Silver lll သို့ ရောက် (@aggamun)
aggamun(62)
Published in
#esteem
Words
276
Reading
2 min
Listen
Play
7y
တတိတိ နဲ့ ဖလားတွေ ပြန်စုလာတာ အခုဆိုရင် ၁၆၀၀ ကျော် လာခဲ့ ပါပြီ။ ဒါကြောင့် silver lll ထိ ပြန်ရောက် လာခဲ့ ပြီး quest အတွက် reward ကလည်း ၄ ကဒ် တောင် ရနေပါပြီ။ season ပြီးဖို့က လည်း ၅ ရက် ကျော်ကျော် လောက် လိုသေးတော့ ပျော် ပီပေါ့ဗျာ။
ဒီလို ဖြစ်ရတဲ့ အကြောင်းက တော့ မနေ့က quest မှာ ရေလှီုင်း နဲ့ အလှည့်ကျ ခဲ့လို့ပဲ ဖြစ်ပါတယ်။ ရေလှိုင်း ရဲ့ အဓိက attacking ဖြစ်တဲ့ magic က တိုက်ခိုက်လိုက်တိုင်း လွဲချော်မှု မရှိသလို ခေါင်းဆောင် ရဲ့ ပံ့ပိုးပေးမှုကလည်း attacking power ကို ၁ ခု တိုးစေတာကြောင့် attacking များများ နဲ့ တိုက်ခိုက်လို့ ရပါတယ်။ ဒီအချက်က ရေလှိုင်းရဲ့ အဓိက အားသာချက် ပါပဲ။ အားနည်းချက် လည်းရှိပါတယ်။ ခုခံနိုင်အား နည်းပါတယ်။ ဒါကြောင့် snipe ကောင်းကောင်းနဲ့ တွေ့ရင် မလွယ်တော့ပါဘူး။ ခုနောက်ပိုင်း ရောင်ပြန် တွေပါ သုံးလို့ ရနေတော့ attacking power များရင် မြန်မြန် သေပါလေရောလား ဗျာ။
ဒါကြောင့် အကောင် မစီစဉ် ခင် ပြိုင်ဘက်ကို တချက် ကြည့်ရ ပါသေးတယ်။ ရောင်ပြန် သုံးတတ်လား၊ snipe သမားလား၊ sneak သမား လား။ rule က ဘာလဲ။ အကုန်ကြည့် ပြီးမှ အကောင် နေရာချ ရပါတယ်။ ကျွန်တော် က လက်ရှိတော့ seamonster နဲ့ ruler of the sea အတွဲ ကို သုံးပြီး နိုင်ပွဲ ရှာဖွေ နေဆဲပေါ့ ဗျာ။
Written by aggamun@aggamun
iucmb11o5v.jpg
Silver lll သို့ ရောက် (@aggamun) | Ecency