Hindrances for real happiness.
"အစစ်အမှန် စိတ်ချမ်းသာမှု၏ အတားအဆီးများ"
Man experiences stress and suffering because of five psychological states which envelop his whole personality. They are called Nivarana in the Pali language, meaning hindrances. They hinder happiness and overcloud man's vision of himself, his environment and the interaction between the two. The thicker and more strong these hindrances, the greater the stress and suffering man experiences. The thinner and more sparse these hindrances, the less his suffering with a corresponding increase in happiness.
လူဟာ ပင်ကိုယ်စရိုက်မှာ ပါလာတဲ့ စိတ်ဓာတ်ရေးရာ အခြေနေ (၅) မျိုးကြောင့် စိတ်ဖိစီးမှုနှင့် ဆင်းရဲဒုက္ခခံစားရတာပါ။ ပါဠိဘာသာမှာတော့ အပိတ်ပင်အတားဆီးဟု အဓိပ္ပါယ်ရတဲ့ "နီဝရဏ" လို့ ခေါ်ဆိုပါတယ်။ နီဝရဏတရားတွေဟာ စိတ်ချမ်းသာမှုကို တားဆီးပြီး လူနှင့် လူ့ပတ်ဝန်းကျင်အပြင် ထိုနှစ်ခုအကြားက အပြန်အလှန်အကျိုးပြုမှုကိုပါ မမြင်နိုင်အောင် တိမ်ဖုံးသလို ဖုံးထားတာပါ။ တိမ်ပိုထူထပ်ပြီး အပိတ်အပင်အားကြီးလေ စိတ်ဖိဆီးမှုနှင့် ဆင်းရဲဒုက္ခ ပိုခံစားရလေ ဖြစ်ပါတယ်။ တိမ်ကျဲပြီး အပိတ်အပင် အားနည်းလေ စိတ်ချမ်းသာမှု တိုးမြင့်လာခြင်းနှင့်အတူ ဆင်းရဲဒုက္ခခံစားရမှုလည်း သက်သာသွားပါတယ်။
These five hindrances (Nivarana) are the desire for sensual pleasures (Kamacchanda), anger (Byapara), sloth and torpor (Htinamiddha), distraction and remorse (Uddhaccakukkucca), and doubt (Vicikiccha). The Pali Canon illustrates the effect of these hindrances with the help of five similes. The mind overpowered by the desire for sense pleasures is compared to colored water which prevents a true reflection of an object on the water. Thus a man obsessed with the desire for sense pleasuresis unable to get a true perspective of either himself, other people and his environment. The mind oppressed by anger is compared to boiling water which cannot give an accurate reflection. A man overpowered by anger is unable to discern an issue properly.
အပိတ်အပင်အတားအဆီး နီဝရဏ (၅) မျိုးကတော့ ကာမဂုဏ်အာရုံ ခံစားလိုမှု ကာမစ္ဆန္ဒ နီဝရဏ၊ ဗျာပါဒ နီဝရဏ၊ ထိနမိဒ္ဓ နီဝရဏ၊ ဥဒ္ဓစ္စကုက္ကုစ္စ နီဝရဏ၊ ဝိစိကိစ္ဆာ နီဝရဏတို့ ဖြစ်ပါတယ်။ ပါဠိစာပေမှာတော့ ဤနီဝရဏ (၅) ပါးရဲ့ အကျိုးသက်ရောက်မှုကို ဥပမာ (၅) ခု အကူနှင့် သရုပ်ဖော်ထားပါတယ်။ ကာမစ္ဆန္ဒလွှမ်းမိုးခံရတဲ့ စိတ်ကို ရေထဲက အရာဝတ္ထုတစ်ခုရဲ့ အစစ်အမှန်ပုံရိပ် မမြင်ရအောင် တားဆီးထားတဲ့ အရောင်ရှိသည့် ရေနဲ့ ခိုင်းနှိုင်းထားပါတယ်။ အဲဒီလိုပါပဲ ကာမဂုဏ်အာရုံတပ်မက်မှုကို စွဲလမ်းသူဟာ သူ့ကိုယ်သူရော၊ အခြားသူတွေကိုရော၊ သူ့ပတ်ဝန်းကျင်ကိုရော မှန်မှန်ကန်ကန် မမြင်နိုင်တော့ပါဘူး။ ဗျာပါရ ဖိဆီးခံရတဲ့ စိတ်ကိုတော့ ပုံရိပ်တိတိကျကျ မှန်မှန်ကန်ကန် မဖော်ပြတဲ့ ဆူပွက်နေသည့် ရေနှင့် ခိုင်းနှိုင်းထားပါတယ်။ ဒေါသဗျာပါရ လွှမ်းမိုးခံရသူဟာ ကိစ္စတစ်ရပ်ကို မှန်မှန်ကန်ကန် မမြင်နိုင်တော့ပါဘူး။
When the mind is in the grip of sloth and torpor it is like moss covered water: light cannot even penetrate the water and a reflection is impossible. The man sinks into a torpor of laziness does not even make an effort at correct understanding. When the mind is in doubt like turbulent tossed water, which also fails to give a true reflection. The man in distraction and remorse, forever restless, is unable to make a proper assessment of an issue. When the mind is in doubt it is compared to muddy water placed in darkness which cannot reflect an image well. Thus all the five hindrances (Nivarana) deprive the mind of understanding and happiness and cause much stress and suffering.
