မဖတ်ရသေးတဲ့သူတွေ ဖတ်နိုင်အောင်လို့..
ကျွန်တော် အရင်တုန်းက ဒါမျိုး Speaking အတွက်တော်တော်ရေးပေးခဲ့ဖူးတယ်...
ဒါမျိုးလေးတွေပြန်ရေးပေးရင် အသုံးဝင်မှာလား...
🍎Short Sentences for English Speaking 🍎
(ပြီးခဲ့တဲ့လက Yangon holiday ပြန်တုန်းရေးပေးခဲ့တဲ့ speaking အတွက်ဝါကျတိုလေးတွေပါ)
Mind your steps. It's slippery.
သတိထားပြီးလျှောက်ပါ။ အောက်က( လမ်းက၊ ကြမ်းပြင်က) ချော်နေတယ်။
I will go and pay my respect to your parents.
မင်းရဲ့မိဘတွေကို သွားနှုတ်ဆက်ကန်တော့လိုက်ဦးမယ်။
He is a man of taste.
သူဟာ အကောင်းကြိုက်တဲ့သူ။
Thank you for your hospitality.
မင်းရဲ့ ဧည့်ဝတ်ကြေပြွန်မှုအတွက်ကျေးဇူးပါ။
Live your life and forget me.
မင်းဘဝနဲ့မင်းနေလိုက်ပြီး ငါ့ကိုမေ့လိုက်ပါတော့။
I will have this place spotless in no time.
ငါ ဒီနေရာကို သန့်ရှင်းသွားအောင် အမြန်ဆုံးလုပ်ပါ့မယ်။
He is a city slicker.
သူဟာ မြို့သားလူလည်။
Will no one help me?
ငါ့ကိုဘယ်သူမှမကူညီကြဘူးလား။
Will you join me for dinner?
မင်း ငါနဲ့ညစာအတူစားပါလား။
People say silly things in anger.
ဒေါသထွက်နေချိန်မှာ ပေါက်ကရ၊မပြောသင့်တာတွေပြောတတ်ကြတယ်။
Try the chicken curry. It's delicious.
ကြက်သားဟင်း မြည်းကြည့်ပါ။ အရသာရှိတယ်။
Have some more rice.
ထမင်းထပ်ယူပါဦးလား။
Enough. I'm done.
တော်ပြီ။ ငါဝပြီ။
The hotels in Yangon are outrageously overpriced.
ရန်ကုန်မြို့က ဟိုတယ်တွေ လူကြားမကောင်းအောင်ဈေးကြီးလွန်းပါတယ်။
Was that a joke?
နောက်တာလားဟင်။
Look into my eyes and say it.
ငါ့မျက်လုံးကို တည့်တည့်ကြည့်ပြီး ပြောလိုက်စမ်းပါ။
Who would have ever thought that such a thing could happen?
ဒီလိုမျိုးဖြစ်လာနိုင်တယ်လို့ ဘယ်သူကတွေးခဲ့မိမှာလဲ။
I was there when it happened. I saw it all.
အဲဒါဖြစ်တဲ့အချိန် ငါအဲဒီနေရာမှာရှိတယ်။ ငါဖြစ်တာတွေအကုန်မြင်တွေ့ခဲ့ရပါတယ်။
The battery of my phone drains quickly.
My phone's battery drains quickly.
ငါ့ဖုန်းဘက်ထရီ ကုန်တာမြန်လိုက်တာ။
No time to waste.
အချိန်ဖြုန်းစရာမရှိဘူး။ မြန်မြန်လုပ်။
We are being chased by bad men.
ငါတို့နောက်ကို လူဆိုးတွေလိုက်နေကြတယ်။
We need to get to Mandalay before nightfall.
ညမမှောင်ခင် ငါတို့ မန္တလေးကိုရောက်ဖို့လိုတယ်။
I can't talk about this anymore.
ငါဒီအကြောင်းကို ဆက်မပြောနိုင်တော့ဘူး။
I need to be by myself for a while.
ခဏလေး ငါတစ်ယောက်တည်းနေပါရစေ။
When I was a kid, I badly wanted a pet dog.
ငါခလေးတုန်းက အိမ်မွေးတိရစ္ဆာန်ခွေးလေး အရမ်းလိုချင်ခဲ့တာ။
She has spent all her money on shopping.
သူ့ရှိတဲ့ပိုက်ဆံတွေအကုန် ဈေးဝယ်ပြစ်လိုက်ပြီ။
You picked an awkward time to visit me.
ငါ့အတွက် အဆင်မပြေတဲ့အချိန်ကိုမှရွေးပြီး မင်းလာလည်သလိုဖြစ်နေတယ်။
You've caught me at a bad time.
ငါ အဆင်မပြေ၊ အလုပ်ရှုပ်၊ စိတ်ရှုပ်ထွေးနေချိန်မျိုးမှာမှ မင်းလာတွေ့သလိုဖြစ်နေပြီ။
Don't look at me like that.
မင်း ငါ့ကိုအဲလိုမကြည့်ပါနဲ့။
I have no dark secrets to keep.
ငါ့မှာ မကောင်းတဲ့ လျှိ့ဝှက်ထားစရာ ဘာမှမရှိဘူး။
How much longer does the patient have?
