ရွှေကျင်နိကာယဂဏသမုဋ္ဌာပက ပထမရွှေကျင်ဆရာတော်ဘုရားကြီး၏ သူတော်ကောင်း၊ မသူတော်တို့နှင့်စပ်သည့် ဩဝါဒ
Moral maxims related to virtuous and vicious persons of the most Venerable Shwekyin Sayadaw (First Founder of The Shwekyin Group)
{} သူကန်း မှန်အိမ်ဆောင်လျှင် ညဥ့်အခါ သူကောင်းဝင်၍မတိုး။
Nobody will bump on a blind man carrying a lamp at night.
မသူတော် တရားသံပါလျှင် လူလယ်တွင် လူတကာ အပြစ်မမြင်နိုင်။
Everybody can forgive the faults of a vicious man, if he talks only hot air related with dhamma.
{} နားထိုင်းစောင်းသမား မိမိစောင်းသံ မကြားသော်လည်း တီးခရသည်။
A deaf harpist gets fees for his performance although he hears not his own music.
မသူတော်ဓမ္မကထိက မိမိတရားသံကို မကြားသော်လည်း ဟောခရသည်။
A shameless person gets fees for his dhamma talk although he pays no regard to what he talks.
တရားဟောတတ်လျက် မကျင့်တတ်လျှင် မျောက်အုန်းသီးရသည်နှင့်တူသည်။
A person who is able to preach dhamma talk resembles a monkey in possession of a coconut, unless he practises as he talks.
{} သစ်ပင်ကြီးသည် ခုတ်လှဲသူသော်လည်း မလဲမချင်း အရိပ်ဖြင့် အေးစေသည်။
A big tree provides a cool shade even to its cutter before it is felled down.
နံ့သာတုံးသည် မီးရှို့သူကိုသော်လည်း မကျွမ်းမချင်း အနံ့ဖြင့် မွှေးစေသည်။
A piece of sandal-wood spreads fragrant scent out even to one who burns it until it gets burnt out.
သူတော်ကောင်းသည် ညှဉ်းဆဲသူကိုသော်လည်း မသေမချင်း အကျိုးဆောင်သည်။
The virtuous man carries out benefits of even one who tortured him until he dies.
{} သမုဒ္ဒရာရေ မီးကြောင့် မကျွမ်း။
The ocean cannot be burnt out by the fire.
မြင်းမိုရ်တောင် လေကြောင့် မလှုပ်။
Mt.Meru cannot be shaken by the wind.
ကျောက်ခဲ ရေကြောင့် မကျေ။
The stone cannot be dissolved in water.
သူတော်ကောင်း မသူတော်ကြောင့် မတုန်လှုပ်။
A virtuous person cannot be ruffled by a vicious one.
{} မသူတော်အမျက်ကြောင့် သူတော်ကောင်း ဂုဏ်ပျက်မခံ။
The good reputation of a virtuous man never wither, due to a vicious man's anger.
{} သူတော်ကောင်း အမျက်ထွက်လျှင် မသူတော် အလိုပြည့်သည်။
If a virtuous man loses his temper, it is just what a vicious man desires.
{} မသူတော်အကျင့်သည် အများ၏စိတ်ကို ပျက်စေ၏။ သူတော်ကောင်း၏စိတ်ကို မပျက်စေနိုင်။
By his misconduct, a vicious man distresses all but not the virtuous.
သူတော်ကောင်း၏အကျင့်သည် အများ၏စိတ်ကို နှစ်သက်စေ၏။ မသူတော်၏စိတ်ကို မနှစ်သက်စေနိုင်။
By his conduct, a vicious man delights all but not the vicious.
{} ဘုရားရှင်သည် မြင်းမိုရ်တောင်ကို သမုဒ္ဒရာရေမှ ထုတ်နိုင်၏။ မသူတော်ကို ဒုစရိုက်မှ မထုတ်နိုင်။
The Buddha is capable of lifting Mt.Meru out of the ocean, but not vile one out of his evils.
မြွေဘေးမှ ဆေးဝါးမန္တရားဖြင့် တားနိုင်၏။
Danger of snake can be averted by spells.
မသူတော်မှ ဟန့်တားနိုင်သော ဆေးဝါးမန္တရားမရှိ။
There is no charm for protection against the vicious one.
{} ခြင်္သေ့သည် ကျားကိုနိုင်၏။ ကိုယ်တွင်းက ခွေးလှေးသန်းကို မနိုင်။
A lion overcomes a tiger but not flea on his body.
မသူတော်သည် သူတော်ကောင်းကို နိုင်၏။ ကိုယ်တွင်းက အကုသိုလ်ကို မနိုင်။
A vicious one overcomes the virtuous but not unwholesome actions of himself.
မသူတော်သည် သုခကြိုက်လျက် နတ်ပြည်မတက်။ ဒုက္ခမုန်းလျက် ငရဲဆင်းရ၏။
Vicious one, preferring agreeable feeling, is unable to reach heaven. Although he dislikes disagreeable feeling vicious one plunges into the hell.
{} မသူတော်သည် မိမိကို မေတ္တာရှိသော သူတော်ကောင်းကို ပြစ်မှားနိင်၏။
Vicious one usually does misconduct on virtuous one who always shares loving-kindness for him.
သူတော်ကောင်းသည် မိမိအား မေတ္တာပျက်သော မသူတော်ကို ချစ်နိုင်၏။
Virtuous one is able to share loving-kindness to vicious one who bears hatred for him.
{} မသူတော်ကား လာဘ်ရဖို့ ကြံ၏။
Vicious one usually tries to attain worldly gains, name and fame.
{} သူတော်ကောင်းကား တရားရဖို့ ကြံ၏။
Virtuous one always strives to attain the Supra-mundane knowledge (lokuttara ñãna).
