သာဓု သာဓု သာဓု

alibaa(42)
Published in
#esteem
Words
82
Reading
1 min
Listen
Play
9y

ပိုင်ဆိုင်သမျှ စည်းစိမ်တွေကို
အများအကျိုးအတွက် လှူဒါန်းလိုက်တဲ့
တောင်ကြီးမြို့က သူဌေးဇနီးမောင်နှံ
image

တောင်ကြီးမြို့က သူဌေးဇနီးမောင်နှံ ဖြစ်ကြသော သူဌေးကြီးဦးစိုင်ဟုန်ဖနှင့် သူဌေးကတော် နန်းလှယဉ်တို့က တောင်ကြီးမြို့ရှိ့ ဘိုးဘွားရိပ်သာတွေ မိဘမဲ့ဂေဟာတွေ နာရေးကူညီမှုအသင်းများနှင့် လူငယ်ပရဟိတ အသင်းများအား ၄င်းတို့ပိုင်ဆိုင်သော စည်းစိမ်ဥစ္စာများကို လှူဒါန်းခဲ့ကြပါတယ်။

သူဌေးကြီးဇနီးမောင်နှံမှာ ပင်လယ်ကူးသဘောင်္ပိုင်ရှင်များ ဖြစ်ကြပြီး ကိုရီးယားနိုင်ငံ ဆိုလ်းမြို့တွင် နေထိုင်ကြပါတယ်။

သူဌေးကြီးဇနီးမောင်နှံဟာဖြင့် မိမိတို့ မွေးဖွားရာ ဖြစ်သော တောင်ကြီးမြို့ရှိ သာရေးနာရေး ပရဟိတလုပ်ငန်းများအား မကြာမကြာ အလှူငွေများ လာရောက် လှူဒါန်းခဲ့ကြပါတယ်။ သူဌေးကြီးဇနှီးမောင်နှံဟာ သားသမီးများ ထွန်းကားခြင်း မရှိကြပါဘူး။ ဒါကြောင့် သူဌေးကြီး ဇနီးမောင်နှံဟာ မိမိတို့ပိုင်ဆိုင်တဲ့ စည်းစိမ်စည်းများကို အများအကျိုး အတွက် လှူဒါန်းခဲ့ကြပါတယ်။
image
ယခုလည်း သူုဌေးကြီးဇနီးမောင်နှံဟာ မိမိတို့ပိုင်သော ကျပ်သိန်ပေါင်း ငါးသောင်းငါးထောင်ကျပ်နှင့် ရွှေပိသာချိန် ၅၅ပိသာကို မွေးရပ်မြေ တောင်ကြီးမြို့ရှိ့ ပရဟိတလုပ်ငန်းများအား လှူဒါန်းလိုက်ပါတယ်။ မြန်မာနိုင်ငံတွင် ယခုလို အလှူအတန်း ကြီးမားသော အလှူရှင်များ မပေါ်လာသေးပါ။ မိမိတို့မွေးရပ်မြေလေး သာယာလှပဖို့အတွက် မိမိတို့ရှာဖွေထားသော စည်းစိမ်များကို ရက်ရက်ရောရော လှူဒါန်းတာဟာ အရမ်းကို ဂုဏ်ယူစရာကောင်းပြီး အများ သာဓု ခေါ်စရာ အလှူအတန်းပဲ ဖြစ်ပါတယ်။
image

Credit Original

သာဓု သာဓု သာဓု | Ecency