှာခရီးသွား၍ ပိုက်​ဆံရှာပါ

ခရီးသွားတဲ့လူဟာ အမြင်ကျယ်ပြီး အခွင့်အရေးနဲ့ ထိတွေ့လွယ်တယ်။
သမိုင်းမှာ ဒီလိုဖြစ်ဖူးတယ်။ ဂျူး​​တွေဟာ ကမ္ဘာ့နိုင်ငံသားများဖြစ်ကြတယ်။ သူတို့ဟာ ကမ္ဘာတစ်ခွင်လုံးကို အဆက်အသွယ်လုပ်ကြတယ်။ အရပ် လေးမျက်နာကို ခရီးသွားကြပြီး အ​ရောင်းအဝယ်​လုပ်​ စီးပွားရှာကြတယ်​။သူတို့ကိုယ်​သူတို့ ကမ္ဘာ့စီးပွားရေးသမားဖြစ်အောင် ဖန်တီးတယ်။

( 2 ) ပိုက်ဆံဟာ ဂျူးလူမျိုးတို့ရဲ့ လောကုတ္တရာ ဘုရားသခင်ဖြစ်တယ်။

ကားလမတ်(စ်) က “ ဂျူးလူမျိုးတို့ဟာ လက်တွေ့လိုအပ်ချက်ကိုသာ အလေးထားတယ်။ စီးပွားရေးလုပ်ဖို့ကိုသာ အားသန်တယ်။ ပိုက်ဆံဟာ သူတို့ရဲ့ လောကုတ္တရာ ဘုရားသခင်ပဲ” လို့​ပြောခဲ့တယ်​။

( 3 ) ပိုက်​ ဆံရှာနိုင်တဲ့ပညာသာဥာဏ်ပညာအစစ်
်ဖြစ်တယ်

ပိုက်ဆံရှာနိုင်တဲ့ အခွင့်အရေးကို စွန့်လွတ်ခြင်းကို အပြစ်လို့ ရူ့ မြင်တယ်။ ဂျူးတို့ရဲ့ အယူအဆအရ ပိုက်ဆံရှာတတ်တဲ့ ဥာဏ်ပညာသာ ဥာဏ်ပညာအစစ်ဖြစ်တယ်။ ပိုက်ဆံဟာ ဥာဏ်ပညာကို တိုင်းတာတဲ့ ပေတံဖြစ်သွားတယ်။

image
Google

( 4 ) အမျိုးသမီးကို ချိန်ရွယ်ပါ။

ဂျူးလူမျိုး စီးပွားရေးလုပ်​တဲ့အ​တွေ့ အကြုံအရ ယော့က်ျားများဟာ ပိုက်ဆံရှာတယ်။ မိန်းမများဟာပိုက်ဆံသုံးတယ်။ အဲ့ဒါ​ကြောင့်​ စီးပွားရှာတယ်ဆိုတာ ပိုက်ဆံရှာတဲ့သူဆီထက် ပိုက်ဆံသုံးတဲ့သူများဆီကို အဓိကချိန်ရွယ်ပါတယ်

( 5 ) ပါးစပ်ကို ချိန်ရွယ်ပါ။

အစားအသောက်နဲ့ သက်ဆိုင်တဲ့လုပ်ငန်းကို ဆိုလိုပါတယ်။

( 6 ) 78:22 အချိုး

ဂျူးလူမျိုးတို့မှာ အရိုးစွဲနေတဲ့ အယူအဆတစ်ခုကတော့
78:22 အချိုးပါပဲ။

လူခန္ဓာကိုယ်ထဲမှာ ရေနဲ့ အခြားဒြပ်ရဲ့ အချိုးဟာ 78:22 အချိုးဖြစ်တယ်။

ဘဏ်လုပ်ငန်းရှင်တစ်ဦးအတွက် ငွေချေးသူနဲ့ ချေးငှားသူတို့ရဲ့ အချိုးဟာ
78:22 ဖြစ်တယ်။

ချမ်းသာသူများနဲ့ သာမာန်သူများရဲ့ အချိုးဟာလည်း 22:78 ဖြစ်ပြီး ပြောင်းပြန်အားဖြင့်​ ပိုင်ဆိုင်တဲ့ဥစ္စာဓန ရဲ့ အချိုးဟာလည်း 78:22 ဖြစ်ပါတယ်။
ပိုက်ဆံရှာတဲ့အခါမှာ သာမာန်ပြည်သူများရဲ့ ပိုက်ဆံကိုသာမက ချမ်းသာသူများရဲ့ ပိုက်ဆံကိုလည်း ပိုမို အာရုံစိုက်သင့်ပါတယ်။ စိမ်ခံပစ္စည်း အရောင်းအ၀ယ်လုပ်ငန်းမျိုးေ​တွ​ဖြစ်ပါတယ်။