ထိနမိဒ္ဓခံစားတဲ့ စိတ်ဟာ ရေညှိတက်နေတဲ့ ရေနဲ့တူပါတယ်။ အလင်းရောင်က ရေထဲကို မဖောက်ထွင်းနိုင်ဖြစ်ပြီး ပုံရိပ်ထင်ဖို့ မဖြစ်နိုင်တော့ပါဘူး။ ပျင်းရိထိုင်းမှိုင်းနေသူဟာလည်း မှန်မှန်ကန်ကန် နားလည်အောင် အားထုတ်မှု မပြုတော့ပါဘူး။ မဆုံးဖြတ်နိုင်တဲ့ စိတ်ဟာလည်း မှန်မှန်ကန်ကန် ပုံရိပ်မထင်သည့် လေထန်လို့ လှုပ်ခတ်နေတဲ့ ရေနဲ့တူပါတယ်။ ဥဒ္ဓစ္စကုက္ကုစ္စဖြစ်ပြီး အမြဲတမ်း ဂနာမငြိမ်ဖြစ်နေသူဟာ ကိစ္စတစ်ရပ်ကို မှန်မှန်ကန်ကန် ချင့်ချိန်ဆုံးဖြတ်မှု မလုပ်နိုင်ပါဘူး။ မဆုံးဖြတ်နိုင်တဲ့ စိတ်ကိုတော့ ပုံရိပ်ကောင်းကောင်းမထင်နိုင်သည့် အမှောင်ထဲမှာထားတဲ့ ရွှံ့ရေနဲ့ ခိုင်းနှိုင်းပါတယ်။ ဒီနည်းနဲ့ အပိတ်အပင်အတားအဆီး (နီဝရဏ) ငါးပါးဟာ သိနားလည်တဲ့စိတ်၊ ချမ်းသာတဲ့စိတ်ကို တာဆီးပိတ်ပင်ပြီး စိတ်ဖိဆီးမှုနှင့် ဆင်းရဲဒုက္ခများ ပေါ်ပေါက်စေတာ ဖြစ်ပါတယ်။
Happiness through moral development
ကိုယ်ကျင့်တရားဖွံ့ဖြိုးမှုမှ ရရှိသော စိတ်ချမ်းသာမှု
Buddhism puts forward a methodical plan of action for the gradual elimination of stress and the increase of happiness and understanding. The first step recommended in this plan is the observance of the Five Precepts comprising the abstinence from killing, stealing, illicit sex, falsehood and intoxicants. Stress is greatly enhanced by guilt, and these precepts help man to free his conscience of the sense of guilt.
မြတ်ဗုဒ္ဓက စိတ်ဖိဆီးမှုကို တဖြည်းဖြည်း ဖယ်ရှားပြီး စိတ်ချမ်းသာမှုနှင့် တတ်သိနားလည်မှု တိုးပွားရန်အတွက် ဆောင်ရွက်ရမည့် စနစ်ကျတဲ့ အစီအစဉ်တစ်ရပ် ထုတ်ဖော် မိန့်ကြားတော်မူခဲ့ပါတယ်။ အစီအစဉ်ထဲက ပထမအဆင့်မှာ သတ်ဖြတ်မှုမှ ရှောင်ကျဉ်ခြင်း၊ ခိုးမှုမှ ရှောင်ကျဉ်ခြင်း၊ လူ့စည်းကမ်းချိုးဖောက်သော လိမ်ဆက်ဆံမှုမှ ရှောင်ကျဉ်ခြင်း၊ လိမ်ညာပြောဆိုမှုမှ ရှောင်ကျဉ်ခြင်း။ မူးယစ်သေစာ သောက်စားမှုမှ ရှောင်ကျဉ်ခြင်းများ ပါဝင်တဲ့ ငါးပါးသီလ စောင့်ထိန်းခြင်းဖြစ်ပါတယ်။ လိပ်ပြာမလုံခြင်းဟာ စိတ်ဖိဆီးမှုကို တိုးလာစေပါတယ်။ ဒီကိုယ်ကျင့်သီလများကတော့ လူကို လိပ်ပြာမလုံတဲ့ စိတ်ခံစားမှုမှ လွှတ်မြောက်အောင် အကူညီပေးပါတယ်။
The Dhammapada says the evil-doer suffers here and hereafter; on the other hand, the man who does good deeds rejoices here and hereafter. Buddhism firmly believes that evil increases stress while good increases happiness.
