ဒီနေ့က FPL Wk.6 အတွက် လူစာရင်း ပြင်ဆင်ရ မယ့် နေ့ပါပဲ။ အရင်တပတ်က လူစာရင်းကို အနည်းငယ်သာ အပြောင်းအလဲ လုပ်ပါ့မယ်။ အရင်တပတ်က အမှတ်ရတာ နည်းတာဟာ လျော့မှတ် များကြောင့် ဖြစ်ပါတယ်။ တစ်ခု ရှိတာ က အရင် တပတ် လူစာရင်း က အချို့က ပါဝင် ဖို့ မသေချာတော့ လို့ ကစားကွက် ပါ ပြောင်းလဲ လိုက်ရပါတယ်။
transfer အခွင့်အရေး တွေကို မသုံးသေးဘဲ စုထားလိုက်ပါဦးမည်။ ခြေစွမ်း စိတ်ကြိုက် တွေ့မှသာ လဲလှယ်ပါ တော့မည်။ အဓိက အမှတ် လျော့စေတာက နောက်တန်း နဲ့ ဂိုးသမား ဖြစ်မယ် ထင်ပါတယ်။ နှစ်ခု စလုံးက ကျွန်တော် ရွေးချယ် မိတဲ့ အလှည့်မှာ အမှတ် မရတာ လျော့ခံထိတာ ဖြစ်ကုန်ပါတယ်။ ဒါပေမယ့် ကစားပုံ က မညံ့သေးလို့ မလဲ သေးဘဲ ထားလိုက်ပါတော့ မယ်။
အမှတ်တွေ ပိုရ ဖို့တော့ လိုအပ်လာပါပြီ။ ဒါမှသာ အဆင့် နည်းနည်း ချင်း တက်လာပြီး ပြိုင်ရတာ အားရှိ စေမှာ ဖြစ်ပါတယ်။ ခုလောလော ဆယ် တော့ global ရော local မှာ ပါ ကျွန်တော့ အဆင့် ကိန်းဂဏန်းက သောင်း ဂဏန်း သိန်းဂဏန်း မက ရှိနေပါတယ်။ ကိန်းဂဏန်း များနဲ့ ပတ်သတ်ရင် ဒီလို နေရာ တွေမှာ တော့ သေးငယ် လေ ကောင်းလေ မဟုတ်ပါလားဗျာ။