One Day

alyk(10)
Published in
#esteem
Words
108
Reading
1 min
Listen
Play
8y

တစ်နေ့တော့ ...
ဒီလိုချည်း ပဲ အမြဲတမ်း ရှိမနေဘူး
တစ်နေ့တော့ ခွဲကို ခွဲရဦးမှာ

တစ်နေ့တော့ ကိုယ်က ထားခဲ့မှာလား 
   တစ်နေ့တော့ သူက ထားခဲ့မှာလား
       ဒါလေးပဲ ကွာခြားသွားတယ် 

တစ်နေ့တော့ ထားကို ထားခဲ့မှာချည်းပဲ

ဒါကြောင့် ………
ခုနေ အနားမှာ ရှိနေလို့လည်း
တရားလွန် ပျော်မနေနဲ့ဦး

တစ်နေ့တော့ …
" သေကွဲ နဲ့ ခွဲရဦးမှာပါလား " ဆိုတဲ့
သတိလေးတော့ ရှိပါဦး

ခုနေ အနားက ထွက်ခွာသွားလို့လည်း
တရားလွန် စိတ်ဓာတ် ကျ မသွားနဲ့ဦး

တစ်နေ့တော့
သေကွဲနဲ့ပါ ထပ်ပြီး အခွဲခံရဦးမှာ

ခုနေ အနားကို ရောက်မလာသေးလို့
မျှော်တော်ဇော နဲ့ ရှာမနေနဲ့ဦး

တစ်နေ့တော့
ရောက်လာဖို့ အတွက်
သေကွဲ က အဆင်သင့် ရှိနှင့် ပြီသား

စေတနာ နဲ့ ထပ်ပြီး ပြောလိုက်မယ် …
တစ်နေ့တော့ အားလုံး ကို ခွဲကို ခွဲရဦးမှာပါပဲ

ဒီတော့ မခွဲခင်လေးမှာ
ဘဝကို တန်ဖိုးရှိအောင် ကုသိုလ်ကောင်းမှုတွေနဲ
ကုသိုလ်ဆက်ခဲ့နိုင်အောင် ကြိုးစားရမယ်

နေခြင်း နဲ့ သေခြင်း ကြားမှာ ,
ချစ်လိုက် ရတဲ့ အချစ် မုန်းလိုက် ရတဲ့ အမုန်း
လွမ်းလိုက် ရတဲ့ အလွမ်း
လုပ်လိုက် ရတဲ့ အလုပ်

နောက်ဆုံးတော့လည်း
တစ်နေ့တော့ ဘဝ နေဝင်ချိန် ရောက်တဲ့အခါ
အားလုံး ကို ထားခဲ့ ရတာပါပဲ လေ …

image
alyk@alyk

One Day | Ecency