လူနာ ဘယ်လောက်ကြာကြာ အသက်ရှင်နေဦးမှာလဲ။
Are you sure? Are you absolutely, positively certain?
မင်းသေချာရဲ့လား။ လုံးဝဥသုံသေချာရဲ့လား။
I've seen it happen before.
အဲလိုဖြစ်တာမျိုး အရင်ကတွေ့ခဲ့ဖူးတယ်။
We shouldn't linger here too long.
ငါတို့ဒီမှာ သိပ်ကြာကြာရစ်သီရစ်သီမလုပ်သင့်ဘူး။
Rules are rules. We all have to follow them.
စည်းကမ်းဟာ စည်းကမ်းပဲ။ ငါတို့အားလုံးလိုက်နာကြရမယ်။
Let's do what we have to and get gone.
ငါတို့လုပ်ရမဲ့ဟာကို လုပ်ပြီး ဒီကနေမြန်မြန်လစ်ကြစို့။
When in Rome, do as the Romans do.
ရောမရောက်ရင် ရောမလိုကျင့်ပေါ့။
I think you have gone insane.
မင်းရူးသွားပြီလို့ ငါထင်တယ်။
Everything happens for a reason.
ဖြစ်ဖို့ အကြောင်းရှိလို့ ဖြစ်လာကြရတာပါ။
He is nothing but a power-hungry idiot.
ဒီကောင် ဘာကောင်မှမဟုတ်။ အာဏာရူး။
Nobody told me anything about what had happened.
ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို ငါ့ကိုဘယ်သူမှ မပြောပြဘူး။
Quit talking like an old gay!
အခြောက်ကြီးလိုပြောနေတာ ရပ်လိုက်စမ်းပါ။
Jet-lagged and exhausted, he went to bed early.
လေယာဉ်ပျံအကြာကြီးစီးခဲ့ရတာ ပင်ပန်းလို့ သူအစောကြီးအိပ်ယာဝင်သွားတယ်။
Over breakfast, my wife and I discussed our plan for the day.
နံနက်စာစားရင်းနဲ့ တနေ့လုပ်ရမဲ့အစီအစဉ်ကို ကျွန်တော်နဲ့ ကျွန်တော့်အမျိုးသမီးတို့ တိုင်ပင်ကြတယ်။
His family has written him off for his repeated wrongdoings.
သူ့ရဲ့ ထပ်ခါထပ်ခါအမှားလုပ်မှုတွေကြောင့် သူ့မိသားစုက သူ့ကို စာရင်းမှပယ်ထုတ်ထားလိုက်ပြီ။
to write somebody off= စာရင်းမှ ပယ်လိုက်သည်၊ စာရင်းမရှိတော့ဘူး၊ အဆက်အသွယ်ဖြတ်လိုက်ပြီ။
I felt my face go hot. I had never been called a liar by a friend before.
ငါ့မျက်နှာ ထူပူသွားတယ်။ ဘယ်တုန်းကမှ သူငယ်ချင်းတယောက်က ငါ့ကို လူလိမ်လို့ခေါ်တာ မခံရဖူးဘူး။
She looked at me through welling tears.
သူဟာ မျက်ရည်တွေဝဲပြီး ငါ့ကိုကြည့်လိုက်တယ်။
Tears welled up in her eyes.
သူ့မျက်ဝန်းမှာ မျက်ရည်တွေအပြည့်။
She cried in earnest.
သူ ခြုံးပွဲချငိုလိုက်တယ်။
It has to be done right now.
ဒါကို ခုချက်ချင်းလုပ်မှဖြစ်မယ်။
He is lying facedown on the bed.
သူဟာ အိပ်ယာထဲမှာ မှောက်ခုံလဲနေတယ်။
lie လဲလျှောင်းသည် (V1)
lay (V2) lain (V3) lying (Ving)
I tripped and nearly fell.
ငါခလုတ်တိုက်ပြီး လဲတော့မလို့။
I am going to the airport to pick up my sister.
ငါ့ညီမကို လေယဉ်ကွင်းသွားကြိုမလို့။ (ကြိုမလို့သွားနေတာ)
As I hung up the phone, I felt bad for shouting at him.
ဖုန်းချလိုက်ပြီးမှ သူ့ကိုအော်မိတာ ငါစိတ်မကောင်းဖြစ်တယ်။
He is a bit thick.
ဒီကောင်က ခပ်ထူထူရယ် (ခပ်တုံးတုံး)။
You have to knock on the door because the doorbell is broken.
တံခါးဝရှိလူခေါ်ခေါင်းလောင်းပျက်နေလို့ တံခါးကိုခေါက်ပါ။
I knocked on the door. But there was no answer.
ငါ တံခါးခေါက်လိုက်ပေမဲ့ အထဲကပြန်ထူးသံမကြားဘူး။
I heard a knock at the door.
တံခါးခေါက်သံကြားတယ်။
knock ကို verb လိုသုံးရင် knock on the door
knock ကို Noun လိုသုံးရင် knock at the door
If you want her number, go ask her.
မင်း သူ့ဖုန်းနံပါတ်လိုချင်ရင် သွားတောင်းပေါ့။
It's been raining non-stop the whole day.
တနေကုန် မိုးက မရပ်တန်းရွာနေတာ။
With love,