The guileful paddy-bird and a tactical crab
"မာယာများသော ဗျိုင်းနှင့် ပရိယာယ်ကြွယ်သော ပုစွန်လုံး"
Once on a time the Bodhisatta came to life in a certain forest-haunt as the Tree-sprite of a tree which stood near a certain lotus-pond. In those days the water used every summer to fall very low in a certain pond, not very big,—which was plentifully stocked with fish. Catching sight of these fish, a certain paddy-bird said to himself, " I must find a way to cajole and eat these fish." So he went and sat down in deep thought by the side of the water.
ရှေးအခါက ဘုရားလောင်းသည် တစ္ဆေခြောက်သော တောအုပ်အတွင်းမှ ကြာကန်တစ်ကန်အနီးရှိ သစ်ပင်တစ်ပင်တွင် ရုက္ခစိုးနတ် ဖြစ်နေခဲ့၏။ ထိုအခါက ငါးများစွာရှိနေသော ထိုရေကန်ထဲသို့ နွေရာသီတွင် ရေအနည်းငယ်သာစီးဝင်၏။ ရေများများ မဝင်ပေ။ ဗျိုင်းတစ်ကောင်သည် ထိုငါးများကို မြင်တွေ့ပြီး "ချော့မော့မြှောက်ပင့်တဲ့ နည်းလမ်းရှာပြီး ဒီငါးတွေကို ငါ စားရမယ်" ဟု ရေရွတ်နေ၏။ ထို့နောက် ရေကမ်းစပ်သွားပြီး နက်နက်နဲနဲတွေးရင်း ထိုင်နေခဲ့သည်။
Now when the fishes caught sight of him, they said, "Of what are you thinking, my friend, as you sit there?" "I am thinking about you," was the reply. "And what is friend thinking about us?" "The water in this pool being low, food scarce, and the heat intense,—I was wondering to myself, as I sat here, what in the water you fishes would do."
"And what are we to do, my friend"
"Well, if you'll take my advice, will take you up one by one in my beak, and carry you all off to a fine large pool covered with the varieties of lotuses, and there put you down."
ငါများက သူ့ကို မြင်သောအခါ "အဲဒီမှာထိုင်ပြီး ဘာတွေတွေးနေတာလဲ မိတ်ဆွေ" ဟု မေးမြန်းကြ၏။
"ကျွန်ုပ် သင်တို့အကြောင်းကို တွေးနေတာ" ဟု ဗျိုင်းက ပြန်ပြောသည်။
"ကျွန်တော်တို့နဲ့ ပတ်သက်ပြီး ဘယ်လိုအကြောင်းကို မိတ်ဆွေက တွေးနေတာလဲ"။
"ဒီရေကန်ထဲက ရေတွေ နည်းနည်းလာတာ၊ စားစရာလည်း ရှားပါးလာတာ၊ အပူချိန်လည်း ပြင်းထန်လာတာနဲ့ပတ်သက်ပြီး ရေထဲကငါးတွေ ဘာလုပ်ကြမှာပါလိမ့်လို့ ကျွန်ုပ်တစ်ဦးတည်း ဒီမှာထိုင်စဉ်းစားနေတာပါ"။
"ကျွန်တော်တို့ ဘယ်လိုလုပ်ရမလဲ မိတ်ဆွေ"။
"ကောင်းပြီ ကျွန်ုပ်ပေးတဲ့ အကြံဉာဏ်ကို သင်တို့ လက်ခံမယ်ဆိုရင် သင်တို့ကို ကျွန်ုပ်ရဲ့ နှုတ်သီးနဲ့ တစ်ကောင်ပြီးတစ်ကောင် ကိုက်ချီသွားမယ်။ ပြီးရင် ကြာမျိုးပေါင်းစုံနဲ့ ဝေဆာနေတဲ့ သာယာသော ရေကန်ကြီးဆီ ခေါ်ဆောင်သွားပြီး ထည့်ထားပေးမယ်"။
"My friend," said they, "no paddy-bird ever took the slightest thought for fishes since the world began. Your desire is to eat us one by one."
"No; I will not eat you while you trust me," said the paddy-bird. "If you don't take my word that there is such a pond, send one of your number to go with me and see for himself."
Believing the paddy-bird, the fish presented to him a great big fish who they thought would be a match for the paddy-bird whether afloat or ashore ; and they said, " Here's the one to go with you."
