ဒီ တပတ် FPL - Wk.5 အနေ နဲ့ ပြောရရင် ပွဲစဉ် တစ်ခု တော့ ကျန်နေ ပါသေးတယ်။ ကျွန်တော့ အနေနဲ့ ကတော့ အမှတ် ရနိုင်စရာ ကစား သမား တော့ မရှိတော့ ပါဘူး။ အမှတ် စုစု ပေါင်း ၄၈ မှတ် ရခဲ့ပါတယ်။ ရမှတ် အားဖြင့်တော့ စိတ် ကျေနပ်စရာ မကောင်းလှ ပေမယ့် ကစား သမား ရွေးချယ် ထားမှုကို တော့ အားရ ပါတယ်။
ဒီ တပတ်မှာ အမှတ် နည်းရခြင်း အကြောင်းက ပေးဂိုး တွေ များ အမှားတွေ လုပ်မိပြီး အမှတ် လျော့ခံ ထိတာ များလို့ပါ။ ဘောလုံးမှာ ဒီလိုပဲ ဖြစ်တတ်ပါတယ်။ အမှား အရမ်း များရင်တော့ အဲဒီ ကစားသမား ကို တခြား တစ်ယောက်နဲ့ လဲ လှယ်ရတော့ မှာပါ။ တချို့ ကစား သမား တွေ က ရှေ့ပွဲစဉ် တွေမှာ ခြေစွမ်း ပြပြီး ကိုယ် ရွေးချယ်မိတဲ့ အလှည့်ကျ မှ အမှတ်လျော့ ခံထိတဲ့ သူ တွေပါ။
အစ ကတည်းက အမှတ် ကွာထားလို့ အဆင့်တက်ဖို့က မသေချာပါဘူး။ နောက်နေ့ တွေမှာလည်း ကျွန်တော် ရောက်ရှိ နေတဲ့ အဆင့် အကြောင်း စိတ်ကုန် သွားအောင် ဖော်ပြသွားဖို့ ရှိပါတယ်။ အပျော် ကစားတဲ့ ပြိုင်ပွဲ ဆိုပေမယ့် ပွဲ တစ်ခု ကျင်းပတဲ့ အခါ စည်း စနစ် ကျန ပုံကို လေ့လာလို့ ရတာပေါ့ ဗျာ။
Written by
@aggamun
ဒီ တပတ္ FPL - Wk.5 အေန နဲ႕ ေျပာရရင္ ပြဲစဥ္ တစ္ခု ေတာ့ က်န္ေန ပါေသးတယ္။ ကြၽန္ေတာ့ အေနနဲ႕ ကေတာ့ အမွတ္ ရနိုင္စရာ ကစား သမား ေတာ့ မရွိေတာ့ ပါဘူး။ အမွတ္ စုစု ေပါင္း ၄၈ မွတ္ ရခဲ့ပါတယ္။ ရမွတ္ အားျဖင့္ေတာ့ စိတ္ ေက်နပ္စရာ မေကာင္းလွ ေပမယ့္ ကစား သမား ေ႐ြးခ်ယ္ ထားမႈကို ေတာ့ အားရ ပါတယ္။
ဒီ တပတ္မွာ အမွတ္ နည္းရျခင္း အေၾကာင္းက ေပးဂိုး ေတြ မ်ား အမွားေတြ လုပ္မိၿပီး အမွတ္ ေလ်ာ့ခံ ထိတာ မ်ားလို႔ပါ။ ေဘာလုံးမွာ ဒီလိုပဲ ျဖစ္တတ္ပါတယ္။ အမွား အရမ္း မ်ားရင္ေတာ့ အဲဒီ ကစားသမား ကို တျခား တစ္ေယာက္နဲ႕ လဲ လွယ္ရေတာ့ မွာပါ။ တခ်ိဳ႕ ကစား သမား ေတြ က ေရွ႕ပြဲစဥ္ ေတြမွာ ေျခစြမ္း ျပၿပီး ကိုယ္ ေ႐ြးခ်ယ္မိတဲ့ အလွည့္က် မွ အမွတ္ေလ်ာ့ ခံထိတဲ့ သူ ေတြပါ။
အစ ကတည္းက အမွတ္ ကြာထားလို႔ အဆင့္တက္ဖို႔က မေသခ်ာပါဘူး။ ေနာက္ေန႕ ေတြမွာလည္း ကြၽန္ေတာ္ ေရာက္ရွိ ေနတဲ့ အဆင့္ အေၾကာင္း စိတ္ကုန္ သြားေအာင္ ေဖာ္ျပသြားဖို႔ ရွိပါတယ္။ အေပ်ာ္ ကစားတဲ့ ၿပိဳင္ပြဲ ဆိုေပမယ့္ ပြဲ တစ္ခု က်င္းပတဲ့ အခါ စည္း စနစ္ က်န ပုံကို ေလ့လာလို႔ ရတာေပါ့ ဗ်ာ။