"ကျွန်ုပ်၏ကိုယ်စား ကိုယ်ပွားများ"
လောက၌မွေးဖွားလာသောလူတိုင်းတွင် "လောဘ ဒေါသ မောဟ" ဤသုံးမျိုးသည် အားလုံးအတူတူပင်ပါသည်။သို့သော် အနည်းအများသာ ကွာခြားကြသည်။
ဤလောဘ ဒေါသ မောဟ များကို အလောဘ အဒေါသ အမောဟ ဖြစ်ရန် နေ့စဉ်ကြိုးစားလေ့ကျင့်ကာ စိတ်ဓာတ်များကို ပြုပြင်ပြောင်းလဲသင့်သည်။
လောက၌ လူတစ်ယောက်တွင် ဆရာပေါင်းစုံ စရိုက်ပေါင်းစုံ စိတ်ဓာတ်ပေါင်းစုံ ပညာပေါင်းစုံရှိ၏။ အပြန်အလှန်အားဖြင့် ဆရာတစ်ယောက်တွင်လည်း ဗီဇ စရိုက် ဝါသနာ ပတ်ဝန်းကျင် စိတ်ဓာတ်မတူညီသော တပည့်ပေါင်းများစွာရှိသည်။ ဆရာတစ်ယောက်သည် မိမိတာဝန်ယူရသည့် တပည့်များကို အလေးအနက်မထားဘဲ ပေါ့ပေါ့တန်တန် သဘောထားကာ နေ့စဉ်အကဲဖြတ်ခြင်းကို သတိမထားမိပါက လူစိတ်ပျောက်၍ခံစားချက်မဲ့ အတ္တကြီးသောလူများအဖြစ်မွေးဖွားရှင်သန်လာကြမည်ဖြစ်သည်။လူတစ်ယောက်၏ပြောင်းလဲလာမှုကို နေ့စဉ်ဂရုစိုက် ပြုပြင်ထိန်းသိမ်း၍ လမ်းမှန်ရောက်ရန်တည့်ပေးသင့်ပေသည်။ မိဘများမှကျွေးမွေးပြုစုစောင့်ရှောက်ခြင်းသည် ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးမှုအတွက်အထောက်အပံ့ဖြစ်ပြီး ဆရာများ၏ဂရုစိုက်ပြုပြင်ထိန်းသိမ်းဆုံးမသွန်သင်စောင့်ရှောက်ခြင်းသည် အသိပညာဖွံ့ဖြိုးတိုးတက်ကာ လူတစ်ယောက် လူစိတ်ပေါက်ရန်အတွက် အထောက်အပံ့ဖြစ်သည်။ထို့ကြောင့် မိဘသည် လူသားတစ်ယောက်ကို မွေးထုတ်လိုက်ခြင်းသာဖြစ်သော်လည်း ဆရာသည် လူသားတစ်ယောက်ကို လူဖြစ်ရန်နှင့် လူစိတ်ရှိရန် မွေးဖွားပေးသူဖြစ်သည်။
သက်ရှိသတ္တဝါများဖြစ်သည့် လူနှင့်တိရစ္ဆာန်တို့သည် ခန္ဓာရရှိကြတာခြင်းတူသော်လည်း ခန္ဓာဖွဲ့စည်းပုံနှင့်စိတ်ဓာတ်အလိုက် အခေါ်အဝေါ်သတ်မှတ်ချက်များ ပြောင်းလဲကုန်ကြခြင်းဖြစ်သည်။သက်ရှိသတ္တဝါတိုင်း၌ အကောင်းနှင့်အဆိုး အုပ်စုနှစ်စုသာကွဲသည်။အဘယ်ကြောင့်ဆိုတာ စနစ်တကျ ပြုစုစောင့်ရှောက်လေ့ကျင့်ပေးမှုရှိခြင်း မရှိခြင်းကွာခြားသောကြောင့်ဖြစ်သည်။ ဆရာများနှင့်စနစ်တကျလေ့ကျင့်ပြုစုစောင့်ရှောက်ခံရတာခြင်းတူသော်လည်း ဆရာများ၏စိတ်ဓာတ်နှင့်ကိုယ်ရည်ကိုယ်သွေးကွာခြားမှုအလိုက် ထူးချွန်ထက်မြက်အကင်းပါးအလိုက်သိမှုတွေ ကွာခြားကြသည်။ ဉာဏ်ရည်မမီသောသက်ရှိသည်ပင် ထူးချွန်မှုတစ်ခု အသုံးဝင်မှုတစ်ခုတော့ ရှိစမြဲပင်ဖြစ်သည်။ ထိုအရိပ်အကဲကို သိ၍ဖြည့်ဆည်းလေ့ကျင့်ပေးနိုင်သူမှာ ဆရာပင်ဖြစ်သည်။ ထို့ကြောင့်ဆရာသည် မိမိတို့၏ရှေးရေစက်ကြောင့်ဆုံဆည်းတွေ့ဆုံခွင့်ရသော တပည့်များများကို အရည်အချင်းစိတ်ဓာတ်အလိုက် လက်တွဲခေါ်၍ မိမိထက်ပိုထူးချွန်ထက်မြက်သောသူများဖြစ်ရန် လေ့ကျင့်သင်ကြားပြုပြင်သွန်သင်ရမည်ဖြစ်သည်။ ဆရာတစ်ယောက်မှမွေးဖွားပေးလိုက်သောသူများသည် မတူညီသော နိုင်ငံ့တာဝန်များကို ဌာနဆိုင်ရာလုပ်ငန်း အသီးသီး၌ မျှဝေတာဝန်ယူ ထမ်းဆောင်ကြရမည့်သူများဖြစ်၍ မိမိတို့မွေးဖွားပေးလိုက်သောသူများသည်လည်း လူစိတ်ရှိသောလူများဖြစ်ရန် အလွန်အရေးကြီးပေသည်။ မြန်မာနိုင်ငံ၌ယခုဆိုလျှင် လူတစ်ယောက်သည် ဆရာအသီးသီး၏လက်ဆင့်ကမ်းအချိတ်အဆက်ဖြင့် (KG+12 ) အတန်းစဉ် စနစ်တကျလေ့ကျင့်ပြုစုပေးတော့မည်ဖြစ်ရာ လူတစ်ယောက် လူဖြစ်ရန်နှင့်လူစိတ်ရှိသောလူအဖြစ်မွေးဖွားရှင်သန် တစ်နိုင်ငံလုံးရှိ ဆရာအားလုံး၏တာဝန်သာဖြစ်ပေတော့မည်။
ဆရာတစ်ယောက်၏ ဦးဆောင်လေ့ကျင့်သင်ကြားပေးမှုနောက်လိုက်ရသော တပည့်များ၏ ခံယူချက် စိတ်ဓာတ် လုပ်ရပ်များသည် သင်္ကန်းဝတ်ခြင်းတူသော်လည်း မြတ်စွာဘုရားရှင်၏ဆုံးမလမ်းညွှန်ဦးဆောင်မှုနောက်လိုက်သောတပည့်များ၏စိတ်ဓာတ်နှင့်ဘဝရှင်သန်ရပ်တည်မှုနှင့် ဒေဝဒါတ်၏ဦးဆောင်လမ်းညွှန်မှုနောက်လိုက်သောတပည့်များ၏စိတ်ဓာတ်နှင့်ဘဝရှင်သန်ရပ်တည်မှု ဘဝကွာခြားသကဲ့သို့လည်းကောင်း
အယူဝါဒမတူသော ဒိဌိဆရာကြီးခြောက်ရောက်၏ဦးဆောင်လမ်းညွှန်မှုနောက်လိုက်သောတပည့်များ၏စိတ်ဓာတ်နှင့်ဘဝရှင်သန်ရပ်တည်မှု ဘဝကွာခြားသကဲ့သို့လည်းကောင်း "လက်ရှိလူမှုဘဝလောကတွင်ရှင်သန်နေထိုင်ရပ်တည်မှုနှင့်ဘဝနိဂုံးအဆုံးသတ်ရလဒ် မတူညီသောဘဝများ ကွာခြားသကဲ့သို့ ကွာခြားပေသည်။"
မည်သို့ပင်ဖြစ်စေ
ဆရာဟူသည် မိမိ၏တပည့်အဖြစ်ရောက်လာသောသူများ၏ နှလုံးသားတွင် သေရာပါ အသိအမှတ်တံဆိပ်ခတ်နှိပ်သူများဖြစ်၍ လူကို လူလိုမြင်ကာ ခွဲခြားမှုမရှိ ဆုံးမသွန်သင်၍လိုအပ်သောပညာအရည်အချင်းများ တန်းတူတတ်မြောက်ရန် လက်တွဲခေါ်ကာမျိုးဆက်သစ်များမွေးထုတ်ပေးနိုင်သူ မေတ္တာဂရုဏာရှင်များသာဖြစ်သင့်ပေသည်။ လူမှုဘဝတွင် ရပ်တည်နေရသောလူတစ်ယောက်(သို့မဟုတ်)ဆရာတစ်ယောက်အတွက် နေရာဌာနအသီးသီးနှင့်ခွဲခြားကွဲပြား သီးသန့်နေရန် မဖြစ်နိုင်ပေ။
မည်သို့ပင်ဖြစ်စေ
ငယ်ငယ်ကဆရာများ၏သင်ကြားဆုံးမပေးမှုများထဲမှ
လက်တွေ့လောကထဲခြေချမိလျှင်ခွဲခြားမှုမရှိစေရန်သတိထားရမည့်အချက်အဖြစ် သတိထားကာမိမိတို့လုပ်ငန်းနေရာနှင့်ဌာနအသီးသီးအလိုက် အသိတရားရှိရှိဆရာကောင်းများအဖြစ်ရပ်တည်နိုင်ရန် ပုံပြင်များနှင့်တွဲ၍ဆုံးမမှုနှင့်အတူ
"တပည့် မကောင်း ဆရာ့ ခေါင်း" နှင့် "ဆရာကောင်း တပည့် ပန်းကောင်းပန်" ဟူသည့် နည်းပေးလမ်းပြဆုံးမမှုလေးကိုတော့ ခုထိစိတ်ထဲစွဲနေမိသည်။
@alyk