"မိတ်ဆွေ ကမ္ဘာဦးအစကထဲက ဘယ်ဗျိုင်းကမှ ငါးတွေအတွက် အနည်းငယ်မျှ စဉ်းစားပေးခဲ့တာမရှိဘူး။ သင့် ဆန္ဒဟာ ငါတို့ကို တစ်ကောင်ပြီး တစ်ကောင် စားလိုတာပဲဖြစ်ရမယ်"။
"မဟုတ်ပါဘူး ကျွန်ုပ်ကို ယုံကြည်တယ်ဆိုရင် မစားပါဘူး။ ထိုရေကန်ကြီး ရှိတယ်ဆိုတဲ့ ကျွန်ုပ်စကားကို မယုံရင် သင်တို့ထဲက တစ်ကောင်လိုက်လာပြီး ကိုယ်တိုင်ကြည့်ဖို့ ကျွန်ုပ်နဲ့အတူ ထည့်လိုက်ပါ" ဟု ဗျိုင်းက ပြောဆိုသည်။
ငါးများသည် ဗျိုင်းပြောသည်ကို ယုံကြည်သွားပြီး ရေထဲမှာဖြစ်စေ ကုန်းပေါ်မှာဖြစ်စေ နေနိုင်သော ဗျိုင်းနှင့်အဆင်ပြေမည်ဟု ယူဆသည့် ငါးကြီးတစ်ကောင်ကို ပြပြီး "သင်နဲ့ အတူလိုက်မယ့် ငါးပဲ" ဟု ဆိုကြ၏။
The paddy-bird took the fish off" and put him in the pool, and after shewing him the whole extent of it, brought him back again and put him in along with the other fish in his old pond. And he held forth to them on the charms of the new pool. After hearing this report, they grew eager to go there, and said to the paddy-bird, " Very good, my friend; please take us there."
First of all, the paddy-bird took that big fish again and carried him off" to the edge of the pool, .so that he could see the water, but actually alighted in a tree which grew on the bank.
ဗျိုင်းသည် ထိုငါးကို ခေါ်သွားပြီး ရေကန်အတွင်း ချပေးလိုက်၏။ ရေကန်တစ်ခွင်လုံးကို ပြပြီးနောက် ပြန်ခေါ်လာကာ ကန်အဟောင်းအတွင်းသို့ အခြားငါးများနှင့်အတူ ပြန်ထာပေးလိုက်သည်။ ပြီးလျှင် ရေကန်၏ သာယာလှပပုံကို ငါးများအား လေကျောရှည်ရှည် ရှင်းပြလိုက်သည်။ ဤသတင်းစကားကို ကြားရပြီးနောက် ရေကန်ဆီသို့ သွားလိုသောဆန္ဒ ကြီးထွားလာပြီး "ကောင်းပါပြီ မိတ်ဆွေ ကျွန်တော်တို့ကို အဲဒီပို့ပေးပါ" ဟု ဗျိုင်းကို တောင်းဆိုကြ၏။ ဗျိုင်းသည် စောစောက အကောင်ကြီးကြီး ငါးကိုပင် ပထမဆုံး ကိုက်ချီပြီး ရေများကို မြင်နိုင်ရန် ရေကန်အစပ်သို့ သည်ဆောင်လာခဲ့၏။ အမှန်တော့ ကမ်းပေါ်တွင် ပေါက်နေသော သစ်ပင်ပေါ် နားခဲ့ခြင်းဖြစ်သည်။
Dashing the fish down in a fork of the tree, he picked at it to death,—after which he picked him clean and let the bones fall at the foot of the tree. Then back he went and said, " I've thrown him in ; who's the next? " And so he took the fish one by one, and ate them all, till at last when he came back, he could not find another left. But there was still a crab remaining in the pond; so the paddy-bird, who wanted to eat him up too, said, "Mister crab, I've taken all those fishes away and turned them into a fine large pool covered all over with lotuses. Come along; I'll take you too."
ငါးကို သစ်ပင်ခွကြားသို့ တစ်ဟုန်ထိုးချီပြေးပြီး အသေထိုးဆိတ်လိုက်သည်။ အပြတ်ရှင်းပြီးနောက် ငါးရိုးများကို သစ်ပင်ခြေရင်းသို့ ပစ်ချခဲ့၏။ တစ်ဖန် ပြန်သွားပြီး "ကျွန်ုပ် သူ့ကို ရေကန်ဆီ ပို့ခဲ့ပြီ၊ နောက်ထပ် ဘယ်သူ့ကို ပို့ပေးရမလဲ" ဟု မေးလိုက်၏။ ဒီလိုနှင့် ငါးတစ်ကောင်ပြီး တစ်ကောင် ကိုက်ချီသွားပြီး အားလုံးကို စားပစ်လိုက်သည်။ နောက်ဆုံးခေါက် ပြန်လာသောအခါ ငါးတစ်ကောင်မျှ မကျန်တော့ပေ။ သို့သော် ရေကန်ထဲတွင် ပုစွန်လုံးတစ်ကောင် ကျန်ရှိနေ၏။ သို့အတွက် ပုစွန်ကိုပါ စားလိုသော ဗျိုင်းက "မစ္စတာ ပုစွန်ခင်များ ကျွန်တော် ငါးအားလုံးကို ကိုက်ချီသွားပြီး ကြာပန်းတွေ ဖုံးအုပ်နေတဲ့ လှပ ကျယ်ဝန်းသော ရေကန်ထဲသို့ ရွှေ့ပြောင်းပေးပြီးပါပြီ။ ကျွန်တော်နဲ့ အတူလိုက်ခဲ့ပါ။ သင်ကိုလည်း ပို့ပေးပါမယ်" ဟု ဆို၏။
"How will you carry me there" said the crab.
