FPL Wk-4 ရမွတ္ (@aggamun)

aggamun(62)
Published in
#esteem
Words
303
Reading
2 min
Listen
Play
7y

ဒါကေတာ့ FPL Wk.4 က ကြၽန္ေတာ္ ရခဲ့တဲ့ အမွတ္နဲ႔ လူ အခင္းအက်င္း ပဲ ျဖစ္ပါတယ္။ ရမွတ္ စုစုေပါင္း ၄၄ မွတ္ ပဲ ရပါတယ္။ အေၾကာင္း ကေတာ့ ပံုပါ အတိုင္း ပါပဲ ဗ်ာ။ ေျခစြမ္း ျပမယ့္ ကစား သမား ကို မေရြးခ်ယ္ မိတာ ပါ။ ဒီၾကားထဲ မန္ယူက ႏိုင္သင့္ တဲ့ ပြဲ မ်ိဳးကိုလည္း သေရ သာ ကစားရင္း ပရိသတ္ ရဲ႕ ေမတၱာ ကို ခံယူ ေနေလေတာ့ ကြၽန္ေတာ္ က ႏွစ္ခါ ႐ႈံး ပါတယ္။ အားေပးတဲ့ အသင္းလည္း အမွတ္ မရ ေရြးမိ တဲ့ ကစားသမား လည္း အမွတ္ မရ ေတာ့ပါဘူး။

IMG_20190903_191815.jpg
ေနာက္တန္း ကစားသမား ေတြ တစ္ေယာက္ တစ္မွတ္ စီသာ ရပါတယ္။ ဒီအခ်က္က အမွတ္ တိုးသင့္ သေလာက္ မတိုးတာရဲ႕ အဓိက အခ်က္ပါ။ အရင္ တပတ္ ကနဲ႔ စာရင္ ေတာ့ ရမွတ္ တက္လာပါတယ္။ သူတို႔ ေပးထားတဲ့ အခြင့္ အေရး အကုန္မသံုး ေသးဘဲ ရမွတ္ တက္လာတာက ေက်နပ္ စရာပါပဲ။ ကစား ရတာလည္း နည္းနည္း သေဘာေပါက္ လာၿပီမို႔ ဒီ အခ်ိန္က Wild card သံုးဖို႔ အေကာင္းဆံုး အခ်ိန္လို႔ ယူဆမိပါတယ္။

ဒါေၾကာင့္ ေနာက္ လာမည့္ Wk.5 အတြက္ လူ အခင္းအက်င္း ကို Wild card သံုးၿပီး ျပင္ဆင္ မွာပါ။ ခု လက္႐ွိ လူစာရင္း နဲ႔ လံုးဝ မတူေတာ့ဘဲ ခင္းက်င္း သြားမွာပါ။ ဆိုေတာ့က ခုလာမယ့္ ရက္သတၱပတ္ က ကြၽန္ေတာ္ရဲ႕ ေရြးခ်ယ္မႈ စစ္စစ္ ႀကီးနဲ႔ ၿပိဳင္ပြဲ ဝင္ ရမွာ ဆိုေတာ့ ေဘာလုံး စကားနဲ႔ ေျပာရရင္ စိတ္လႈပ္႐ွား ဖို႔ ေကာင္းေႏုၿပီေပါ့ ဗ်ာ။

Written by aggamun@aggamun

Unicode version

ဒါကတော့ FPL Wk.4 က ကျွန်တော် ရခဲ့တဲ့ အမှတ်နဲ့ လူ အခင်းအကျင်း ပဲ ဖြစ်ပါတယ်။ ရမှတ် စုစုပေါင်း ၄၄ မှတ် ပဲ ရပါတယ်။ အကြောင်း ကတော့ ပုံပါ အတိုင်း ပါပဲ ဗျာ။ ခြေစွမ်း ပြမယ့် ကစား သမား ကို မရွေးချယ် မိတာ ပါ။ ဒီကြားထဲ မန်ယူက နိုင်သင့် တဲ့ ပွဲ မျိုးကိုလည်း သရေ သာ ကစားရင်း ပရိသတ် ရဲ့ မေတ္တာ ကို ခံယူ နေလေတော့ ကျွန်တော် က နှစ်ခါ ရှုံး ပါတယ်။ အားပေးတဲ့ အသင်းလည်း အမှတ် မရ ရွေးမိ တဲ့ ကစားသမား လည်း အမှတ် မရ တော့ပါဘူး။

နောက်တန်း ကစားသမား တွေ တစ်ယောက် တစ်မှတ် စီသာ ရပါတယ်။ ဒီအချက်က အမှတ် တိုးသင့် သလောက် မတိုးတာရဲ့ အဓိက အချက်ပါ။ အရင် တပတ် ကနဲ့ စာရင် တော့ ရမှတ် တက်လာပါတယ်။ သူတို့ ပေးထားတဲ့ အခွင့် အရေး အကုန်မသုံး သေးဘဲ ရမှတ် တက်လာတာက ကျေနပ် စရာပါပဲ။ ကစား ရတာလည်း နည်းနည်း သဘောပေါက် လာပြီမို့ ဒီ အချိန်က Wild card သုံးဖို့ အကောင်းဆုံး အချိန်လို့ ယူဆမိပါတယ်။

ဒါကြောင့် နောက် လာမည့် Wk.5 အတွက် လူ အခင်းအကျင်း ကို Wild card သုံးပြီး ပြင်ဆင် မှာပါ။ ခု လက်ရှိ လူစာရင်း နဲ့ လုံးဝ မတူတော့ဘဲ ခင်းကျင်း သွားမှာပါ။ ဆိုတော့က ခုလာမယ့် ရက်သတ္တပတ် က ကျွန်တော်ရဲ့ ရွေးချယ်မှု စစ်စစ် ကြီးနဲ့ ပြိုင်ပွဲ ဝင် ရမှာ ဆိုတော့ ဘောလုံး စကားနဲ့ ပြောရရင် စိတ်လှုပ်ရှား ဖို့ ကောင်းနေုပြီပေါ့ ဗျာ။

Written by aggamun@aggamun