Crediț:photo
သည်ခေတ်ရယ်ချိန်ခါ
အိမ်မှာကအဆင်းပြောင်း
ဟောင်းလောင်းကာဗလာကျင်း
အာသာထမင်းနပ်မှန်ဖို့ 
ချက်ပြန်ပြီဆန်ကြမ်း
မှန်တမ်းကာမှန်းဆ
ဟိုတယ်ကကြက်ကြော်နဲ့ 
ဆက်ပျော်မယ်ဒီဘဝ
မညီလှအကြောင်းကံ
ပြောင်းပြန်ရယ်ဖြစ်နေတော့
အားငယ်ရှာမပေါ့ လေ။
သည်အချိန်ဘယ်သူမျှ
မရယ်ကအမှန်
ညည်းငြူတယ်ဘဝ
အားမရသူကများ
လားလားမျှမမှီ
မိုးဆီကတိမ်ပန်း
သင်ဆင်ကာမြန်းချင်ရင်ဖြင့်
သည်ဘဝတော့မရ
နောင်ဘဝဆုပန်
သြော် အကြောင်းဖန်ရင်ပေါ့ ။
ဇွဲရယ်မလျှော့လေနဲ့ 
အားငယ်တဲ့ နှမငယ်
ဘဝရယ်တစ်ခါပြောင်းရင်ဖြင့်
မောင်းထောင်ဟစ်လောက်အောင်
တိုးတတ်ရစ်စမ်း။
Author-myanmar poem