မကောင်းမှု ပြုသူဟာ ဒီဘဝမှာရော နောက်ဘဝမှာပါ ဆင်းရဲဒုက္ခခံစားရတယ်၊ အခြားတစ်ဖက်အနေနဲ့ ကောင်းမှုကုသိုလ် ပြုသူကတော့ ဒီဘဝရော နောက်ဘဝမှာပါ ဝမ်းမြောက်ဝမ်းသာခံစားရတယ်ဟု ဓမ္မပဒဒေသနာတော်မှာ မိန့်ကြားထားပါတယ်။ မကောင်းမှုက စိတ်ဖီးဆီးမှုကို တိုးပွားလာစေတယ်၊ ကောင်းမှုက စိတ်ချမ်းသာမှုကို တိုးပွားလာစေတယ်လို့ ဗုဒ္ဓဘာသာက အခိုင်အမာ ယုံကြည်ပါတယ်။
In addition to the observance of the Five Precepts throughout life, Buddhism advocates the periodical observance of the Eight Precepts by laymen. These additional precepts attempt to train man for leading a simple life catering to one's needs rather than one's greed. A simple life where wants are few and are easily satisfied is highly extolled in Buddhism. It is the avaricious and the acquisitive mentality that is responsible for so much stress that we experience.
ဘဝတစ်လျှောက်လုံး ငါးပါးသီလ စောင့်ထိန်းခြင်းအပြင် ထပ်မံဖြည့်စွက်ထားတာက သာမန်လူများ အခါအားလျော်စွာ ရှစ်ပါးသီလ စောင့်ထိန်းခြင်းကို ဗုဒ္ဓဘာသာက ထောက်ခံပါတယ်။ ဒီဖြည့်စွက်သီလများဟာ လူသားတွေကို လောဘအစား လိုချင်ဆန္ဒကိုသာ ဖြည့်တင်းသည့် ရိုးစင်းတဲ့ ဘဝနဲ့ နေထိုင်ရန် လေ့ကျင့်ပေးဖို့ အားထုတ်တာဖြစ်ပါတယ်။ ရိုးစင်းတဲ့ ဘဝမှာ လိုအင်ဆန္ဒတွေနည်းပါတယ်။ အဲဒီလို လောဘနည်းတဲ့ အလိုဆန္ဒတွေကို ဗုဒ္ဓဝါဒမှာ အထူး ချီးမွှမ်းပါတယ်။ ကျွန်တော်တို့ အလွန်အကျွံ စိတ်ဖိဆီးမှု ခံစားရတာဟာ အလိုရမ္မက်ကြီးတဲ့ ဝိသမလောဘစိတ်က တရားခံဖြစ်ပါတယ်။
Happiness through controlling senses
အာရုံတွေကို ထိန်းချုပ်ရာမှ ရရှိသော စိတ်ချမ်းသာမှု
The next step in the process of training is the control of the sense faculties. When our sense faculties are uncontrolled we experience severe strain. We have to first understand what is meant by being uncontrolled in the sense faculties. When a person sees a beautiful form with his eyes, he gets attracted to it; when he sees an unpleasant object, he rejects it. Similarly with the other senses too. Thus the person who has no control over his senses is constantly attracted to and rejecting sense data and that penetrates his sense faculties constantly.
