မနက်ဖြန်ဆိုတာ အရမ်းပေးလို့ကောင်းတဲ့ ဆင်ခြေတစ်ခုပါ။
လူတိုင်းလည်း မနက်ဖြန်မှလုပ်မယ်ဆိုတဲ့ ဆင်ခြေပေးဖူးကြမှာပါ။
ဒါပေမယ့် မနက်ဖြန်နဲ့
ကိုင်ပေါက်တာများနေပြီး ဘာမှဖြစ်ဖြစ်မြောက်မြောက်မပြီး
သေးဘူးဆိုတာကို ကိုယ်တိုင်သိပြီး လက်ခံဖို့လိုပါတယ်။
google
လူဆိုတာ ပျင်းတတ်တဲ့အမျိုးပါ။
ပုံမှန်ပျင်းတာ ဘာမှမဖြစ်သေးပါဘူး။
ဒါပေမယ့် အပျင်းရောဂါကပ်သွားပြီဆိုရင်တော့
ပျောက်အောင်ကုဖို့အချိန်ကြာတတ်ပါတယ်။ ဒါဟာ အမှန်ပြောရရင် ကြောက်ဖို့ကောင်းပါတယ်။ အခုအချိန်မှာ သိပ်ပြီးတော့
ထင်ထင်ရှားရှား မရှိသေးပေမယ့် အချိန်ကြာလာတာနဲ့
အမျှ နောက်မှာကျန်ခဲ့ပြီး စိတ်ကျရောဂါတွေဝင်လာတတ်ပါတယ်။
သူများတွေ ဘဝမှာ
တစ်စုံတစ်ခု အောင်မြင်တဲ့အချိန်ကျမှ နောင်တရပြီး
အားငယ်စိတ်တွေဝင်လာပါလိမ့်မယ်။ အဲ့ဒီလိုအချိန်မှာ
ကုသရတာပိုခက်ပါတယ်။
အနာဟာ နုတုန်းကုတာ အကောင်းဆုံးပါပဲ။
အနာရောဂါရင့်သွားမှကုတဲ့သူတွေဟာ အခန့်
မသင့်ရင် ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ဆုံးရှုံးရတတ်
ပါတယ်။
တစ်ခါတစ်လေ အသက်အန္တရာယ်တောင်ရှိပါ
တယ်။
သင့်ရဲ့အပျင်းကိုလည်း မကုရင် သင့်အပျင်းက
သင့်ဘဝကို လှိုက်စားသွားပါလိမ့်မယ်။
အပျင်းဟာ
ကြာလေ ကုသရခက်လေ ဆိုတာ မမေ့ပါနဲ့။ မနက်ဖြန်ဆိုတဲ့ ဆင်ခြေတွေပေးမဲ့အစား လုပ်စရာရှိတာကို စလုပ်ပါ။
ဟိုနေ့လုပ်မယ် ဒီနေ့လုပ်မယ်ဆိုပြီး
ရောင်ခြည်သန်းတဲ့မနက်ဖြန်ကို ဒီနေ့မှာသင်မကြိုးစားပဲ
နဲ့ မြင်ရမှာမဟုတ်ပါဘူး။