တစ်ယောက်တည်းစိတ်

Words
117
Reading
1 min
Listen
Play
8y

ဆက်ဆံရေးကောင်းမွန်ခြင်း၊ အပေါင်းအသင်းဆန့်ခြင်း၊ အဖေါ်များခြင်း၊ စသည်တို့ဟာ အရည်အချင်းတစ်ရပ်အဖြစ် အသိအမှတ်ပြုကြပါတယ်။
ဒါပေမဲ့ လူတော်တော်များများ မစဉ်းစားမိတဲ့အချက်တစ်ခုရှိပါတယ်။ တစ်ယောက်တည်း အဆင်ပြေပြေ နေထိုင်တတ်ခြင်းဟာလည်း အရည်အချင်း တစ်မျိုးဖြစ်ပါတယ်။
တစ်နည်းပြောရရင် ဆက်ဆံရေးမကောင်းခြင်းဟာ အားနည်းချက်ဖြစ်သလို၊ တစ်ယောက်တည်း အဆင်ပြေပြေ မနေထိုင်တတ်ခြင်းဟာလည်း အားနည်းချက်ဖြစ်ပါတယ်။
တစ်ယောက်တည်း နေထိုင်တတ်ခြင်းဟာ အရည်အသွေး တစ်ရပ်ဖြစ်ပါတယ်။
လူတိုင်းမှာ ဒီအရည်အချင်းမျိုး မပိုင်ဆိုင်ကြပါ။ ဒီအရည်အချင်းပိုင်ဆိုင်လို့ အထီးကျန်ခြင်းမဟုတ်ပါ။
အထီးကျန်ခြင်းအပေါ် အကျင့်ဖြစ်သွားစေပြီး စိတ်တည်တည်ငြိမ်ငြိမ်နဲ့ တစ်ခုခု အကျိုးဖြစ်ထွန်းအောင် ကြံစည်လုပ်ဆောင်သွားနိုင်တာကို ဆိုလိုပါတယ်။

image
google

  • လူတော်တော်များများဟာ အထီးကျန်လာပြီလို့ ခံစားရပြီဆိုရင် ခြေမကိုင်မိ၊ လက်မကိုင်မိ၊ ဂနာမငြိမ်တော့ဘူး၊ ဘာလုပ်ရမှန်းမသိတော့ဘူး။ ပျင်းလိုက်တာ၊ ငြီးငွေ့လိုက်တာ စသည်ဖြင့် တစ်ဖျစ်တောက်တောက်ငြီးတွားလာပြီး အထီးကျန်မူပပျောက်သွားအောင်ကြံဆောင်လာပါတော့တယ်။
    ပျင်းလို့ အရက်သောက်မိတယ်။
    ပျင်းလို့ မူးယစ်ဆေးဝါးဆော့ရင်းနဲ့ စွဲသွားတယ်။ ပျင်းလို့ လောင်းကစား သွားလုပ်မိရာ အကုန်ပြောင်သွားတယ် စသည်ဖြင့် ခဏခဏ ကြားဖူးလေ့ရှိပါတယ်။

  • အထီးကျန်မူကို အကျင့်ရသွားသူများဟာ မူလတုန်းက အထီးကျန်မူကို မလိုလားခဲ့ကြပေမဲ့ နောက်ပိုင်းမှာ အာရုံပြောင်းတတ်လာပြီး စာဖတ်ခြင်း၊ စာရေးခြင်း၊ ပန်းချီဆွဲခြင်း၊ ကိုယ်ဝါတနာပါရာ အလုပ်တစ်ခုခုကို လုပ်ကိုင်ခြင်း စသည်ဖြင့် အထီးကျန်မူနဲ့ အရောတ၀င်ဖြစ်လာပြီး ဘ၀နေထိုင်မူ အဆင်ပြေလာစေပါတယ်။

image
google

  • တစ်ယောက်တည်း နေထိုင်မူကို အထီးကျန်တယ်လို့ပင် မစဉ်းစားမိတဲ့လူတွေဟာ တစ်ယောက်တည်းနေရတဲ့အချိန်ကို ပိုမိုနစ်သက်ကြပါတယ်။
    အေးအေးဆေးဆေးနဲ့ ကိုယ့်အလုပ်ကို ပြီးမြောက်အောင် လုပ်နိုင်တဲ့အတွက်ကြောင့်ပါ။ ထူးချွန်တဲ့ပုဂ္ဂိုလ်တော်တော်များများဟာ နေ့စဉ် တစ်ယောက်တည်း နေတဲ့အချိန် ( ၂ )နာရီ၊ ( ၃ ) နာရီ ပေးရပါတယ်။
    ဘယ်လောက်ပဲအလုပ်များများ သူတို့ဟာ ကို်ယ်ပိုင်အချိန်ကို မရရအောင် စီစဉ်တတ်ပါတယ်။ အဲဒီအချိန်မှာ သူတို့ဟာ အကြောင်းအရာတစ်ခုခုကို လေးလေးနက်နက် စဉ်းစားနိုင်ပြီး ဆုံးဖြတ်ချက်ကို တိတိကျကျ ချမှတ်နိုင်တယ်လို့ ဆိုပါတယ်။
တစ်ယောက်တည်းစိတ် | Ecency