What are the characteristics of human life?
လူ့ဘဝရဲ့ ထူးခြားတဲ့ လက္ခဏာတွေက ဘာတွေလဲ
How to live a worry-free life
သောကကင်းဝေး နေနိုင်ရေး
It is important for us to understand the true nature of existence so that we may be able to live in harmony with universal laws that govern all phenomena and lives. People do not live up to their full human potential. They waste their human lives in search of trivial ends. There can never be peace and happiness in this world if mankind continues to act this way. Humanity must change its way of life and develop its capacity for goodness.
ကျွန်တော်တို့ဟာ သဘာဝဖြစ်စဉ်တွေ၊ သက်ရှိတွေကို လွှမ်းမိုးထိန်းချုပ်ထားတဲ့ လောကဥပဒေသတွေနဲ့ သဟဇာတဖြစ်အောင် နေထိုင်တတ်ရန် ဘဝရဲ့ အစစ်အမှန်သဘောကို သိနားလည်ဖို့ အရေးကြီးပါတယ်။ လူသားတွေဟာ ပြည့်ဝတဲ့ လူ့စွမ်းရည်နဲ့ လျော်ညီအောင် မနေကြပါဘူး။ သူတို့ဟာ သိပ်အရေးမပါတဲ့ ရည်မှန်းချက်ပန်းတိုင်တွေကို ရှာရင်းဖွေရင်း လူ့အသက်တွေကို အလဟဿအဖြစ်ခံကြပါတယ်။ တကယ်လို့ လူသားတွေ ဒီနည်းအတိုင်း ဆက်လုပ်နေရင် ကမ္ဘာကြီးထဲမှာ ငြိမ်းချမ်းမှုနဲ့ ပျော်ရွှင်ချမ်းမြေ့မှု ဆက်မရှိနိုင်တော့ပါဘူး။ လူသားတွေဟာ ဘဝနေပုံထိုင်ပုံကို ပြောင်းလဲပြီး ကောင်းမြတ်တဲ့ လူ့အစွမ်းအစကို ဖွံ့ဖြိုးအောင် လုပ်ဆောင်ကြရပါမယ်။
People are misled by ignorance. They seek to enjoy themselves by thinking since life is uncertain they may die and miss the chance of enjoyment if they do not take it while it lasts. While there is certainly nothing wrong in harmless enjoyments for a happy lay life, one should not only indulge in sensual pleasures and neglect to develop the higher qualities. Otherwise, one will depart from this world feeling unsatisfied and frustrated.
လူတွေကို မောဟက လှည့်စားထားတာဖြစ်ပါတယ်။ သူတို့ဟာ ဘဝက စိတ်မချရဘဲ သေဆုံးနိုင်တာကြောင့် တကယ်လို့ အသက်ရှင်သန်စဉ်မှာ ပျော်ရွှင်ကြည်နူးမှု အခွင့်အရေးကို အမိအရမယူရင် လက်လွှတ်ဆုံးရှုံးသွားနိုင်တယ်လို့ တွေးပြီး စိတ်ရှိသလောက် အပျော်ရှာနေကြတာပါ။ ပျော်ရွှင်ဖွယ် လူဝတ်ကြောင်ဘဝမှာ အန္တရာယ်ကင်းတဲ့ အပျော်အပါးလိုက်စားမှုကို မှားယွင်းတယ်လို့ သေချာမပြောနိုင်ပေမယ့် လူတစ်ယောက်ဟာ ကာမဂုဏ်အာရုံတွေကိုပဲ လိုက်စားပြီး အဆင့်မြင့်တဲ့ လူ့အရည်အချင်းတွေ ဖွံ့ဖြိုးတိုးတက်ရေးကို ပစ်ပယ်မထားသင့်ပါဘူး။ ပစ်ပယ်လိုက်ရင် အဲဒီလူဟာ မကျေမနပ်မှုနှင့် အာသာမပြေမှုခံစားရကာ ဒီလောကထဲကနေ ထွက်ခွါသွားရပါမယ်။
Too many people suffer in terror at the moment of death because they still have so many unsatisfied wants and desires. They believe that there is much they had to do or undo, and even during their dying moments they are filled with regret because many of their desires are still unsatisfied. Buddhism teaches us how to maintain contentment in our daily life and overcome this fear at the moment of death. An understanding of the facts of life and worldly conditions can restrain us from pandering to our senses and maintaining superstitious beliefs. It also provides us with a clear purpose in life, without aimlessly wandering in life like the dry leaves drifting in the wind.
