အခွီ..

Words
113
Reading
1 min
Listen
Play
8y

တခါက

မုဆိုးတွေချည်းလာတတ်တဲ့ အရက်ဆိုင်ထဲမှာ...
မုဆိုးကြီးတစ်ယောက်က သူ့ရဲ့မုဆိုးအတတ်ပညာကို ကြွားလုံးထုတ်နေတယ်

သူဟာ ဘယ်လောက်ထိ မုဆိုးပညာကို ကျွမ်းကျင်သလဲ ဆိုရင်... ...
သားကောင်တစ်ကောင်ရဲ့ သားရေပေါ်က အမွေးအမျှင်ကို မျက်လုံးမှိတ်ပြီး စမ်းကြည့်တာနဲ့တင် ဘာကောင်လဲဆိုတာ ပြောနိုင်တယ်တဲ့

ကျန်သေးတယ်...
အဲဒီသားရေပေါ်က ဒဏ်ရာအပေါက်ကိုလည်း မျက်လုံးမှိတ်ပြီး စမ်းကြည့်တာနဲ့တင် ဘာလက်နက်နဲ့ အသတ်ခံရတယ်ဆိုတာလဲ ပြောနိုင်တယ်တဲ့

နားထောင်နေတဲ့ လူတွေက မယုံဘူး
စမ်းသပ်ကြည့်မယ်၊ တခါမှန်ရင် အရက်တခွက်တိုက်မယ်ပေါ့ အလောင်းအစားလုပ်ကြတယ်... ..

သူ့မျက်နှာကို အဝတ်စည်းလိုက်ကြတယ်
သားရေတချပ် ယူလာတယ်
သားရေပေါ်က သားမွေးကို စမ်းကြည့်တယ်...
ဒဏ်ရာအပေါက်ကိုလည်း စမ်းကြည့်တယ်...
ပြီးတော့ ပြောတယ်... ...

"ဝက်ဝံ၊ ပွိုင့် ၃၀၈ ရိုင်ဖယ်နဲ့ အပစ်ခံရတာ" ...မှန်တယ်။

နောက်ထပ် သားရေတချပ် ယူလာပြန်တယ်
သားရေပေါ်က သားမွေးကို စမ်းကြည့်တယ်...
ဒဏ်ရာအပေါက်ကိုလည်း စမ်းကြည့်တယ်...
ပြီးတော့ ပြောတယ်... ....

"သမင်၊ ၇မမ မဂ္ဂနမ်ရိုင်ဖယ်နဲ့ အပစ်ခံရတာ" ...မှန်တာပဲ။

ဒီလိုနဲ့...
တခုပြောလိုက် အရက်တစ်ခွက်သောက်လိုက် လုပ်လာတာ၊ တော်တော်လည်း မူးရော သူငယ်ချင်းတွေက အိမ်ကိုပြန်ပို့လိုက်ကြတယ်

image
Google

နောက်ရက်မနက် အိပ်ယာနိုးတော့ ခေါင်းမှာ ဖုသီးနှစ်လုံး၊ မျက်လုံးကလည်း ဖူးယောင်ညိုမဲလို့
ဒါနဲ့ သူ့မိန်းမကို မေးကြည့်တာပေါ့... ...

"ငါ ညက ရန်ဖြစ်လာသလား"

"ဖြစ်ပါဘူး"

"ဒါဆို ဒီအဖုတွေ အညိုအမဲတွေက ဘယ်လိုဖြစ်ရတာလဲ"

"ကျမတီးထားတာ"

"ဟင်... ဘာလို့လဲကွ"

"ရှင်ညက အိပ်ရာထဲ ဝင်လာတော့.. ကျမကို မဖွယ်မရာနေရာ စမ်းကြည့်တယ်၊
ပြီးတော့ ပါးစပ်ကလည်း အော်တယ်"

"ဘာအော်သလဲ"

"လူ၊ ရဲဒင်းနဲ့ အခုတ်ခံရတာ တဲ့"

အခွီ.. | Ecency