လုပ်​ငန်း တ​​စ်ခုမှာ 78% ရဲ့ အောင်မြင်မူဟာ 22% တို့ရဲ့ ကြိုးစားအားထုတ်မူကြောင့်ဖြစ်ပါတယ်။

အောင်မြင်သူတို့အတွက်က​တော့ 78 %ဟာ​လေ့ လာသင်ယူချိန်​​တွေဖြစ်​ပြီး 22% က​တောို့လက်တွေ အ​ကောင်အထည်​ဖော်ချိန်ေ​​​တွ​ဖြစ်​ပါတယ်​။

လူတစ်ယောက်ရဲ့ အောင်မြင်မူဟာ 78%သော ဆက်ဆံရေး နဲ့ 22 % သော ဥာဏ်ပညာတို့နဲ့ သက်ဆိုင်ပါတယ်။

image
Google

( 7 ) အမြတ်ယူခြင်းဟာ တရားမျှတမှုရှိပါတယ်

စီးပွားရေး လုပ်တယ်ဆိုတာ အမြတ်ကို လုံးဝ အခြေခံရပါမယ်​။အကျိုးအမြတ်​သာလျင်​ အဓိကပါ။
အမြတ်ကြောင့် ချမ်းသာခြင်း​​ဖြစ်ပြီး ချွေတာခြင်းကြောင့် ချမ်းသာခြင်း မဟုတ်ပါ။

( 8 ) မှန်မှန်ကန်ကန် ဥာဏ်ပညာ ရှိပါစေ

စီးပွားရေး လောကဆိုတာ စစ်တိုက်​​နေရသလိုပါပဲ။ လျင်မြန်ဖြတ်လတ်ပြီး အဆုံးအဖြတ်မြန်ရတယ်။ အခြေအနေကို အမြန်ခန့်မှန်းရတယ်။ နည်းနည်းလေး သတိ​လစ်​ရုံနဲ့ အခွင့်အရေး​တွေ လက်​လွတ်​ရတတ်​ပါတယ်​။

( 9 ) အခက်အခဲရဲ့ နောက်ကွယ်မှာ အခွင့်အရေး

ဂျူးတို့ဟာ ကိုယ်ပိုင်နိုင်ငံမရှိခဲ့တဲ့ အတွက်ကြောင့် သာမာန်သူများထက် အခက်အခဲ မျိုးစုံ ကြုံတွေ့ခဲ့ကြရပါတယ်။ အခက်အခဲ ပေါင်းစုံကြားထဲကနေ အခွင့်​အ​ရေး​တွေ​စောင့်​ဆိုင်းရယူပြီး အသက်​ရှင်​ရပ်​တည်​ခဲ့ကြပါတယ်​။

( 10 ) ရွှေကဲ့သို့ တန်ဖိုးရှိ​သော အချိန်

ဂျူး​တွေမှာ “အချိန်ကို ဓါးပြလာမတိုက်နဲ့” ဆိုတဲ့ စီးပွားရေး စကားပုံ တစ်ခုရှိပါတယ်။ အချိန်တိုင်းဟာ ရွှေကဲ့သို့ တန်ဖိုးရှိတယ်။ ကိုယ်ပိုင်အချိန်ကို တန်ဖိုးထားသင့်သလို သူများအချိန်ကိုလည်း ​​လေးစားသင့်ပါတယ်​။အချိန်​ကိုဖြုန်းတီးခြင်းဟာ ရိုင်းစိုင်းတဲ့ အပြုအမူဖြစ်​ပ်ါတယ်။

image
Google

( 11 ) သတင်းဦး သည် အခွင့်အရေးကိုဖန်တီး​စေတယ်။

စီးပွားရေးလောကမှာ အနိုင်အရှုံးကိုဆုံးဖြတ်​တာ လက်ဦးမှုပါ။ လက်ဦးမှုယူနိုင်​တာ သတင်းဦးရလို့ပါ။

( 12 ) စာချုပ်စာတမ်းကို ဘုရားသခင်နဲ့ သဘောတူညီထားတဲ့အချက်အတိုင်း​လေးစားတယ်

ဂျူး​တွေဟာနှုတ်​ကတိထက် စာချုပ်ကို အလေးထားသူများဖြစ်ပါတယ်​​။ စာချုပ်ကို ဘုရားသခင်နဲ့ သဘောတူညီထားချက်အတိုင်း လေးစားကြပါတယ်​။

( 13 ) စီးပွားရေး မှ စီးပွားရေး

စီးပွားရေးမှာ ဖောက်သည်သာရှိ၍အမျိုးမရှိပါ။ အကျိုးအမြတ်ကို သာ အာရုံစိုက်ရပါတယ်​။
အားနာတတ်ခြင်းဟာ စိတ်ဓါတ်အားနည်း ခြင်းတစ်မျိုးပါ

ဂျူးတို့ရဲ့စီးပွား​ရေးအယူအဆများ | Ecency