"Why, in my beak, to be sure," said the paddy-bird.
"Ah, but you might drop me like that," said the crab; "I won't go with you."
"Don't be frightened; I'll keep tight hold of you all the way."
Thought the crab to himself, "He hasn't put the fish in the pool. But, if he would really put me in, that would be capital. If he does not,—why, I'll nip his head off and kill him."
"ကျွန်တော့်ကို ဘယ်လိုနည်းနဲ့ အဲဒီခေါ်သွားမှာလဲ" ဟု ပုစွန်ကမေး၏။
"စိတ်ချရအောင် ကျွန်တော့်ရဲ့ နှုတ်သီးနဲ့ ကိုက်ချီမှာပါ" ဟု ဗျိုင်းက ပြန်ဖြေ၏။
"အယ် အဲလိုဆိုရင် ကျွန်တော် ပြုတ်ကျမှာပေါ့။ သင်နဲ့ မလိုက်တော့ဘူး" ဟု ပုစွန်ကဆို၏။
"မကြောက်ပါနဲ့။ တစ်လမ်းလုံး မြဲမြဲ ကိုက်ထားမှာပါ"။
"သူ ငါးတွေကို ရေကန်ထဲ မပို့လောက်ဘူး။ အကယ်၍ ငါ့ကို ရေကန်ထဲပို့ပေးရင်တော့ အလွန်ကောင်းတာပေါ့။ မပို့ပေးဘူးဆိုရင် သူ့ခေါင်းကို ညှပ်ပီး သတ်လိုက်မယ်" ဟု ပုစွန်က တစ်ကောင်တည်း စဉ်းစား၏။
So he spoke thus to the paddy-bird, " You'd never be able to hold me tight enough, friend paddy-bird whereas we crabs have got an astonishingly tight grips. If I might take hold of your neck with my claws, I could hold it tight and then would go along with you."
Not suspecting that the crab wanted to trick him, the paddy-bird gave his assent. With his claws the crab gripped hold of the paddy-bird's neck as with the pincers of a smith, and said, " Now you can start."
ထိုသို့ စဉ်းစားပြီး ဗျိုင်းအား "သင် ကျွန်တော့်ကို မြဲမြဲ ချီသွားနိုင်မှာမဟုတ်ဘူး၊ အဆွေဗျိုင်း ကျွန်တော်တို့ ပုစွန်တွေမှာ အလွန်အံ့အားသင့်လောက်အောင် မြဲတဲ့ ဆုပ်ကိုင်နည်းတွေရှိတယ်။ ကျွန်တော့်ရဲ့ ညှပ်တွေနဲ့ သင့်ရဲ့ လည်ပင်းကို ကိုင်လိုက်လို့ရရင် ကျွန်တော် မြဲမြဲမြံမြံ ကိုင်ထားပြီး သင်နဲ့ လိုက်လာခဲ့မယ်" ဟု တောင်းဆိုသည်။ ပုစွန်က သူ့ကို ပရိယာယ်ဆင်သည်ဟု သံသယမဝင်သည့်အတွက် ဗျိုင်းသည် သဘောတူလိုက်၏။ ပုစွန်သည် ပန်းပဲသမား၏ သံညှပ်များကဲ့သို့သော ညှပ်မများဖြင့် ဗျိုင်း၏ လည်ပင်းကို ဆုပ်ကိုင်လိုက်ပြီး "ကဲ သင် စထွက်ခွာလို့ရပြီ" ဟု ပြောလိုက်သည်။
The paddy-bird took him and shewed him the pool first, and then started off for the tree.
"The pool lies this way, friend," said the crab; "but you're taking me the other way."
I suppose you thought me your slave to lift you up and carry you about ! Just you cast your eye on that heap of bones at the foot of the tree ; as I ate up all those fish, so I will eat you too."
