This content got low rating by people.

ပန်းချီပညာရီင်

alyk(10)
Published in
#esteem
Words
102
Reading
1 min
Listen
Play
8y

ပုံပြင်လေးကတော့ ဗီယမ်နမ်စစ်ပွဲမှာတိုက်ပွဲဝင်ခဲ့တဲ့
စစ်သား တစ်ယောက်အကြောင်းပါ။ သူဟာစစ်ကြီးပြီး
သွားလို့ အိမ်ပြန်ရတော့မယ့်သူပါ။ ဒါကြောင့်.....
ဆန်ဖရန်စ္စကိုမှသူရဲ့မိဘတွေဆီကိုဖုန်းဆက်ခဲ့ပါတယ်။

"အဖေနဲ့အမေ သားအခုအိမ်ပြန်လာရတော့မယ်
ဒါပေမယ့် သားအကူအညီတစ်ခုလိုနေတယ်....
အိမ်ကို သားနဲ့အတူ ခေါ်ခဲ့ချင်တဲ့သူငယ်ချင်း
တစ်ယောက်ရှိတယ်..."
"အော်....အမေတို့လည်းသူ့ကိုတွေ့ချင်ပါတယ်....
ခေါ်ခဲ့ပေါ့သားရယ်..."
မိဘတွေကလည်းကြိုကြိုဆိုဆိုပြန်ပြောသည်။

"အမေနဲ့အဖေ.....သိထားသင့်တာနောက်ထပ်
ရှိသေးတယ်...သူကတိုက်ပွဲမှာဆိုးဆိုးရွားရွား
ထိခိုက်ဒဏ်ရာရခဲ့တယ်အမေ....
မြေမြှုပ်မိုင်းနင်းမိပြီးခြေတစ်ဖက်နဲ့လက်တစ်
ဖက် ဆုံးရှုံးခဲ့ရတယ်...သူ့မှာအခြားသွားစရာ
နေရာလည်းမရှိဘူး..ဒါကြောင့် သားကသူ့ကို
သားတို့နဲ့အတူနေဖို့ခေါ်ခဲ့ချင်တာပါ..."

"ကြားရတာစိတ်မကောင်းလိုက်တာသားရယ်..
အမေတို့ သူ့အတွက်နေဖို့ရာ အခြားနေရာ
တစ်ခုခုကို ရှာပြီး ကူညီပေးနိုင်မှာပါသား"
"မဟုတ်ဘူးအမေ....သားကသားတို့နဲ့ပဲအတူ
နေစေချင်တာ...."

ဤနေရာတွင် အဖေကဝင်၍ပြောသည်။

"ငါ့သား..အခုသားတောင်းဆိုနေတာကို
သားမသိဘူးလား....သူ့လိုမျိုး ဒုက္ခိတ
တစ်ယောက်ကအဖေတို့မိသားစုအတွက်
ကြီးမားတဲ့ဝန်ထုပ်ဝန်ပိုးဖြစ်စေနိုင်တယ်...
အဖေတို့မှာလည်းအသက်ရှင်ဖို့ ကိုယ်ပိုင်
ဘဝတွေရှိကြသေးတယ်....
အဖေကတော့ တို့မိသားစုဘဝတွေအတွက်
အနှာက်အယှက်၊ အဟန့်အတားဖြစ်စေမယ့်
အရာကိုတော့ခွင့်မပြုနိုင်ဘူးသား...
ဒါကြောင့် သူ့အကြောင်းကိုမေ့ပြီးအိမ်ကိုသာ
အခုချက်ချင်းပြန်လာတော့..သားသူငယ်ချင်း
လည်း အသက်ဆက်ပြီးရှင်ဖို့ရာသူကိုယ်တိုင်
နည်းလမ်းတစ်ခုခုတော့တွေ့မှာပါသားရယ်..."

အဲ့ဒီမှာပဲ စစ်သားလေးဟာဖုန်းချလိုက်ပါတော့တယ်။
အဲ့ဒီနောက်ပိုင်းမှာတော့ မိဘတွေဟာသားဖြစ်သူအကြောင်း
ကို နောက်ထပ်ဘာဆိုဘာမျှ မကြားရတော့ပါဘူး။

နောက်ရက်အနည်းငယ်အကြာမှာတော့ မိဘတွေဆီကို
ဆန်ဖရန်စ္စကို ရဲစခန်းမှဆက်သွယ်အကြောင်းကြားပါတယ်။ သားဖြစ်သူ စစ်သားလေးဟာ အဆောက်အဦးတစ်ခုပေါ်မှ
ပြုတ်ကျလို့ ဆုံးပါးသွားပြီဖြစ်ကြောင်းသူတို့ကိုပြောပါတယ်
ရဲတွေကတော့ ဒါဟာ မိမိကိုယ်ကိုအဆုံးစီရင်သွားတယ်လို့
ယုံကြည်ကြပါတယ်။
သောကပရိဒေဝမီးတောက်လောင်နေသောမိဘနှစ်ပါးဟာ
ဆန်ဖရန်စ္စကိုပြန်သွားခဲ့တယ်။ အဲ့ဒီနောက်တော့ သားဖြစ်
သူ၏ ရုပ်အလောင်းဟုတ်မဟုတ် အတည်ပြုရန်အတွက်
သူတို့ကိုလည်း ရင်ခွဲရုံသို့ ခေါ်ဆောင်သွားခဲ့ကြတယ်။

သေဆုံးသူဟာ သူတို့၏သားဆိုတာကို သိခဲ့ရလေပြီ။
သူတို့မသိသေးသော မျှော်လင့်မထားသောအရာကိုပါ
တွေ့ရှိခဲ့ခြင်းကြောင့် ထိတ်လန့်တုန်လှုပ်ကာယူကျုံးမရ
ဖြစ်ခဲ့သည်။ ဘာကြောင့်လဲဆိုတော့ သေဆုံးသွားသော
သားဖြစ်သူမှာခြေတစ်ဖက်နှင့်လက်တစ်ဖက်သာရှိခဲ့သည်။

သာသာပြန်
image
alyk@alyk