သူတော်နှင့် မသူတော်သည် ရှေးကံအကြောင်းလည်း ဝေး၏။ ယခုအကျင့်လည်း ဝေး၏။ နောင်လားရာဂတိလည်း ဝေး၏။
Far apart are the virtuous and the vicious in previous actions (kamma) in present conducts and in future destination of existence.
{} မသူတော်သည် အစားကောင်းစားလျက် အိပ်ရာကောင်းအိပ်လျက် တရားမှ လက်လွတ်၏။
The vicious one enjoys having delicious foods and taking good beds, but not the fruits of dhamma.
ဘောဇဉ်အရသာ သူနာ မခံစား။
The taste of nutriment cannot be recognized by one's appetite impaired.
နိဗ္ဗာန်အရသာ မသူတော် မခံစား။
The taste of deliverance (vimutti) cannot be realized by one's appetite in sensual pleasure.
{} ဘုရားရှင်သည် မြင်းမိုရ်တောင်ကို ဖဝါးအောက် ရောက်စေနိုင်၏။ ပုရာဏကဿပကို အနားရောက်အောင် မတတ်နိုင်။
The Supreme Buddha is able to put Mt.Meru near but not approach of Purãna Kassapa to cheer.
{} ခြင်္သေ့မင်းဟောက်သံကို ကြားလျှင် ဘေးကင်းရာသို့ အများပြေးဝင်ကြ၏။ ခွေးလှေးကြမ်းပိုးကား အိပ်ရာမှပင် မနိုး။
When the king lion roars animals run away for safety but fleas remain fast asleep.
ဘုရားရှင်၏ တရားသံကို ကြားလျှင် နိဗ္ဗာန်သို့ အများပြေးဝင်ကြ၏။ မသူတော်ကား အိပ်ရာမှ မနိုး။
When the virtuous people heard the Dhamma talked by the Supreme Buddha they entered into the Nibbãna, however the vicious person sleeps forever in Samsãra(rounds of rebirth) .
{} ကျင်ကြီးသည် နွေးသည်ဖြစ်စေ အေးသည်ဖြစ်စေ၊ အဆင်းလှသည်ဖြစ်စေ မလှသည်ဖြစ်စေ ရွံဖွယ်သာတည်း။
Excrement is very loathsome, whether warm or cold, colourful or not.
မသူတော်သည် အမျက်ထွက်သည်ဖြစ်စေ မထွက်သည်ဖြစ်စေ၊ စကားလှသည်ဖြစ်စေ မလှသည်ဖြစ်စေ ရွံဖွယ်သာတည်း။
Vicious one is very loathsome, whether angry or not, speech politely or not.
{} မီးခဲသည် ပူသောအခါ လက်လောင်၏။ အေးသောအခါ လက်ကို မည်းစေသည်။
An alive charcoal burns one's fingers and blackens them when cold.
မသူတော်သည် ဒေါသအခါ ကြောက်စရာ။ လောဘအခါ ရွံစရာဖြစ်၏။
Vicious one is dreadful when angry, repugnant when greedy.
{} အရှင်မဟာမောဂ္ဂလာန်သည် မြေကို အထက်အောက် လှန်နိုင်၏။ မသူတော်၏ အကြံကို မလှန်နိုင်။
The most Venerable Moggalãna was able to turn the earth upside down, but not intention of his murderers.
{} ခွေးရူးကိုက်လျှင် ထိုသူ ရူး၏။
If anyone is bitten by a rabid dog, he becomes rabies.
ထိုသူ ကိုက်လျှင် နောက်လူ ရူး၏။
If he bites another, the next one becomes rabies too.
ခွေးရူးသည် လူကောင်းအဆက်ဆက်ကို ရူးစေ၏။
A rabid dog can cause rabies one person after another successively.
မသူတော်သည် သူတော်ကောင်းအဆက်ဆက်ကို ယုတ်မာစေ၏။
A vicious one can cause inferiority of virtuous persons successively.
{} ကောင်းကင်ကို ဈာန်တန်ခိုးဖြင့် နိုင်၏။
Psychic knowledge (abhiñãna) overcomes the sky.
သမုဒ္ဒရာကို လှေ၊သင်္ဘောဖြင့် နိုင်၏။
Boat overcomes the sea.
အမိုက်မှောင်ကို ဆီမီးဖြင့် နိုင်၏။
Candle light overcomes darkness.
မသူတော်ကို အဘယ်နည်းဖြင့် နိုင်မည်နည်း။
Which mean can overcome the vicious?
{} ငရဲကြီးရှစ်ထပ်ကို ကမ္ဘာဖျက်မီး ကျွမ်းစေ၏။
The disaster of earth's fire can burn out eight realms of the hell.
မြေကြီးအထုကို ကမ္ဘာဖျက်ရေ ကြေမွစေ၏။
The disaster of earth's water can crush out the earth.
မြင်းမိုရ်တောင်ကို ကမ္ဘာဖျက်လေ လွင့်စေ၏။
The disaster of earth's wind can spread out Mt.Meru.
မသူတော်ကို ဘယ်သူဘယ်သို့ ဖြစ်စေနိုင်သနည်း။
Who can make the vicious one to what kind of person?
{} မသူတော်ဟူသမျှသည် သံသရာ၌ မိဘဆွေမျိုး တော်စပ်ဖူး၏။
Every one had experience as relatives of all kinds of vicious people in infinite rounds of rebirth (samsãra).
မသူတော်ကို အမှီပြုလျှင် မသူတော်သာဖြစ်သည်။ ကျား၏သား သမင်မဖြစ်။
An associate of the foolish becomes foolish. He cannot become otherwise just as a cub of tiger cannot turn into a deer.