လူပေါင်းများစွာဟာ သေဆုံးခါနီးမှာ ထိပ်လန့်ကြောက်ရွံ့မှု ခံစားကြရတယ်၊ အကြောင်းကတော့ အာသာမပြေတဲ့ တောင့်တမှုတွေ၊ လိုအင်ဆန္ဒတွေ များစွာ ရှိနေသေးတာကြောင့်ဖြစ်ပါတယ်။ သူတို့မှာ လုပ်စရာတွေ၊ မလုပ်ရသေးတာတွေ များစွာကျန်နေသေးတယ်လို့ ယုံကြည်နေကြပြီး သေခါနီး အချိန်ထိအောင် လိုအင်ဆန္ဒတွေ မပြည့်တာကြောင့် စိတ်မကောင်းကြီးစွာ ခံစားရတာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ တင်းတိမ်ရောင့်ရဲမှုကို ထိန်းသိမ်းနည်းနှင့် သေခါနီးမှာ ခံစားရမယ့် စိုးရိမ်ကြောက်လန့်မှုကို ကျော်လွှားနည်း ဗုဒ္ဓဘာသာက လမ်းညွှန်ပေးပါတယ်။ ဘဝနဲ့ပတ်သက်တဲ့ အမှန်တရားနဲ့ လောကအခြေအနေကို သိနားလည်ခြင်းဟာ အာရုံတွေကြောင့် ဖြစ်ပေါ်တဲ့ ဆန္ဒရိုင်းကို အလိုဖြည့်ခြင်းနှင့် အယူသီးတဲ့ ယုံကြည်မှုတွေကို ချုပ်တည်းနိုင်စေပါတယ်။ ယင်းဟာ လေထဲမှာ လွင့်ပါနေတဲ့ သစ်ရွက်ခြောက်လေးတွေလို ဘဝရည်ရွယ်ချက်မရှိ ဟိုယောင်ယောင် သည်ယောင်ယောင် သွားလာနေခြင်းမျိုးမဟုတ်ဘဲ ရှင်းလင်းတဲ့ ဘဝရည်မှန်းချက်ထားရှိစေပါတယ်။
For our lives to have a sense of perspective, it is important to understand the characteristics and nature of life. One characteristic of life is impermanency. No matter how perfect or strong a life, system and object may seem to be, it is not secure or free from changes.Therefore, it cannot be completely satisfactory. We face the danger of changes every moment of our lives. This impermanency is linked to unsatisfactoriness, which is the second characteristic of life.
ကျွန်တော်တို့ဘဝမှာ အရာဝတ္ထုတွေကို အရှိအတိုင်း မြင်တတ်ရန် ဘဝရဲ့ ထူးခြားလက္ခဏာနဲ့ ပင်ကိုယ်သဘောကို နားလည်ဖို့အရေးကြီးပါတယ်။ ဘဝရဲ့ ထူးခြားတဲ့ လက္ခဏာတစ်ရပ်ကတော့ မမြဲခြင်းဖြစ်ပါတယ်။ဘယ်လောက်ပဲ ပြည့်စုံပြီး ခိုင်မာတဲ့ ဘဝ၊ ခန္ဓာကိုယ် အတ္တဘောနဲ့ အရာဝတ္ထုလို့ ထင်ရပါစေ မခိုင်မြဲပါဘူး။ ဒါမှမဟုတ် ပြောင်းလဲခြင်းသဘောမှ မလွတ်မြောက်ပါဘူး။ ဒါကြောင့် ဘဝဟာ အပြည့်ဝ အားရကျေနပ်ဖွယ် မရှိနိုင်တာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ဘဝရဲ့ အခိုက်တန့်တိုင်းမှာ ပြောင်းလဲခြင်းဆိုတဲ့ အန္တရာယ်နဲ့ ရင်ဆိုင်ရပါတယ်။ ဒီမမြဲခြင်းသဘောဟာ ဒုတိယ ဘဝလက္ခဏာဖြစ်တဲ့ ကျေနပ်ဖွယ်မရှိမှုနဲ့ ဆက်စပ်နေပါတယ်။
One of the changes we have to come to terms with is an aspect which is part and parcel of life -Death. We have to learn how to face death which comes to all eventually. Every moment brings us closer to the graveyard. Birth and death are really two ends of the same string. We cannot have life without having death as well. Neither can we remove death in order to maintain perpetual life. If we can understand that life and death are part of the same process, and life carries on after death, there is really nothing to fear. Guru Nanak once said: The world is afraid of death. To me, it brings bliss.'