ဗျိုင်းသည် ပုဇွန်ကို ခေါ်သွားပြီး ရှေးဦးစွာ ရေကန်ကို ပြသ၏။ ထို့နောက် သစ်ပင်ဆီ စတင်ထွက်ခွာလိုက်သည်။
မိတ်ဆွေ ရေကန်က ဒီဘက်မှာရှိတယ်၊"၊ သင်က ကျွန်တော့်ကို အခြားနေရာကို ခေါ်သွားနေတယ်" ဟု ပုစွန်က ပြောလိုက်သည်။
သင်က ကျွန်တော့်ကို သင့်ရဲ့ ကျွန်လို့သဘောထားပြီး ချီမခိုင်းတယ်၊ ဟိုဟိုဒီဒီ ခေါ်သွားခိုင်းတယ်လို့ ယူဆတယ်။ သစ်ပင်ခြေရင်းက ဟို အရိုးပုံ ကြည့်လိုက်။ ငါးအားလုံးကို ကျွန်တော်စားပစ်လိုက်သလို သင့်ကိုလည်း စားမယ်။
Said the crab, "It was through their own folly that those fish were eaten by you ; but I shan't give you the chance of eating me. What I shall do is to kill you. For you, fool that you were, did not see that I was tricking you. If we die, we will both die together; I'll chop your head off." And so saying he gripped the paddy-bird's neck with his claws tightly. With his mouth wide open, and tears streaming from his eyes, the paddy-bird, trembling for his life, said, "Friend indeed I will not eat you! Spare my life!"
" Well, then, just step down to the pool and put me in," said the crab.
သူတို့ရဲ့ မိုက်မှုကြောင့် ငါးတွေဟာ သင် စားတာခံလိုက်ရတာ။ ကျွန်တော့်ကို စားခွင့်တော့ သင် မရဘူး။ ကျွန်တော်ကသာ သင့်ကို သတ်လို့ရတာ။ သင်ဟာ အလွန် မိုက်မဲသူပဲ။ ကျွန်တော် ပရိယာယ်ဆင်တာကို သင် မသိခဲ့ဘူး။ သေမယ်ဆိုရင်တောင် ကျွန်တော်တို့ နှစ်ကောင်လုံး အတူ သေစေရမယ်။ သင့် ခေါင်းကို ကျွန်တော် ညှပ်ဖြတ်ပစ်လိုက်မယ်။ ထိုသို့ ပြောပြီး ဗျိုင်း၏ လည်ပင်းကို ညှပ်မများဖြင့် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်၏။ ဗျိုင်းမှာ မျက်လုံးမှ မျက်ရည်များစီးကျလာပြီး အသက်ဘေးမှ စိုးရိမ်ထိပ်လန့်သွားကာ "မိတ်ဆွေ ကျွန်ုပ် သင့်ကို မစားပါဘူး။ ကျွန်ုပ်အသက်ကို ချမ်းသာပေးပါ" ဟု ပါးစပ်ပြဲနှင့် တောင်းပန်ရှာ၏။
"ကောင်းပြီ ဒီလိုဆို ကျွန်ုပ်ကို ရေကန်မှာချပီး ရေထဲ လွှတ်ပေးပါ" ဟု ပုစွန်က တောင်းဆို၏။
Then the paddy-bird turned back and stepped down as directed to the pool, and placed the crab on the mud, at the water-edge. But the crab, before entering the water, nipped off the paddy-bird's head as deftly as if he were cutting a lotus stalk with a knife. The Tree-fairy who dwelt in the tree, marking this wonderful thing, made the whole forest ring with applause repeating this stanza in sweet tones :
ထိုအခါမှ ဗျိုင်းသည် ပြန်လှည့်ပြီး ဦးတည်လာသည့် ရေကန်တွင် ချပေးကာ ရေစပ်မှ ရွှံပေါ်သို့ ပုစွန်ကို တင်ပေးတော့သည်။ ပုစွန်သည် ရေထဲမဆင်းခင် ကြာရိုးကို ဓားဖြင့် ပိုင်ပိုင်နိုင်နိုင် ဖြတ်သကဲသို့ ဗျိုင်း၏ ခေါင်းကို ညှပ်ဖြတ်လိုက်လေသည်။ ဤအံ့သြဖွယ် အဖြစ်ပျက်ကို သတိပြုမိသော သစ်ပင်ပေါ်မှ ရုက္ခစိုးနတ်သည် တစ်တောလုံးကို လက်ခုတ်သံဖြင့် ပဲ့တင်ထပ်စေလျှက် ဤဂါထာကို အသံသာသာ ကျူးရင့်လေ၏။
Guile profits not your very guileful folk.
Mark the guileful paddy-bird got nothing from the crab!
မာယာသည် အလွန် မာယာများသူကို အကျိုးအမြတ်မရစေပါ။
မာယာများသော ဗျိုင်းသည် ပုစွန်ထံမှ ဘာမှရမသွားကြောင်း သတိပြုပါ။