စိတ်ကို လေ့ကျင့်ပေးတဲ့ လုပ်ငန်းစဉ်ထဲမှ နောက်တစ်ဆင့်က အာရုံခံစားမှုတွေကို ထိန်းချုပ်ခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အာရုံခံစားမှုတွေကို မထိန်းချုပ်ရင် ပြင်းထန်တဲ့ စိတ်ပင်ပန်းမှု ခံစားရပါတယ်။ အာရုံခံစားမှုတွေကို မထိန်းချုပ်ခြင်းဆိုတာ ဘာကိုပြောတာလဲလို့ ကျွန်တော်တို့ အရင်ဆုံး နားလည်ထားရပါမယ်။ လူတစ်ယောက်ဟာ လှတာကို မျက်စိနဲ့ မြင်ရင် အဲဒါကို စိတ်ဝင်စားသွားပါတယ်။ မလှတဲ့အရာကို မြင်ရင် ပယ်ချပါတယ်။ အခြားအာရုံတွေနဲ့ တွေ့ရင်လည်း အလားတူပါပဲ။ အဲလိုအားဖြင့် အာရုံတွေအပေါ် မထိန်းချုပ်သူဟာ အာရုံမှာ ပေါ်လာသမျှ အချက်အလက်တွေကို အဆက်မပြတ် စိတ်ဝင်စားလိုက် ပယ်ချလိုက်ဖြစ်ပါတယ်။ အဲဒါက အာရုံခံစားမှုထဲကို အဆက်မပြတ် ထိုးဖောက်ဝင်ရောက်ပါတယ်။
When pulled in different directions by sense stimuli, we become confused and distressed. Our sense faculties have different spheres of activities and different objects, and as each sense faculty is a lord in its own sphere, and as they can individually and collectively dominate man, they are called in Pali Indriyas, meaning 'lords' or 'masters.'
အာရုံကို လှုံ့ဆော်ပေးခြင်းဖြင့် မတူကွဲပြားတဲ့ အာရုံယူမှုတွေကို ဆွဲဆောင်ရတဲ့အခါ ကျွန်တော်တို့ဟာ စိတ်ရှုပ်ထွေးလာပြီး စိတ်ညစ်မှု ခံစားရပါတော့တယ်။ ကျွန်တော်တို့ရဲ့ အာရုံခံစားမှုတွေမှာ မတူကွဲပြားတဲ့ လှုပ်ရှားမှု နယ်ပယ်တွေနဲ့ မတူကွဲပြားတဲ့ အာရုံတွေရှိပါတယ်။ တစ်ခုစီဟာ သူ့ဆိုင်ရာနယ်ပယ်မှာ အရှင်သခင်ဖြစ်ပါတယ်။ သူတို့က တစ်ခုချင်းအလိုက်ဖြစ်စေ အစုလိုက်ဖြစ်စေ လူကို စိုးမိုးခြယ်လှယ်ပါတယ်။ ယင်းတို့ကို ပါဠိစာပေမှာ စိုးမိုးချယ်လှယ်သူ သို့မဟုတ် အုပ်ချုပ်သူလို့ အဓိပ္ပါယ်ရတဲ့ ဣနြေ္ဒများလို့ခေါ်ပါတယ်။
If we allow the sense faculties to dominate us, we get terribly confused. If we assert ourselves and control our sense faculties, we can have unalloyed pleasure which is uncontaminated by defilements. It is also called spiritual pleasure. Whereas sense pleasures increase stress, this type of spiritual pleasure reduces stressfulness and increases peace of mind and contentment.
တကယ်လို့ အာရုံခံစားမှုတွေက စိုးမိုးခြယ်လှယ်တာကို ကျွန်တော်တို့က ခွင့်ပြုလိုက်ရင် အလွန်အမင်း စိတ်ရှုပ်ထွေးမှု ခံစားရမှာဖြစ်ပါတယ်။ ကျွန်တော်တို့က အလေးဂရုပြုပြီး အာရုံခံစားမှုတွေကို ထိန်းချုပ်ရင်တော့ ကိလေသာတွေနဲ့ ညစ်ညမ်းမှုမရှိတဲ့ အကြွင်းမဲ့ စိတ်ကြည်နူးမှု ခံစားရနိုင်ပါတယ်။ ဒီစိတ်ကြည်နူးမှုကို စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုလို့လည်း ခေါ်ဆိုပါတယ်။ အာရုံအပျော်အပါးတွေက စိတ်ဖိဆီးမှုကို တိုးပွားစေပေမယ့် ဒီစိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုကတော့ စိတ်ဖိဆီးမှုကို လျော့ကျစေပြီး စိတ်အေးချမ်းမှုနှင့် ကျေနပ်နှစ်သက်မှု တိုးပွားလာစေပါတယ်။