ကျွန်တော်တို့ အလိုက်အထိုက် နေတတ်အောင်နေရမယ့် ပြောင်းလဲမှုကတော့ ဘဝဇာတ်သိမ်းခြင်းရဲ့ အဓိကအချက်ဖြစ်တဲ့ မရဏလက္ခဏာဖြစ်ပါတယ်။ လူတိုင်းထံ အဆုံးမှာ ရောက်ရှိလာမယ် သေခြင်းတရားကို ရင်ဆိုင်နည်း ကျွန်တော်တို့ လေ့လာထားရပါမယ်။ အချိန်တိုင်းဟာ ကျွန်တော်တို့ကို သုဿာန်နဲ့ ပိုနီးအောင် ပို့ဆောင်နေတာ ဖြစ်ပါတယ်။ မွေးဖွားခြင်းနဲ့ သေဆုံးခြင်းဟာ ကြိုးတစ်ချောင်းရဲ့ တကယ့် အစွန်းနှစ်ဘက်ဖြစ်ပါတယ်။ သေဆုံးမှုကို မလိုလားဘဲ ဘဝကို ပိုင်ဆိုင်ခွင့်မရပါဘူး။ ထာဝရ တည်မြဲတဲ့ ဘဝကို ထိန်းသိမ်းထားဖို့ သေခြင်းတရားကို ဖယ်ရှားလို့လည်း မရနိုင်ပါဘူး။ ဘဝနဲ့ သေခြင်းတရားဟာ ခွဲခြားမရတဲ့ သဘာဝဖြစ်စဉ်ရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်တယ်ဆိုတာနဲ့ သေဆုံးပြီးနောက် ဘဝသစ်တစ်ဖန် ပြန်ဖြစ်တယ်ဆိုတာကို သဘောပေါက်ရင် စိုးရိမ်ကြောက်လန့်စရာ ဘာမှ မရှိပါဘူး။ "လောကလူသားတွေက သေခြင်းတရားကို ကြောက်ရွံ့ကြတယ်။ ကျွန်ုပ်ဆီကိုတော့ သေခြင်းတရားက အတိသုခ ဆောင်ယူလာပေးတယ်" Guru Nanak တစ်ခါက ပြောဘူးပါတယ်။
Life is not created or ready-made. It did not come into existence accidentally without causes nor did it come into being in one single moment of creation. It is the effect of a multitude of causes. This life has arisen because of causes in previous life and it will in turn create causes for further effects that will bring forth the continuation of the life process so long as craving is not eradicated from the mind. Until the appearance of the Buddha there had been no correct method for its complete eradication. There was no explanation why life's processes flow on continuously without cessation in the wheel of existence.
ဘဝဆိုတာ ဖန်တီးထားတာမဟုတ် ဒါမှမဟုတ် အသင့်ပြုလုပ်ထားတာမဟုတ်ပါ။ ယင်းဟာ အကြောင်းကင်းပြီး အမှတ်တမဲ့ ပေါ်ပေါက်လာခဲ့တာ မဟုတ်သလို တစ်ကြိမ် ဖန်ဆင်းလိုက်တဲ့ အခိုက်မှာ ဖြစ်တည်လာတာလည်း မဟုတ်ပါဘူး။ အကြောင်းတရားများစွာရဲ့ အကျိုးဆက်ဖြစ်ပါတယ်။ ဒီဘဝဟာ အတိတ်ဘဝက အကြောင်းတရားတွေကြောင့် ဖြစ်ပေါ်လာတာပါ။ အပြန်အလှန်အားဖြင့် စိတ်ထဲက တွယ်တာမှုတဏှာ အမြစ်မပြတ်မချင်း ဘဝဖြစ်စဉ် အဆက်မပြတ် ပေါ်ပေါက်စေမယ့် အနာဂတ် အကျိုးဆက်ရဲ့ အကြောင်းတရားတွေကို ဖန်တီးနေပါလိမ့်မယ်။ မြတ်ဗုဒ္ဓ မပွင့်ပေါ်ခင်က တွယ်တာမှုတဏှာကို အပြီးတိုင် အမြစ်ပြတ်စေမယ့် မှန်မှန်ကန်ကန် နည်းလမ်းမရှိခဲ့ပါဘူး။ သံသရာတစ်လျောက်လုံးမှာ ဘဝဖြစ်စဉ်တွေ မရပ်မနား ဆက်လက်ပေါ်ပေါက်ခြင်းရဲ့ အကြောင်းကိုလည်း ရှင်းပြထားတာ မရှိပါဘူး။
The human mind is constantly creating the illusion of a permanent life. But how can life be permanent if it is housed in an impermanent physical body? In fact, what we really need to be happy about is not an immortal life, but freedom from the desire for immortality. Life is in a constant state of flux: it is never static. Life is constantly subject to fluctuating worldly conditions which blow us to and fro, moment by moment. Once a person realizes the changing circumstances inherent in all forms of existence, he will be less frustrated when things do not develop the way he wishes them to be.
