❆ ❆ ❆

aakk(38)
Published in
#esteem
Words
188
Reading
1 min
Listen
Play
9y

"ကျောက်စရစ်ကုန်း သဲကုန်း ဖုန်းဆိုးမြေတွေမှာ သစ်သီးဝလံ များ အောင်မြင်စွာ စိုက်နည်း"
image
မြေ​ရွေးတဲ့ ဘယ်​အပင်​အမျိုးအစားမဆိုစိုက်​ရပါတယ်
မြေ​ရွေးလို့ စိုက်​မရဘူးတဲ့..လာ..?
မတူကွဲပြားခြားနား​သော .ဒ.သ.န
အဓိ​ပြောပြချင်​တာက ​မြေအမျိုးအစား​ရွေးလို့ မိမိစိုက်​ပျိုးချင်​တဲ့ အပင်​.စိုက်​မရဘူးဆိုတာ မရှိပါဘူး.
ကျွန်​​တော်​တို့်​ ဒီ​မြေအမျိုးအစား​ရွေးတဲ့ အပင်​​တွေစိုက်​မရလို့ မစိုက်​ရတဲ့ ပြသနာကို ..
နည်းစနစ်​ပိုင်း နဲ့ ​ဖြေရှင်းကျရ​အောင်​..

မြေချဉ်​ .​မြေငန်​ ​ရွေးစရာမလိုပါဘူး..

ပြသနာက ကျွန်​​တော်​တို့ ​ဒေသ​မြေဆိုရင်​ ကွမ်းရွက်​ပင်​စိုက်​မရဘူး သဲဆန်​ပြီး ထုံးဓာတ်​များတဲ့ ​မြေအမျိုးအစားဆိုပါ​တော့..မညံ့အမျိုးအစားတခုပါပဲ..

ဒါကိုကျွန်​​တော်​တို့ စနစ်​ပိုင်းနဲ့​ဖြေရှင်းရပါမယ်​.
အပင်​မကြိုက်​တဲ့ ​မြေအမျိုးအစားမှာ ..
မြေချမစိုက်​ဘူး​ပေါ့ ရှင်းရှင်း​လေးရယ်​..

ကောင်းပြီ သူကြိုက်​တဲ့ ​မြေအမျိုးအစားကိုလဲ ကိုက လိုက်​ရှာစိုက်ဖို့မလိုဘူး..

အပင်​တိုင်းမှာ တူညီတဲ့ အချက်​တခုရှိတယ်​..
ဒါက​တော့ ..နွားချီးပါပဲ..
နွားချီးမကြိုက်​တဲ့ အပင်​မရှိပါဘူး..
ကောင်းပြီ ကျွန်​​တော်​တို့ သူကြိုက်​တဲ့ ​မြေအမျိုးအစားတခု ဖန်​တီးမယ်​..

သစ်​ရွက်​အစိမ်းဘာသစ်​ရွက်​ဖြစ်​ဖြစ်​ရတယ်
မြက်​ မြက်​ဆိုတဲ့​နေရာမှာ ထိုမြက်​ကို
ယူမယ်​ဆိုရင်​ အ​စေ့နုချိန်​ အ​စေ့မ​အောင်​မယ့်
နုနု ​တွေ​ပေါ့..
အစိမ်း​ရောင်​ရှိတဲ့ ဘယ်​မျက်​အမျိုးအစားမဆို များများ
ဆု​ဆောင်းပါ..
နောက်​ ​ကောက်​ရိုး..အ​မှော်​ သိပါလိမ့်​မယ်
စပါး​ချွေပြီးရင်​ ​ကောက်​ရိုး အကြိုးအ​ကြေ​တွေ​ပေါ့..
တခြား အစိမ်း​ရောင်​ရှိတဲ့ ဘယ်​ရွက်​ အမျိုးအစားမဆို
စု​ဆောင်းပါ..
ဒါ​တွေ များများရပြီဆိုရင်​..
ကျွန်​​တော်​တို့ သစ်​​ဆွေး​မြေသြဇာလုပ်​ပါမယ်​..
(​မြေ​ဆွေးလို့လဲ ​ခေါ်ပါတယ်​)

စု​ဆောင်းထားတဲ့ အစိမ်း​ရောင်​ရှိတဲ့ အရွက်​ အပင်​​တွေ ကို

စု​ဆောင်းထားသ​လောက်​ ..ဝင်​ဆန့်​မယ်
မြေ ကြွင်း တူးပါ..

တူးပြီးပြီးဆိုရင်​ ခုနစု​ဆောင်းထားတဲ့ ဟာ​တွေ
ကြွင်းထဲထည့်​ပါ..
ခြေ ​ထောက်​နဲ့ ကြပ်​​နေ​အောင်​နင်း

ထည့်​ပြီးပြီးဆိုရင်​ အ​ပေါ်ယံမှာ
နွားချီး အဆို..6လက်​မခန့်​ အညီ ထည့်​ပါ..

ပြီးရင်​ ထိုနွားချီး​ပေါ်မှာ မိုးကာစ ဖြစ်​ဖြစ်
ပလာစတိတ်​စ ဖြစ်​ဖြစ်​ ကြွင်းအကျယ်​ ရှိသ​လောက်
ဖုံးအုပ်​ပါ..
နွားချီးဟာ ​မြေပြင်​နဲ့ ​တညီထဲ ဖြစ်​​နေပါ​စေ..

၂လ ​လောက်​ဆိုရင်​ ​မြေကွင်း.နိမ့်​ဆင်းသွားတာကို မြင်​​တွေ့ရမှာဖြစ်​ပါတယ်
ဒါဆိုကျွန်​​တော်​တို့ သစ်​​ဆွေး​မြေသြဇာရပါပြီ..
(သတိထားရန်​)မိုးတွင်းကာလပြုလုပ်​ပါက
ရေမဝတ်​မယ့်​​နေရာ ခပ်​မြင့်​မြင့်​ မှာလုပ်​ရပါမယ်
အမိုး မိုး​ပေးရပါမယ်​...

ဆက်​ပါအုံးမယ်​..
သစ်​​ဆွေး ​မြေသြဇာရပြီဆို​တော့.
ကြွင်းထဲက ထုတ်​ယူပြီး..

စိုက်​​မြေအဖြစ်​သုံးရန်​ ​မြေစပ်​ပါမယ်​..
နွားချီး အ​ခြောက်​..၂
သစ်​​ဆွေး​မြေသြဇာ..၃
ဖွဲပြာ..၁
စံပါးခွန်းဖွဲ..၁

အချိုးကျကျ ​ရောစပ်​ပါ..

ဒီစပ်​​မြေ ​ကို မကြိုက်​တဲ့ အပင်​ဆိုတာလုံးဝမရှိပါဘူး..

သူကြိုက်​တဲ့​မြေ​တော့ အဆင်​​ပြေသွားပြီ.

ဒီ​မြေ ကို ထိန်းသိမ်းဖို့..

နှစ်​ရှည်​အပင်​​တွေအတွက်​ ..​ကျောက်​​ခွေ
လတိုပင်​​တွေ အတွက်​ ..အိပ်​ ..ဗုံး

ဒီစနစ်​နဲ့ စိုက်​ပျိုးရပါမယ်​..

မြေ​ရွေး လို့ စိုက်​မရဘူး..
ဘယ်​သူ​ပြောမလဲ?
image

aakk@aakk

❆ ❆ ❆ | Ecency