Hit the target (@aggamun)

aggamun(62)
Published in
#esteem
Words
315
Reading
2 min
Listen
Play
7y

Steem တွေက လှိမ့် လှိမ့် ပြီးကျလို့ နေပါတယ်။ သူ့ တစ်ခုထဲလလား ဆိုတော့လည်း မဟုတ်သေး ပြန် ပါဘူး။ crypto အားလုံး တလိမ့် ခေါက်ကွေး ကို ဖြစ်လို့ ပါ။ အားလုံး ရဲ့ ဘိုးအေကြီး btc သည်ပင် မမာနိုင် တော့ ဘဲ ကျွန်တော် ကြည့်မိလိုက်တဲ့ အချိန်မှာ ဒေါ်လာ ၉၀၀၀ အောက် တောင် ရောက်လာ ခဲ့ပါပြီ။

Crypto တွေ နောင်တချိန်မှာ အရေးပါလာမယ်လို့ ယုံကြည် မျှော်လင့် ကြပေမယ့်လည်း အရင်က ပေးခဲ့ဖူးတဲ့ သင်ခန်းစာ တွေ ကြောင့် crypto များဟာ ရုန်းကန် နေကြရဆဲ လို့ ကျွန်တော် ထင်ပါတယ်။ အခြားသော စီးပွားရေး ဆိုင်ရာ အချက်အလက် တွေ ကျွန်တော် မသိပါဘူး။ ဒါပေမယ့် crypto တွေ အပေါ်မှာတော့ ယုံကြည်မှုက အတော် ကြီးမားပါတယ်။

အဓိက က စတင်းဈေးတွေ ကျတာကို ပြောချင်တာပါ။ ဈေးကျတော့ ဘာဖြစ်သလဲ။ ဈေးကျတော့ စတင်းပါဝါ စုမိတာပေါ့ ခင်ဗျာ။ စတင်းပါဝါ ၅၀၀ ကျော်လောက်နဲ့ ရက်ပေါင်း ၃၀ မှာ ပါဝါ ၁၀၀ စုမိဖို့ ကျွန်တော့ အတွက် မလွယ်လှပါဘူး။ အထူးသဖြင့် စာရေးပြီး ပိုစ့် တင်နေရုံလေး နဲ့တော့ မဖြစ်နိုင်ဘူးလို့ ထင်ခဲ့ မိပါတယ်။

အခုတော့ ဖြစ်လာခဲ့ပါပြီ။ ကျွန်တော် ဘယ်လောက် ဝမ်းသာသလဲ ကျွန်တော်ပဲ သိတယ် ဗျ တကယ်။ အဲဒီ အတွက် အစစ အရာရာ ကူညီ ပေးတဲ့ ဘဒိုကြီး mmunited@mmunited ကို အထူး ကျေးဇူးတင် နေပါတယ်။ Thank you Sir! 😃😃

ကျွန်တော့ ရဲ့ vote ပေးဖော် ပေးဖက် မိတ်ဆွေ များကိုလည်း ကျေးဇူးတင်ပါတယ်။ Thank you my friends ! 😍😍

အခုလို ခက်ခဲနေတဲ့ အချိန်ကာလ မှာ တစ်ယောက် နဲ့ တစ်ယောက် တတ်နိုင်သမျှ အပြန်အလှန် ကူညီ ကြပါဦးလို့ ကျွန်တော် တောင်းဆိုချင်ပါတယ်။ အားလုံး ကံကောင်းကြပါစေ ဗျား။

IMG_20190925_153738.jpgSource

Steem ေတြက လွိမ့္ လွိမ့္ ၿပီးက်လိဳ႕ ေနပါတယ္။ သူ႕ တစ္ခုထဲလလား ဆိုေတာ့လည္း မဟုတ္ေသး ျပန္ ပါဘူး။ crypto အားလုံး တလိမ့္ ေခါက္ေကြး ကို ျဖစ္လို႔ ပါ။ အားလုံး ရဲ႕ ဘိုးေအႀကီး btc သည္ပင္ မမာနိုင္ ေတာ့ ဘဲ ကြၽန္ေတာ္ ၾကည့္မိလိုက္တဲ့ အခ်ိန္မွာ ေဒၚလာ ၉၀၀၀ ေအာက္ ေတာင္ ေရာက္လာ ခဲ့ပါၿပီ။

Crypto ေတြ ေနာင္တခ်ိန္မွာ အေရးပါလာမယ္လို႔ ယုံၾကည္ ေမွ်ာ္လင့္ ၾကေပမယ့္လည္း အရင္က ေပးခဲ့ဖူးတဲ့ သင္ခန္းစာ ေတြ ေၾကာင့္ crypto မ်ားဟာ ႐ုန္းကန္ ေနၾကရဆဲ လို႔ ကြၽန္ေတာ္ ထင္ပါတယ္။ အျခားေသာ စီးပြားေရး ဆိုင္ရာ အခ်က္အလက္ ေတြ ကြၽန္ေတာ္ မသိပါဘူး။ ဒါေပမယ့္ crypto ေတြ အေပၚမွာေတာ့ ယုံၾကည္မႈက အေတာ္ ႀကီးမားပါတယ္။

အဓိက က စတင္းေဈးေတြ က်တာကို ေျပာခ်င္တာပါ။ ေဈးက်ေတာ့ ဘာျဖစ္သလဲ။ ေဈးက်ေတာ့ စတင္းပါဝါ စုမိတာေပါ့ ခင္ဗ်ာ။ စတင္းပါဝါ ၅၀၀ ေက်ာ္ေလာက္နဲ႕ ရက္ေပါင္း ၃၀ မွာ ပါဝါ ၁၀၀ စုမိဖို႔ ကြၽန္ေတာ့ အတြက္ မလြယ္လွပါဘူး။ အထူးသျဖင့္ စာေရးၿပီး ပိုစ့္ တင္ေန႐ုံေလး နဲ႕ေတာ့ မျဖစ္နိုင္ဘူးလို႔ ထင္ခဲ့ မိပါတယ္။

အခုေတာ့ ျဖစ္လာခဲ့ပါၿပီ။ ကြၽန္ေတာ္ ဘယ္ေလာက္ ဝမ္းသာသလဲ ကြၽန္ေတာ္ပဲ သိတယ္ ဗ် တကယ္။ အဲဒီ အတြက္ အစစ အရာရာ ကူညီ ေပးတဲ့ ဘဒိုႀကီး mmunited@mmunited ကို အထူး ေက်းဇူးတင္ ေနပါတယ္။ Thank you Sir! 😃😃

ကြၽန္ေတာ့ ရဲ႕ vote ေပးေဖာ္ ေပးဖက္ မိတ္ေဆြ မ်ားကိုလည္း ေက်းဇူးတင္ပါတယ္။ Thank you my friends ! 😍😍

အခုလို ခက္ခဲေနတဲ့ အခ်ိန္ကာလ မွာ တစ္ေယာက္ နဲ႕ တစ္ေယာက္ တတ္နိုင္သမွ် အျပန္အလွန္ ကူညီ ၾကပါဦးလို႔ ကြၽန္ေတာ္ ေတာင္းဆိုခ်င္ပါတယ္။ အားလုံး ကံေကာင္းၾကပါေစ ဗ်ား။

Written by aggamun@aggamun

Hit the target (@aggamun) | Ecency