လူ့စိတ်ဟာ ထာဝရတည်မြဲသည့် ဘဝဆိုတဲ့ အတွေးမှားကို အဆက်မပြတ် ဖန်တီးနေပါတယ်။ ဒါပေမယ့် မမြဲတဲ့ အထည်ဒြပ် ကိုယ်ခန္ဓာပေါ်မှာ နေရာယူထားသည့် ဘဝဟာ ဘယ်လိုနည်းနဲ့ ထာဝရ တည်မြဲနိုင်မှာလဲ။ တကယ်တော့ ဘဝနဲ့ ပတ်သက်ပြီး စိတ်ချမ်းသာဖို့ အမှန်တကယ် လိုအပ်တာက မသေတဲ့ ဘဝမဟုတ်ပါဘူး။ မသေသည်၏ အဖြစ်ကို တောင့်တတဲ့ အာသာဆန္ဒမှ လွတ်မြောက်မှုပဲ လိုအပ်တာပါ။ ဘဝဆိုတာ အဆက်မပြတ် ပြောင်းလဲနေတဲ့ အခြေနေတစ်ရပ်ပါ။ ယင်းဟာ ဘယ်တော့မှ တည်ငြိမ်နေမှာ မဟုတ်ပါဘူး။ ယင်းဟာ ကျွန်တော်တို့ကို ခေါက်တုံ့ခေါက်ပြန် အလျင်အမြန် မောင်းနှင်နေတဲ့ မတည်ငြိမ်သည့် လောကအခြေအနေတွေကို အမြဲ နာခံနေရတာပါ။ လူတစ်ယောက်ဟာ ရှိနေတဲ့ အရာအားလုံးရဲ့ ပင်ကိုယ်သဘာဝ ပြောင်းလဲနေတဲ့ အခြေအနေတွေကို သဘောပေါက်ရင် အရာရာ ကိုယ်ဖြစ်စေချင်တဲ့ နည်းအတိုင်း မဖြစ်လာတဲ့အခါ မချင့်မရဲခံစားရမှု သက်သာပါတယ်။
Many people believe that there is an eternal substance in the human life that remains forever. In the Buddha's teaching, anatta or non-substantiality is the third characteristic of life. Everything is subject to the universal law of impermanence. Therefore, Buddhism does not accommodate the belief in a permanent and indissoluble soul. The belief in a permanent soul is similar to the belief of the 'indivisible' unbreakable atom which was maintained since the time of Plato up to the 20th century. But the atom was split finally. Like the concept of the so-called indivisible atom, the belief in a permanent soul is imaginary without a concrete basis.
လူအများပြားဟာ လူ့ဘဝမှာ ထာဝရတည်တံ့နေမယ့် အဆုံးအစမရှိတဲ့အရာ ရှိတယ်လို့ ယုံကြည်ကြပါတယ်။ မြတ်ဗုဒ္ဓဟောကြားတော်မူတဲ့ တရားတော်မှာ အနတ္တ သို့မဟုတ် အနှစ်သာရမရှိမှုဟာ တတိယ ဘဝလက္ခဏာဖြစ်ပါတယ်။ အရာအားလုံးဟာ မမြဲတဲ့ လောကဥပဒေသကို နာခံရတာပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာက မြဲတယ်၊ ထာဝရမပျက်စီးဘူးဆိုတဲ့ ဝိဉာဉ်အပေါ် ယုံကြည်မှုကို ထည့်သွင်းစဉ်းစားခြင်း မပြုတာဖြစ်ပါတယ်။ ထာဝရမြဲတယ်ဆိုတဲ့ ဝိဉာဉ်အပေါ် ယုံကြည်မှုဟာ Plato ခေတ်ကနေ နှစ်ဆယ်ရာစုအထိ ခံယူထားတဲ့ ခွဲခြားမရနိုင်သည့် အက်တမ်အပေါ် ယုံကြည်မှုနဲ့ အလားတူပါတယ်။ နောက်ဆုံးတော့ အက်တန်ကို ခွဲလို့ရခဲ့တာပါပဲ။ ခွဲခြားမရနိုင်သည့် အက်တမ်လို့ခေါ်တဲ့ အယူအဆလိုပါပဲ ထာဝရမြဲတယ်ဆိုတဲ့ ဝိဉာဉ်အပေါ် ယုံကြည်မှုဟာလည်း ခိုင်လုံသည့် အခြေခံ အကြောင်းရင်းမရှိတဲ့ စိတ်ကူးသက်သက်သာဖြစ်ပါတယ်။