အင်္ဂလိပ်စာလေ့လာရင်း အဆိုအမိန့်လေးတွေကိုပါတွေးခေါ်စဉ်းစားလို့ရအောင်
ဒါလေးတွေ တင်ပေးလိုက်ပါတယ်ရှင်။
When you can't have what you have, it is time to start wanting what you have.
(သင်လိုချင်တာကို မရနိုင်တော့တဲ့အချိန်ရောက်လာပြီ
ဆိုရင် သင့်မှာရှိတာကို လိုချင်လာအောင်ကြိုးစားရမဲ့အချိန်ရောက်လာပြီ
ဆိုတာကို သဘောပေါက်ပါ)
Happiness consists in being perfectly
satisfied with what we have got and with
what we haven't got.
(ပျော်ရွှင်မှုဆိုတာ ကိုယ့်မှာရှိတာနဲ့ရောကိုယ့်မှာ
မရှိတာနဲ့ပါ အပြည့်အဝကျေနပ်ရောင့်ရဲခြင်း
ပေါ်မှာတည်ပါတယ်)
Humbleness is always grace; always dignity.
(နှိမ့်ချခြင်းဟာ အမြဲတစေကျက်သရေရှိခြင်းပါ။ အမြဲ
မကွာသိက္ခာရှိခြင်းပါ)
Very often a change of self is needed more
than a change of scene.
(ပတ်ဝန်းကျင်ကို ပြောင်းလဲဖို့ထက် ကိုယ့်ကိုယ်ကို
ပြောင်းလဲဖို့က ပိုလိုအပ်နေတာကို မကြာခဏတွေ့ရ
တတ်ပါတယ်)
Do not wait for extraordinary circumstances
to do good; try to use ordinary situations.
(ကောင်းတာလုပ်ရန်အတွက် သာမာန်ထက်ထူးခြားတဲ့
အခြေအနေပေါ်ပေါက်လာသ်ာအထိ စောင့်မနေပါနဲ့။
သာမာန်အခြေအနေကို အသုံးချပြီးတော့သာ
ဆောင်ရွက်ပါ)
The elegance of honesty needs no adornment.
(ရိုးဖြောင့်ခြင်းရဲ့ကျော့ရှင်းလှပမှုဟာ ဆင်းဝတ်တန်စာ
မလိုပါဘူး)
The true source of cheerfulness is benevolence. The soul that perpetually
overflows with kindness and sympathy with
always be cheerful.
(ကြည်နူးရွှင်မြူးခြင်းဟာ စိတ်ထားကောင်းမွန်ခြင်းမှ
ပေါက်ဖွားလာတာပါ။ ကြင်နာခြင်း
ကိုယ်ချင်းစာနာခြင်းတို့နဲ့အမြဲတစေ ပြည့်လျှံနေတဲ့စိတ်
နှလုံးဟာ ထာဝရ ကြည်နူးရွှင်ပြုံးနေမှာပါ)
You may glean knowledge from reading, but
you must separate the chaff from the
wheat by thinking.
(စာဖတ်ခြင်းမှ သင်ဗဟုသုတရနိုင်ပါတယ်။သို့ရာတွင်
သင်တွေးတောခြင်းဖြင့် ဂျုံနှင့်ဖွဲကို ခွဲခြားတတ်ရပါမယ်)
Books are those faithful mirrors that reflect to
our mind the minds of sages and heroes.
(စာအုပ်တွေဟာ ပညာအမျှော်အမြင်ရှိသူများနဲ့
သူရဲကောင်တွေရဲ့စိတ်နှလုံးများကို ကျွန်တော်တို့ရဲ့
စိတ်မှာ ထင်ဟပ်ပေးတဲ့ မှန်ကလေးများဖြစ်ပါတယ်)
It is not how old you are; it's how you are old.
(သင်ဘယ်လောက်အသက်ကြီးတယ်ဆိုတာက
အရေးမကြီးပါဘူး။
သင်ဘယ်လို အသက်ကြီးနေပြီလဲဆိုတာကသာ
အရေးကြီးတာပါ)
Greatness lies not in being strong, but in the right using of strength.
(ကြီးမြတ်ခြင်းဆိုတာ အင်အားကြီးခြင်းပေါ်မှာ မတည်ပါဘူး
အင်အားကိုတရားမျှတမှန်ကန်စွာ သုံးခြင်းပေါ်မှာ
တည်ပါတယ်။)
Speak the truth by all means; but be human,
and loving, and gentle and brotherly the
while.
(မည်သည့်နည်းနှင့်မဆိုအမှန်ကိုပြောပါ။ သို့ရာတွင်
လူသားဆန်ဆန်ချစ်ချစ်ခင်ခင် ညင်ညင်သာသာနှင့်
ညီရင်းအကိုလို ဆက်ဆံပြောဆိုပါ)
Love is like a violin. The music may stop
now and then, but the strings remain for ever.
(အချစ်ဟာ တယောတစ်လက်နဲ့တူပါတယ်
ဂီတသံဟာ မကြာမကြာရပ်တန့်သွားကောင်းပါလိမ့်မယ်။
ဒါပေမဲ့ ကြိုးများကတော့ ထာဝရတည်တံ့နေပါတယ်)
A woman's head is always influenced by
heart; but a man's heart by his head.
မိန်းမတစ်ယောက်၏အသိဥာဏ်ကို နှလုံးသား
ခံစားချက်က အမြဲလွှမ်းမိုးနေတတ်၍
ယောင်္ကျားတစ်ယောက်၏နှလုံးသားခံစားချက်
ကိုလည်း အသိဥာဏ်က ထိန်းချုပ်ထားတတ်သည်။
ဒါလေးတွေကျွန်မကူးထားခဲ့တာ ၁၅နှစ်ရှိပါပြီရှင်