Preparing for FPL Wk.7 (@aggamun)

aggamun(62)
Published in
#esteem
Words
204
Reading
1 min
Listen
Play
7y

ဒီနေ့တော့ FPL Wk.7 အတွက် ပြင်ဆင်တဲ့နေ့ ပါပဲ။ ဒီ တပတ် အတွက် big match ကတော့ မန်ယူနဲ့ အာဆင်နယ် ပွဲ ဖြစ်လိမ့်မယ် ထင်ပါတယ်။ ခုလက်တလော အာဆင်နယ်က အူဘာမီယမ်း က ကျွန်တော့ အတွက် အမှတ်တွေ များများ ရှာပေးနေလို့ အတော် အဆင်ပြေနေပါတယ်။ ဒါကြောင့် ဂျိမ်းစ် အစား သူ့ကို ဦးစားပေး ရွေးချယ်ထား လိုက်ပါတယ်။

ပြီတော့ လတ်တလောမှာတော့ ခြေမှန်နေသူကို ရွေးချယ်ထား လိုက်ပါတယ်။ တချို့ ကစားသမား များက ကြေးမြင့်နေပေမယ့် အမှတ် ရယူမှုမှာ အားနည်းချက်တွေ ရှိပါတယ်။ နေရာ အလိုက် အမှတ် အများဆုံး ယူနိုင်သူတွေ စာရင်းရဲ့ ထိပ်ပိုင်း မှာ ကျွန်တော့ ကစားသမား တွေ ရှိနေသေးလို့ အထိုင် မပြောင်းဘဲ ဒီတပတ် လည်း ကစား ကြည့်ပါဦးမယ်။

အမှတ် ဘယ်လောက်ရ မလဲ ဆိုတာတော့ ပွဲ ပြီးရင် ကြည့်ရမှာပါပဲ။ website က ရွေးချယ် ပေးတဲ့ ကစားသမား အချို့လည်း သဘောကျ ပေမယ့် ဘဏ္ဍာရေး ပိုင်းက ကွက်တိ ဆိုတော့ မလုပ်ရဲသေးပါဘူး။ ပြီးတော့ website ရဲ့ ရွေးချယ် မှုကို လည်း စောင့်ကြည့်ချင် မိသေးတယ်ဗျာ။ ဘာရယ် ညာရယ် တော့ ဟုတ်ပါဘူး လူရှိန်တာပေါ့ 😁😁😁

wijl0hyf01.jpg

ဒီေန႕ေတာ့ FPL Wk.7 အတြက္ ျပင္ဆင္တဲ့ေန႕ ပါပဲ။ ဒီ တပတ္ အတြက္ big match ကေတာ့ မန္ယူနဲ႕ အာဆင္နယ္ ပြဲ ျဖစ္လိမ့္မယ္ ထင္ပါတယ္။ ခုလက္တေလာ အာဆင္နယ္က အူဘာမီယမ္း က ကြၽန္ေတာ့ အတြက္ အမွတ္ေတြ မ်ားမ်ား ရွာေပးေနလို႔ အေတာ္ အဆင္ေျပေနပါတယ္။ ဒါေၾကာင့္ ဂ်ိမ္းစ္ အစား သူ႕ကို ဦးစားေပး ေ႐ြးခ်ယ္ထား လိုက္ပါတယ္။

ၿပီေတာ့ လတ္တေလာမွာေတာ့ ေျခမွန္ေနသူကို ေ႐ြးခ်ယ္ထား လိုက္ပါတယ္။ တခ်ိဳ႕ ကစားသမား မ်ားက ေၾကးျမင့္ေနေပမယ့္ အမွတ္ ရယူမႈမွာ အားနည္းခ်က္ေတြ ရွိပါတယ္။ ေနရာ အလိုက္ အမွတ္ အမ်ားဆုံး ယူနိုင္သူေတြ စာရင္းရဲ႕ ထိပ္ပိုင္း မွာ ကြၽန္ေတာ့ ကစားသမား ေတြ ရွိေနေသးလို႔ အထိုင္ မေျပာင္းဘဲ ဒီတပတ္ လည္း ကစား ၾကည့္ပါဦးမယ္။

အမွတ္ ဘယ္ေလာက္ရ မလဲ ဆိုတာေတာ့ ပြဲ ၿပီးရင္ ၾကည့္ရမွာပါပဲ။ website က ေ႐ြးခ်ယ္ ေပးတဲ့ ကစားသမား အခ်ိဳ႕လည္း သေဘာက် ေပမယ့္ ဘ႑ာေရး ပိုင္းက ကြက္တိ ဆိုေတာ့ မလုပ္ရဲေသးပါဘူး။ ၿပီးေတာ့ website ရဲ႕ ေ႐ြးခ်ယ္ မႈကို လည္း ေစာင့္ၾကည့္ခ်င္ မိေသးတယ္ဗ်ာ။ ဘာရယ္ ညာရယ္ ေတာ့ ဟုတ္ပါဘူး လူရွိန္တာေပါ့ 😁😁😁

Written by aggamun@aggamun

Preparing for FPL Wk.7 (@aggamun) | Ecency