ထင္ရာျမင္ရာ ေရး (@aggamun)

aggamun(62)
Published in
#esteem
Words
277
Reading
2 min
Listen
Play
7y

မျှော်လင့် ထားသလို ပါပဲ။ SM season ပြီးလိူ့ Reward card ပေးတော့ ၁၈ ကဒ်မှာ ၅ ကဒ် သာ Rare ရ ပါတယ်။ ကျန်တာ အသုံး မတည့် ပါဘူး။ ရွှေ ရောင် လေးတောင် မလွှမ်း လိုက်ရပါဘူး။ ss ယူတာ မရလိုက်တော့ သက်သေ လေးတောင် မရ လိုက် ဘူး။ ကံမကောင်းချက် ဗျာ။

SM စ ပြီးပေါ်လာ တုန်းက twisted jesta က ကြောက်စရာ တော်တော် ကောင်းပါတယ်။ Lvl.1 နဲ့တင် တော်တော် အသုံးတည့်လို့ ဈေးကလည်း တော်တော်ကြီး မြင့်ပါတယ်။ ဒီအချိန် တုန်းက သရဲ အတွဲ က attacking power ၁ ခုလျော့တာ ဟာ အားလုံးအပေါ် သက်ရောက်မှု ရှိပြီး power ၁ ရှိရင် power သုည အထိ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း လူရွှင်ပျော် လို့ ချစ်စနိုး ခေါ်ကြတဲ့ twisted jesta ကို sneak နဲ့ သတ်ရတာ ခက်ခဲ လှပါတယ်။

နောက်ပိုင်း ပြောင်းလဲ သွားတဲ့ စည်းမျဉ်း မှာတော့ သရဲ အတွဲ attacking power ၁ ခု လျော့မြဲ လျော့ပေမယ့် power တစ်ခုပဲ ရှိတဲ့ အကောင်ကို သက်ရောက်မှု မရှိတော့ ပါဘူး။ ဒါကြောင့် twisted jesta ကို သတ်ရတာ ပိုမို လွယ်ကူ သွားပြီး သရဲ အတွဲရဲ့ ရေပန်းစား မှုကလည်း မှေးမှိန် သွားပါတော့တယ်။ ခုလက်ရှိတော့ Lvl အနိမ့် သမား တွေ အတွက် အကောင်းဆုံး ကဒ်က တော့ ruler of the sea ပါပဲ။

Written by aggamun@aggamun

IMG_20190909_160807.jpg source

ေမွ်ာ္လင့္ ထားသလို ပါပဲ။ SM season ၿပီးလိူ႕ Reward card ေပးေတာ့ ၁၈ ကဒ္မွာ ၅ ကဒ္ သာ Rare ရ ပါတယ္။ က်န္တာ အသုံး မတည့္ ပါဘူး။ ေ႐ႊ ေရာင္ ေလးေတာင္ မလႊမ္း လိုက္ရပါဘူး။ ss ယူတာ မရလိုက္ေတာ့ သက္ေသ ေလးေတာင္ မရ လိုက္ ဘူး။ ကံမေကာင္းခ်က္ ဗ်ာ။

SM စ ၿပီးေပၚလာ တုန္းက twisted jesta က ေၾကာက္စရာ ေတာ္ေတာ္ ေကာင္းပါတယ္။ Lvl.1 နဲ႕တင္ ေတာ္ေတာ္ အသုံးတည့္လို႔ ေဈးကလည္း ေတာ္ေတာ္ႀကီး ျမင့္ပါတယ္။ ဒီအခ်ိန္ တုန္းက သရဲ အတြဲ က attacking power ၁ ခုေလ်ာ့တာ ဟာ အားလုံးအေပၚ သက္ေရာက္မႈ ရွိၿပီး power ၁ ရွိရင္ power သုည အထိ ျဖစ္ခဲ့ပါတယ္။ ဒါေၾကာင့္လည္း လူ႐ႊင္ေပ်ာ္ လို႔ ခ်စ္စနိုး ေခၚၾကတဲ့ twisted jesta ကို sneak နဲ႕ သတ္ရတာ ခက္ခဲ လွပါတယ္။

ေနာက္ပိုင္း ေျပာင္းလဲ သြားတဲ့ စည္းမ်ဥ္း မွာေတာ့ သရဲ အတြဲ attacking power ၁ ခု ေလ်ာ့ၿမဲ ေလ်ာ့ေပမယ့္ power တစ္ခုပဲ ရွိတဲ့ အေကာင္ကို သက္ေရာက္မႈ မရွိေတာ့ ပါဘူး။ ဒါေၾကာင့္ twisted jesta ကို သတ္ရတာ ပိုမို လြယ္ကူ သြားၿပီး သရဲ အတြဲရဲ႕ ေရပန္းစား မႈကလည္း ေမွးမွိန္ သြားပါေတာ့တယ္။ ခုလက္ရွိေတာ့ Lvl အနိမ့္ သမား ေတြ အတြက္ အေကာင္းဆုံး ကဒ္က ေတာ့ ruler of the sea ပါပဲ။

Written by aggamun@aggamun

ထင္ရာျမင္ရာ ေရး (@aggamun) | Ecency