တာဝန်ခံမှု

Words
179
Reading
1 min
Listen
Play
8y

ဂျပန်နိုင်ငံ တိုကျိုမြို့တော်မှာ မြို့ပတ်ရထားစီးတုန်းက အတွေ့အကြံု
တစ်ခုကို အမှတ်ရနေမိပါတယ်။

တိုကျိုကိုပတ်တဲ့ မြို့ပတ်ရထားတွေက ၅၉ မိနစ်တိတိကို တစ်ပတ်
ပတ်နေတဲ့ ရထားတွေပါ။

အချိန် အလွန်တိကျပါတယ်။

image
photo - google

တစ်ခါမှာတော့ တဲွတစ်တဲွပေါ်မှာ Wheel Chair နဲ့ မသန်စွမ်းသူ
ခရီးသည်တစ်ဦး ပါလာပါတယ်။

သူ့ကို အဆင်းအတက်လုပ်ချိန်ကလေး စောင့်ပေးရတဲ့အတွက်
အချိန်ကလေး နည်းနည်းပိုကြာသွားပါတယ်။

အဲဒါကို ဂျပန်ရထားကနေရာအနှံ့မှာတပ်ဆင်ထားတဲ့ ဆာင်းဘောက်ခ်
ကတစ်ဆင့် ကြေညာပေးပါတယ်။

ကျွန်မတို့ရဲ့ ရထားဟာ၅၉ မိနစ်တိတိမှာ တိုကျိုမြို့တော်ကိုတစ်ပတ်
ပတ်ရမှာ ဖြစ်ပေမယ့်...ယခု ခရီးစဥ်မှာ မသန်စွမ်းခရီးသည်တစ်ဦးကို
တင်ဆောင်လာတဲ့အတွက် မိနစ် ၆၀ ကြာညောင်းမှာဖြစ်ပါတယ်...
ခရီးသွားတို့ရဲ့ အချိန်ကို ၁ မိနစ် ပိုသံုးမိတဲ့အတွက် ခွင့်လွှတ်ဖို့ရာ
တောင်းပန်အပ်ပါတယ်ရှင်။

အချိန် ၁ မိနစ်တိတိ ပိုကြာသွားတဲ့အတွက်ကိုယ့်တာ၀န်ကိုယ်ယူကာ
တောင်းပန်နေတဲ့ ဂျပန်မီးရထား၀န်ဆောင်မှုအပေါ် ကျွန်တော်
ကြည်နူးမိတာအမှန်ပါ။

image
photo - google

ဂျပန်ကလာတဲ့သတင်းတွေမှာ အဲ့သည်​လို တာ၀န်ခံမှု(Responsibility)နဲ့
ဆက်နွှယ်တဲ့ သတင်းတွေက မကြာခဏပါပဲ။

၂၀၀၉-၂၀၁၀ တုန်းက ဘရိတ်စနစ် ချွတ်ယွင်းတယ်လို့ဆိုပြီး တိုယိုတာ
ကုမ္ပဏီက ကားအစီးရေ ၁၂ သန်း ပြန်သိမ်းပါတယ်။

တစ်ခါ ၂၀၁၅ တုန်းက လေအိတ်စနစ် ချို့ယွင်းလို့ဆိုပြီး တိုယိုတာကပဲ
ကားအစီးရေ ၁၀ သန်း ပြန်သိမ်းပြန်ပါတယ်။

အဲ့သည် ၂၀၁၅ ထဲမှာပဲ တံခါးစနစ် ချို့ယွင်းတယ်လို့ဆိုပြီး တိုယိုတာက
ကားအစီးရေ ၆ ဒသမ ၅ သန်း ပြန်သိမ်းပြန်ပါတယ်။

၂၀၁၆ ထဲမှာလည်း သည်အတိုင်းပါပဲ။

လေအိတ်စနစ် ချို့ယွင်းတယ်လို့ဆိုကာ
ပြန်သိမ်းတဲ့ ကားတွေက အစီးရေ ၃ ဒသမ ၄ သန်းပါတဲ့။

တိုယိုတာက ၁ ဒသမ ၇၃ သန်း၊ ဟွန်ဒါက ၁ ဒသမ ၁၃ သန်း၊
နစ်ဆန်းက ၅ သိန်းနီးပါး၊ မာဇဒါက ၄ သောင်းခဲွ။

တာကာကာက ထုတ်တဲ့ လေအိတ်စနစ် ချို့ယွင်းတာကြောင့်
အကုန်ပြန်သိမ်းတာလို့ ဆိုပါတယ်။

ဒါတွေအားလံုးဟာ ကိုယ့်တာ၀န် ကိုယ်ယူတဲ့ကိစ္စ၊ ကိုယ့်ပြဿနာ
ကိုယ်တာ၀န်ခံတဲ့ကိစ္စ လို့ပဲ ထင်ပါတယ်။

ဂျပန်စားသောက်ဆိုင်ကလေးတစ်ဆိုင်ထဲမှာစားသံုးသူတစ်ယောက်
၀င်လာပြီးတ့ဲအခါ စားစရာ သောက်စရာ မှာပြီးတဲ့နောက်
စားပဲွပေါ်ကို လက်ထောက်ပါတယ်။

တစ်နေရာမှာ စားပဲွပေါ်ကအချဥ်ရည်လို အရာမျိုးပေသွားတာကြောင့်
သူ့အကျႌရဲ့ တံတောင်ဆစ်နေရာက စွန်းပေသွားတဲ့ အကွက်ကို
ကြည့်ပါတယ်။

သူက ဆိုင်ကို ဘာမှ တုံ့ပြန်တာမဟုတ်ပါဘူး။

ဒါပေမယ်​့ ဆိုင်က ဒါကို သတိပြုမိသွားတဲ့အခါ စားပဲွထိုးသမီးငယ်
တစ်ယောက်ရယ်၊ဆိုင်ရဲ့ တာ၀န်ရှိသူဖြစ်ပံုရတဲ့ တစ်ယောက်ရယ်တို့
အနားကိုရောက်လာကြကာပျာပျာသလဲကိုပဲတောင်းပန်ကြပါတယ်။

တောင်းဆိုတာကို ကျေနပ်တဲ့အထိ ဆောင်ရွက်ပေးပါမယ်ဆိုတဲ့
မျက်နှာထားတွေနဲ့။

ကြည်နူးဖိ့ု သိပ်ကောင်းပါတယ်။

တာဝန်ခံမှု | Ecency